“ပြိုင်ပွဲဝင်ကဗျာများ (၁၄)”
===============
“ဓားနဲ့ ဆော့ကစားတဲ့ည”
သူတော်ကောင်းတွေ
လက်နက်ကိုယ်စီနဲ့ 
ကိုယ့်ရင်ဘတ်ကို..ကုက်ခြစ်ရင်း
တောခိုနေကြတယ်…။
လူယုတ်မာအချို့ 
ငြိမ်းချမ်းစွာ..ဆန္ဒပြနေပါရဲ
့
ရွံ့ တွနေတဲ့မျက်နှာက
ခုနှစ်ရက်ထားလေတဲ့
အသုဘ အလားပဲ……။
စကားလုံးတွေနဲ့  မုဒိမ်းကျင့်ရင်း
၂၀၁၇ရဲ့ စာမျက်နှာများက
ဖွင့်ဖောက်ဖတ်စရာ ..မလိုရအောင်
တိုင်းပြည်ရဲ့  .အနာတရဖြစ်ပေါ်ခဲ့…..။
တိုင်းပြည်ရဲ့  အချိုနေရာက
ဓားကိုယ်စီ.ကိုင်နေရတယ်…။
အချိုနေရာတွေဆိုရင်
ချွန်ထက်တဲ့ဓားသွားတွေနဲ့ 
အမွန်းခံနေရတယ်…။
အချို့ နေရာဆို
(၉၃)ခုရဲ့ စာမျက်နှာအသစ်လေးကို
လူ့ အခွင့်ရေး ဒေါ်လာနဲ
့
လက်မှက်ထိုးပေးလိုက်ရတယ်…။
ဖဲ့ယူခံရတဲ့နေရာ. အမှတ်သားတွေ
အသစ်စက်စက် လက်ဗွေရာတွေ
အားလုံး..အားလုံးက
ဒုတိယပါတော်မူ..ဖြစ်မဲ့အလားပဲ…။
မုသားတွေနဲ့  .တိုင်းပြည်ကို
ဆွဲဆန့် ရင်း .သဇင်ပြည်ကြီး
နောက်ဆုံး ..မုသားတွေနဲ့ ပဲ
အနိုင်ပေးလိုက်ရတယ်…….။
ငဲ့ညှာမှု…
အဘိဓမ္မာတရားတွေ
ကျရှုံးခန်း .ဆိုရမလား…၊
ဂျီနိုဆိုက်ရဲ့ …
ဥပေက္ခာသွေးတွေ. ပေကျန်နေတဲ့
ဆုတ်ဖြဲခံ .အဝတ်တစ်ခုလား…..
သေချာတယ်…..
မေတ္တာတရားရဲ့  စာမျက်နှာသစ်များက
ချိုဖဲ့ဖဲ့ အကြည့်ခံနေရတယ်….။
ငါအော်ပြောလိုက်တယ်..
မင်းတို့ …..မင်းတို့ အားလုံး
ငါနိုင်ငံတော်ကို. ကျည်ဆန်ခွန်တွေနဲ့ 
ဝိုင်းကူဆောက်ကြနေတယ်။
လောက်ထနေတဲ့ .ပါးစပ်တွေနဲ့ 
အနိုင်ကျင့်နေကြတယ်။
ပြီးတော့ ဓားတွေနဲ့ 
ဝိုင်းထိုးနေကြတယ်…..။
မစိုးရိမ်ကျောင်းသား

No comments:
Post a Comment