မန်းမဟော်သဓာ ပြန်လည် စတင်တော့မည်
~~~~~~~~~~~~~~~~~~~~~~~~~~~
မန္တလေး ဧပြီ ၁၂
NLDအစိုးရမှ ဥပဒေနှင့်မညီ
အာဏာဖြင့်အနိုင့်အထက်ပြုပြီး တရားစွဲဆိုခဲ့သော
မန်းမဟော်သဓာ
အမျိုးသားရေး အခမဲ့ကိုယ်ပိုင် အထက်တန်းကျောင်းတော်ကြီး
ဖြစ်မြောက်ရေး ဗဟိုကော်မတီမှ အဖွဲ့ဝင်များကို အမူရုပ်သိမ်းပေးခဲ့သည့်
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများကို
အထူးပင်ကျေးဇူးတင်ရှိကြောင်း
မန်းမဟော်သဓာ ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြည်ချစ်သား
ဂျာနယ်သို့ ပြောကြားသည်။
မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးကို
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာရှိ အကျယ်အဝန်း ၁ ဒသမ ၃ ဧက ရှိမြေပေါ်တွင်
၈တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသူကျောင်းသားများ၏ ပညာသင်ကြားရေး၊ စားသောက်ရေး၊ နေထိုင်ရေး၊ ကျောင်းသုံးစာအုပ်မှအစ
အဝတ်အထည် အပါအဝင် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊
အားကစားနှင့် ဂီတအခြေခံ သင်ကြားပေးရေးတို့ကို အလုံးစုံ တာဝန်ယူ သင်ကြားပေးမည် ဖြစ်သည်။
မန်းမဟော်သဓာ ကျောင်းသား ကျောင်းသူများ အနေဖြင့် ပညာပြည့်ဝ နှလုံးလှကာ
အမျိုး ဘာသာ သာသနာ နှင့် နိုင်ငံတော်၏
အချုပ်အခြာအာဏာကို ချစ်ခင်မြတ်နိုးတတ်သော အလေ့အကျင့်ကောင်းများကိုလည်း ပြုစုပျိုးထောင်ပေးမည်
ဖြစ်သည်။
မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်ရေး
ဗဟိုကော်မတီကို ဩဝါဒါစရိယ ဆရာတော်ကြီးအဖြစ် ဝါခင်းကုန်း ဗြဟ္မစိုရ် ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တတိက္ခ အရှင်သူမြတ်က ချီးမြှောက်ထောက်ပံ့ ဆောင်ရွက်ပေးတော် မူလျက်ရှိပြီး ထေရ်ကြီးဝါကြီး
နာယက ဆရာတော် ၂၀ပါးတို့က အနီးကပ် ကြီးကြပ်
လမ်းညွှန်ကာ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (မစိုးရိမ်)က တာဝန်ခံ ဆရာတော်အဖြစ်
ဆောင်ရွက်လျက်
ရှိသည်။
မန်းမဟော်သဓာ ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီကို ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး၊
ဒုတိယဥက္ကဋ္ဌများအဖြစ် ဗိုလ်မှူးသူရရွှေလှ(ငြိမ်း)၊ ကျောင်းအုပ်ဆရာကြီး ဦးမျိုးချစ် နှင့်
တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝိတ်၊ အတွင်းရေးမှူးများအဖြစ် ဦးမျိုးမြင့်ဦးနှင့် ဗိုလ်မှူးအောင်ချမ်းမင်း
(ငြိမ်း)၊ ဦးဖြူဝင်း (ဂီတပညာရှင်)တို့နှင့် အဖွဲ့ ဝင်များအား ဆရာတော်ကြီးများပါဝင်သည့်
