Friday, May 29, 2020

“အကန်းယုံ အကုန်ရမ်း” (၈)


“အကန်းယုံ အကုန်ရမ်း” (၈)

================

ရှင်သုဒိန်ကား သူဌေးသားတည်း။
မယားရှိသော်လည်း သားသမီးမထွန်းကားခဲ့ပေ။
ရဟန်းဝတ်ခွင့်မရလျှင် အသက်အသေခံမည်ဟူသော ခံယူချက်ဖြင့် အစာမစားဘဲ ခုနစ်ရက်နေမှ ရဟန်းဝတ်ခွင့်ရခဲ့၏။
နှစ်ပေါင်းများစွာ တရားကျင့်ပြီးမှ မိဘများနှင့် ပြန်ဆုံခဲ့ရ၏။
ဖခင်က လူ့အရပ်ထက်မြင့်သော ရွှေပုံငွေပုံများပြ၍ လူထွက်ခိုင်းသော်လည်း မထွက်ခဲ့ပေ။
အမွေခံမည့်သူမရှိလျှင် မင်းဘဏ္ဍာဖြစ်ကုန်လိမ့်မည်ဟု မိခင်က တောင်းပန်မှ မျိုးဗီဇချန်ထားခဲ့ဖို့ သတိရလေသည်။
မိခင်က အချိန်အခါကောင်းကိုစောင့်၍ ချွေးမနှင့်ပေးတွေ့လိုက်၏။
ရှင်သုဒိန်သည် စိတ်ပါ၍ ကျူးလွန်ခဲ့သူမဟုတ်ပေ။ သို့သော် သူ့လုပ်ရပ်သည် ဘုရားအဆုံးအမနှင့် ဆန့်ကျင်ဘက်ကြီးဖြစ်နေမှန်း တွေးမိတိုင်း စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေရာမှ အမှုမှန်ပေါ်ပေါက်သွားရာ သံဃာတော်မျာကဲ့ရဲ့ရှုတ်ချမှုကိုလည်းကောင်း၊ မြတ်စွာဘုရား၏ အပြင်းအထန်ဆုံး စကားလုံးများဖြင့် အပြစ်တင်ဆုံးမမှုကိုလည်းကောင်း မရှုမလှ ခံလိုက်ရပေသည်။
ဤဝတ္ထု၌ လိင်ဆက်ဆံပုံ ဆက်ဆံနည်း မပါရှိပါ။ မတတ်သာ၍ ဆက်ဆံခဲ့ရသူသည်ပင် အငေါက်ခံခဲ့ရပေသည်။
ဘုရားတရားတော်ကို ဘုရားသာသနာတော်အတွက် အသုံးမချဘဲ နိုင်ငံရေးသမားပီပီ လိုရာဆွဲယူ၍ တစ်လွဲအသုံးချနေခြင်းသည် ဘုရားကို စော်ကားလိုက်ခြင်းပင် ဖြစ်ပါသည်။
ထမိံ်ခြုံနွားကဲ့သို့ အကန်းယုံ အကုန်ရမ်းဘဝမှ အမြန်ကျွတ်လွတ်ပါစေသော် … ဝ်။
(ပါရာဇိကဏ်ပါဠိတော်၊ သုဒိန္နဝတ္ထု။ ဝိ၊ ၁။ ၁၃-၂၅။)

ဝီရသူ(မစိုးရိမ်)
27.5.2020
PM- 5:30


No comments:

Post a Comment