Thursday, May 28, 2020

“အကန်းယုံ အကုန်ရမ်း” (၇)


“အကန်းယုံ အကုန်ရမ်း” (၇)
=================

မြတ်စွာဘုရားက ကာမာဒီနဝကထာ (ကာမဂုဏ်အပြစ်)ကိုပဲ ဟောကြားခဲ့တာပါ။
ကာမဂုဏ်အပြစ်ပြ ဥပမာဆယ်ပါးကို ကြည့်လိုက်ပါ။
၁။ အဋ္ဌိကင်္ကလူပမာ - အရိုးဆက်နှင့် တူတယ်။
၂။ မံသပေသူပမာ - သားတစ်နှင့် တူတယ်။
၃။ တိဏုက္ကူပမာ - မြက်မီးရှူးနှင့် တူတယ်။
၎။ အင်္ဂါရကာသူပမာ - မီးကျီးစုနှင့် တူတယ်။
၅။ သုပိနကူပမာ - အိပ်မက်နှင့် တူတယ်။
၆။ ယာစိတကူပမာ - ငှားရမ်းအပ်သော ဥစ္စာနှင့် တူတယ်။
၇။ ရုက္ခဖလူပမာ - သစ်သီးနှင့် တူတယ်။
၈။ အသိသူနူပမာ - သန်လျက်သွားနှင့် တူတယ်။  (စင်းတည်တုံးနှင့် တူတယ်။)
၉။ သတ္တိသူလူပမာ - လှံတံကျင်နှင့် တူတယ်။
၁၀။ သပ္ပသိရူပမာ - မြွေဦးခေါင်းနှင့် တူတယ်။
(ဝိ၊ ၂။ ၁၇၆-၁၇၇။)

ဒီလို ကာမဂုဏ်ကို မစင်ဘင်ပုတ်ထက် ရွံမုန်းတော်မူတဲ့ မြတ်စွာဘုရားကိုမှ လိင်ဆက်ဆံပုံဆက်ဆံနည်း ပညာပေးတရား ဟောကြားတော်မူခဲ့သယောင် စွပ်စွဲရေးသားနေတာတွေဟာ ဘုရားကိုယုံကြည်ကိုးကွယ်သူအားလုံးအပေါ် တိုက်ရိုက်စော်ကားလိုက်ခြင်းပါပဲ။
ကားမဂုဏ် မေထုန် လိင်အာရုံနှင့် ဒီဥပမာဆယ်ပါး စပ်ဆက်ပုံကိုလည်း (မ၊ ဋ္ဌ။ ၂။ ၁၀)မွာ (၎ သ်။ ၄၈၀-၄၈၁။)နှင့် တွဲစပ်၍ ကြည့်ရှုနိုင်ပါတယ်။
မြန်မာစာဖတ်တတ်ရုံနဲ့ ပရိယတ္တိမှာ လူစွာလာမလုပ်ပါနဲ့ ငါ့ရှင် … ။
ထမိံဌာပနာထားရာ တောင်ပို့ဘုရားကိုမှ ကိုးကွယ်အားထားနေသည့် အကန်းယုံ အကုန်ရမ်းဘဝမှ အမြန်ကျွတ်လွတ်ပါစေသော်…ဝ်။

ဝီရသူ(မစိုးရိမ်)
26.5.2020
AM- 11:30


No comments:

Post a Comment