Saturday, May 30, 2020

“အကန်းယုံ အကုန်ရမ်း” (၉)


“အကန်းယုံ အကုန်ရမ်း (၉)
================

မိမိအကျိုး၊ ဆောင်သယ်ပိုးက၊ ဆွေးမျိုးမဟူ၊ မည်သူမဆို၊ ချစ်ကြည်ညိုလော့ ဟူသော မဃဒေဝကဗျာသည် မန်လည်ဆရာတော်ကြီး၏ သြဝါဒဖြစ်ပါသည်။ ဘုရားဟောမဟုတ်ပါ။
၎ကဗျာပါ ခြသေ့င် မြေခွေးတရား (ဂုဏဇာတ်)တော်၏ ဆိုလိုရင်းကလည်း ငမှောင်သား ထမိံခြုံပြောသလို မဟုတ်ပါ။ မိမိအောက် အစစအရာရာ နိမ့်ကျသူပင်ဖြစ်စေကာမူ မိတ်ဆွေကောင်းပီသမည်ဆိုလျှင် ဆွေမျိုးသားချင်း သွေးရင်းသားရင်းကဲ့သို့ ချစ်ခင်ကြည်ဖြူစွာ ပေါင်းသင်းရမည်။ အထင်မသေးရဟု ဆိုလိုပါသည်။
မန်လည်သြဝါဒကို ဘုရားဟောတရားဟု ဟောပြောနေခြင်း၊ ဂုဏဇာတ်တော်ကို လိုရာဆွဲ၍ တစ်လွဲဟောပြောနေခြင်းသည် ဖထွေးကို ချီးမြှောက်လိုဇောဖြင့် ကုလားတရားကို ဘုရားတရားလုပ်လိုက်ခြင်းပင် ဖြစ်ပါသည်။
နာမည်ကျော်စာသင်တိုက်ကြီးမှာ တစ်သက်လုံး နေထိုင်လာခဲ့ပါလျက် ပရိယတ္တိအဆင့် လုံးဝမရြှိခင်း၌ မိခင်စာသင်တိုက်မှာ အပြစ်မရှိပါ။ ဟင်းမွှေယောက္မအဆင့်သာရှိသော ဝေလေလေ ငမှောင်သား၏ ဆဗ္ဗဂ္ဂီစရိုက်နှင့်သာ သက်ဆိုင်ပါသည်။
ကုလားတရားကို ဘုရားတရားလုပ်၍ ဟောပြောနေသော လူတွင်ကျယ်ငမှောင်သားကဲ့သို့ ထမိံခြုံနွားဘဝမှ အမြန်ကျွတ်လွတ်ကြပါစေ…..။
အပိ စေ ပိ ဒုဗ္ဗလော မိတ္တော၊ မိတ္တဓမ္မသေု တိဋ္ဌတိ။
သော ဉာတေကာ စ ဗန္ဓု စ၊ သော မိတ္တော သော စ မေ သခါ။
ဒါဌိနီ မာတိ မညိတ္တော၊ သင်္ဂါလော မမ ပါဏဒေါ။
(ဒုကနိပါတ်၊ ဂုဏဇာတ်၊ ဇာ၊ ဋ္ဌ။ ၂။ ၂၁-၂၆။)

ဝီရသူ(မစိုးရိမ်)
28.5.2020
PM- 6:02


No comments:

Post a Comment