သံဃာတော်များက တာဝန်ပေးအပ် ဆောင်ရွက်စေသည်။
မန်းမဟော်သဓာ ကျောင်းတော်ကြီးကို တိုင်းရင်းသားများ အားထားစရာ မန်းမဟော်သဓာဟူသော
ဆောင်ပုဒ်နှင့်အတူ အကောင်အထည်ဖော်နေရာ ပန္နက်တင်မင်္ဂလာ ကျင်းပပြီးနောက် များမကြာမီ မန်းမဟော်သဓာ၏ ပဲ့ကိုင်သူများကို NLD အစိုးရက
တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။
တာဝန်ခံဆရာတော် အရှင်ဝိစိတ္တာဘိဝံသအား ပုဒ်မ ၁၂၄ (က) ဖြင့်လည်းကောင်း
ဒေါက်တာမြင့်ဦးပါ ၇ ဦးအား မြေနှင့်အခွန်တော် ဥပဒေ ပုဒ်မ ၆၉ (၁)(၂)
တို့ဖြင့်လည်းကောင်း NLD အစိုးရက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
မန်းမဟော်သဓာ ကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီ
ဥက္ကဋ္ဌ ဒေါက်တာ မြင့်ဦး ပါ (၇) ကို ၂၀၁၉ ခုနှစ် မေလက တရားစွဲဆိုခဲ့ခြင်းမှာ ထိုစဉ်ကတည်းက
ဝေဖန်သံများ ဆူညံခဲ့သည်။
ယခုအခါ နိုင်ငံတော် စီမံခန့်ခွဲရေးကောင်စီ အစိုးရ လက်ထက်တွင် ပုသိမ်ကြီးမြို့နယ်
လက်ထောက် ကောလိပ်တော်အရာရှိက အမှုရုပ်သိမ်းကြောင်း တင်ပြလာသဖြင့် ပလပ်ခဲ့ခြင်း ဖြစ်သည်။
မူလ တရားလို ပုသိမ်ကြီးမြို့နယ် လက်ထောက်ကောလိပ်တော် အရာရှိ
ဦးညွန့်လင်းအား စွပ်စွဲခံရသူများဘက်မှ ဥပဒေပညာရှင်များက ရုံးရှေ့တွင်
စစ်ဆေးမေး မြန်းစဉ်ကာလ ဖြစ်ရာ တရားလိုက ၎င်းအနေဖြင့် စွဲဆိုခွင့်မရှိသော
အမှုအား စွဲဆိုခဲ့ကြောင်း ဝန်ခံထွက်ဆို ထားပြီးဖြစ်သည်။
ယခုအခါတွင် မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်း ကျောင်းတော်ကြီး
ဖြစ်မြောက် အောင်မြင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးပါ (၇)ဦးတို့ အစွပ်စွဲခံရခြင်းမှ
လွတ်မြောက်ခဲ့ပြီဖြစ်သည်။
မန်းမဟော်သဓာ ပဲ့ကိုင်ရှင် အရှင်ဝိစိတ္တာဘိဝံသ မှာမူ NLD အစိုးရ
ဆက်ကပ်သော ပုဒ်မ ၁၂၄(က)ကြောင့် ရန်ကုန်မြို့ အင်းစိန်ထောင်တွင် သီတင်းသုံးနေရဆဲ ဖြစ်သည်။
မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်း ကျောင်းတော်ကြီး
ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီဝင်များသည် ယနေ့နေ့လည်ပိုင်းက ပုသိမ်ကြီးမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တွေ့ဆုံကာ
မန်းမဟော်သဓာ အကြောင်း ဆွေးနွေးကြသည်။
ဆွေးနွေးညှိနှိုင်း အဖြေရှာကာ မန်းမဟော်သဓာ ကျောင်းတော်ကြီး အောင်မြင်သည်အထိ
ဆက်လက်ဆောင်ရွက်ကြရန် နှစ်ဘက်လုံးက ဆန္ဒရှိနေကြကြောင်း သိရသည်။
ဦးနိုင် ခေါင်းဖြူကြီး
No comments:
Post a Comment