“အမျိုးသားရေးသြဝါဒ”
=============
ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်၊ 3.8.2018 ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊
ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ကျောင်းတိုက်မှာ ကျင်းပပါတယ်။
ရန်ကုန်တိုင်း မဘသ နောင်တော်ကြီးများနှင့် ညီတော်မောင်လေးများ၊
တပည့်လေးများအပါအဝင် မျိုးချစ်မောင်မယ်များနှင့် တွေ့ဆုံတဲ့ပွဲပါ။
ကြုံတုန်းကြုံခိုက် ရန်သူအောင်ကြောင်း နည်းလမ်းကောင်း တရား ဟောကြားခဲ့ပါတယ်။
၁။ သစ္စာရှိရမယ်
၂။ ဆင်ခြင်တုံတရားရှိရမယ်
၃။ ဉာဏ်ပါတဲ့ဝီရိယရှိရမယ်
၎။ စွန့်လွတ်ရမယ်၊ ပေးဆပ်ရမယ်
ဒီတရားလေးပါးကို ရန်သူအောင်ကြောင်း နည်းလမ်းကောင်းအဖြစ် ဘုရားဟောကြားခဲ့ပါတယ်။
သစ္စံဓမ္မော၊ ဓိတိစာဂေါ၊
ဒိဋ္ဌံ သော အတိဝတ္တတိ။
သစ္စံဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်ကြောင်း၊ ကျင့်ကောင်းလေးပါး၊
စသည်အားဖြင့်၊ တရားမလစ်၊ မင်းမူရစ်လော့။ (မဃဒေဝ)
အမျိုးသားရေးသမားတွေ လုပ်ငန်းအပေါ် သစ္စာရှိပါ။
လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာရှိပါ။
အဖွဲ့အစည်းအပေါ် သစ္စာရှိပါ။
လုပ်သင့် မလုပ်သင့်၊ ပြောသင့်မပြောသင့်၊ ရေးသင့်မရေးသင့်၊ အကျိုးရှိ၏
မရှိ၏ စသည်ဖြင့် စဉ်းစားဆင်ခြင်ပြီးမှ အလုပ်လုပ်ကြပါ။
အလုပ်လုပ်တဲ့အခါ ခေါင်းသုံးပါ။
ဉာဏ်မပါဘဲ ထင်မိထင်ရာလုပ်ရင် အန္တရာယ်ကြီးတတ်တယ်။
မိမိဘဝကို ပေးဆပ်ပါ။
မိမိဓနကို ပေးဆပ်ပါ။
အကျောမခံတဲ့အတ္တမျိုး စွန့်လွှတ်ပါ။
အထိမခံတဲ့အတ္တမျိုး စွန့်လွှတ်ပါ။
အတ္တကို နေရာမှန်မှာ အသုံးချတတ်အောင် လေ့ကျင့်ပါ။
ဒီတရားလေးမျိုးပြည့်စုံလျှင် ရန်ကုန်ကို အောင်နိုင်ပါပြီ။






No comments:
Post a Comment