Saturday, August 4, 2018

“ပြည်ချစ်သားသို့ သဝဏ်လွှာ”


“ပြည်ချစ်သားသို့ သဝဏ်လွှာ”
==============

ဒုတိယဝါဆိုလဆုတ် ၇ ရက်၊ (3.8.2018)ရက်နေ့ ည ၆း၀၀ နာရီ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရင်း သေဆုံးခဲ့ရတဲ့ ကျိုက်ထိုမြို့ ခမရ ၂ မှ ပြည်ချစ်သား ၃ ဦးရဲ့ မိသားစုများကို အရှင်ဝီရသူမှ ငွေ ကျပ် ၁၀၀၀၀၀ (တစ်သိန်း)စီ၊ မန်း မဘသ မှ ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း)စီနှင့် ရိက္ခာများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ကျိုက်ထိုမြို့ ခမရ ၂ မှ အရာရှိလေး လာရောက်လက်ခံပေးပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက် စစ်ကိုင်းစာသင်တိုက်အတွင်းမှာ ကျင်းပပြုလုပ်တဲ့ မန်း မဘသ ရေဘေးသင့်ပြည်သူများ ကူညီရေးအခမ်းအနားမှာ ပေးအပ်လှူဒါန်းလိုက်တာပါ။
ပြည်ချစ်သားသုံးဦး၏ မိသားစုထံ အရှင်ဝီရသူ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာများကိုပါ တစ်ပါတည်းပေးအပ်လိုက်တာဖြစ်ပါတယ်။











No comments:

Post a Comment