Monday, August 6, 2018

“ပြိုင်ပွဲဝင်ကဗျာများ (၁၅)”


“ပြိုင်ပွဲဝင်ကဗျာများ (၁၅)”
==============

“မြန်မာအများသိစေသား”

အိုဘယ့်မြန်မာပြည် လူသားတို့ 
ဒို့  မျိုးဘာသာ သာသနာကို
စော်ကားဖောက်ဖျက်
ကျူးလွန်လျှက်နှင့်
ကမ္ဘာကမြင်
သနားချင်အောင်
လူ့ အခွင့်ရေး
ဟစ်ကြွေးကျော်လျှက်
ရက်စက်ပြုမူ
လုပ်ရက်သူသည်
မြန်မာပြည်ဖွား
တိုင်းရင်းသားလော။

သို့  တည်းမဟုတ်
ယုတ်မာစိတ်ဓာတ်
အကြံပျက်ဖြင့်
အနောက်တခါး
ဖောက်ဖျက်အား၍
ဝင်လာသူခိုး
ထိုလူမျိုးကား
ဆိုးသွမ်းလူသား
လူမျိုးခြားလော။

မြန်မာပြည်ဖွား
တိုင်းရင်းသားတို့ 
ပညာရှိဥာဏ်
စဉ်းစားကြံ၍
ဆုံဖြတ်သေချာ
ပိုင်းခြားပါလျှင်
အမျိုးဘာသာ
သာသနာသည်
မယွင်းရှည်ကြာ
တည်တံ့ပါအံ့။

အဖြူရောင်သွေးသစ်(ဒိုက်ဦးသား)



No comments:

Post a Comment