ယနေ့ အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်သူများ၏ သဘောထားကြေညာချက်
*******************************************
ဆန္ဒဖော်ထုတ်ပွဲမှ သံဃာသုံးပါးနဲ့ လူတစ်ဦးကို ရဲတပ်ဖွဲ့က အကြမ်းဖက်
ချုပ်နှောင် ဖမ်းဆီးသွားတယ်လို့ ကနဦးသိရပါတယ်။
အင်းစိန်ထောင်ရှေ့မှာတော့ စောင့်ကြည့်နေဆဲ အခြေအနေဖြစ်ပါတယ်။
#MyanmarNationalPost
ဆရာတော်ဦးဝီရသူနှင့် အခြားနစ်နာနေရသောအကျဉ်းသားများအား ရုံးထုတ်စစ်ဆေးပေးရန်
ဆန္ဒဖော်ထုတ် တောင်းဆိုပွဲ၏ သဘောထားကြေညာချက်
ရက်စွဲ ။ ။ ၁၆-၁-၂၀၂၁
၁။ ဆရာတော်ဝီရသူ(မစိုးရိမ်)သည် အခမ်းအနားတစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား
ဝေဖန်ပြောဆိုခဲ့မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု့ ပုဒ်မ ၁၂၄(က)ဖြင့်
တရားစွဲခဲ့သည့်အပေါ် ၂-၁၁-၂၀၂၀ ရက်နေ့ကတည်းက ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပြီး စွဲဆိုထားသည့်အမှု့ကို
ရင်ဆိုင်ခဲ့ပါသည်။ ထိုသို့ ဖမ်းဆီးခံပြီးနောက် ၃-၁၁-၂၀၂၀ ရက်နေ့တွင် ဗီဒီယိုကွန်ဗန်းဇင်း
စနစ်ဖြင့် ရမန်ယူ၍ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခဲ့သည်မှာ ၃လခန့် ကြာမြင့်ပြီ ဖြစ်ပါသည်။
၂။ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားပြီးနောက် ရုံးချိန်းများတွင်လည်း
ရုံးထုတ်စစ်ဆေးခြင်း လုံးဝမရှိဘဲ ဗီဒီယိုကွန်ဗန်းဇင်းစနစ်ဖြင့် ရုံးချိန်းများ ရွှေ့စိုင်းလာခဲ့ပြီး
တရားစွဲဆိုခံရသူအနေဖြင့် ခြေပပြောဆိုခွင့်မရဘဲ တရားသူကြီးမှ ရုံးချိန်းပေးချင်သည့်ရက်ပေးကာ
တစ်ဖက်သတ် ဆောင်ရွက်နေမှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ကျွန်ုပ်တို့ ရှုမြင်သည်။
၃။ လူ့အခွင့်အရေးကြေညာစာတမ်း - အပိုဒ် ၉ တွင် "မည်သူမျှ ဥပဒေအရ
မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ
မခံစေရ။"ဟူ၍လည်းကောင်း၊
အပိုဒ် ၁ဝတွင် "အခွင့်အရေးများနှင့် တာဝန် ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်
လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆို စီရင် ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည်
လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို
တူညီစွာ ခံစား ပိုင်ခွင့်ရှိသည်။" ဟူ၍ သတ်မှတ်ထားသည်ကို အစိုးရအနေဖြင့် မျက်နှာပြောင်တိုက်
ချိုးဖောက်၍ ကိုဗစ်-၁၉ ကို အခွင့်ကောင်းယူအကြောင်းပြကာ ဆရာတော်ဝီရသူ (မစိုးရိမ်) အပါအဝင်
အကျဉ်းသားများအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်ထားခြင်းသည် အကျဉ်းသားအခွင့်အရေး
ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်သည်။
၎။ ထိုသို့ ရုံးထုတ်စစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်ထားခြင်းကြောင့်
ပြစ်ဒဏ် ၆လခန့် ကျခံရမည့် အကျဉ်းသားက တစ်နှစ်ကျော် အချုပ်နှောင်ခံထားရခြင်းကဲ့သို့သော
ဖြစ်ရပ်များစွာ ဖြစ်ပေါ်လာပါသည်။ ထိုသို့ ပိုမိုချုပ်နှောင်ခံရမှု၊ ပြစ်မှုနှင့်မထိုက်တန်သော
ချုပ်နှောင်ခံထားရမှုများအပေါ် အစိုးရအနေဖြင့်လည်းကောင်း၊ တရားစီရင်သူများအနေဖြင့်လည်းကောင်း
တာဝန်ယူ၍ နစ်နာရမှုအတွက် ကုစားပေးသည်ဟူ၍ မရှိခဲ့ဖူးပါ။
၅။ ကျွန်ုပ်တို့အနေဖြင့် ဆရာတော်ဝီရသူ (မစိုးရိမ်) အပါအဝင် အခြားနစ်နာနေရသော
အကျဉ်းသားများအား လူ့အခွင့်အရေးနှင့်အညီ အများပြည်သူရှေ့မှောက်တွင် ရုံးထုတ်၍ တရားစီရင်ပေးရန်
အလေးအနက် တောင်းဆိုသည်။ သက်ဆိုင်ရာတာဝန်ရှိသူများ၏ လူ့အခွင့်အရေးချိုးဖောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ
နိုင်ငံသားအခွင့်အရေး ချိုးဖောက်နေသော လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း
ထုတ်ပြန်ကြေညာလိုက်သည်။
ဆန္ဒဖော်ထုတ်ပွဲဦးဆောင်တာဝန်ခံများ(ရန်ကုန်)
No comments:
Post a Comment