Thursday, August 23, 2018

“လောကအလင်း သြဝါဒ”


“လောကအလင်း သြဝါဒ”
==============

ဝါခေါင်လဆန်း ၁၁ ရက် (22.8.2018)ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ဟောကြားပါတယ်။

ညဂိုက်တန်းအတွက် ဆရာ ဆရာမများနှင့် ဆွေးနွေးတိုင်ပင်ရင်း ကလေးတွေကို သြဝါဒပေးတာပါ။
အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ၏ စာသင်နည်း (၈)မျိုးပါ။
သု စိ ပု ဘာ၊ ဝိ လိ သိ ဓာ၊
သုဏေယျ- နားထောင်ခြင်း၊
စိန္တေယျ - တွေးကြံခြင်း၊
ပုစ္ဆေယျ - မေးမြန်းခြင်း၊
ဘာသေယျ - ရွတ်ဆိုခြင်း (ပြောဆိုဆွေးနွေးခြင်း)၊
ဝိစာရေယျ - ဆင်ခြင်သုံးသပ်ခြင်း၊
လိက္ခေယျ - ရေးသားခြင်း၊
သိက္ခေယျ - ကျင့်ခြင်း၊
ဓာရေယျ - ဆောင်ထားခြင်း၊
ဤအက္ခရာ (၈)လုံးအဖွင့်ကို ဟောကြားခဲ့ပါတယ်။
အောင်မြင်ချင်လျှင် ဒီစာသင်နည်းအတိုင်း ကျင့်ကြံကြဖို့ တိုက်တွန်းခဲ့ပါတယ်။







No comments:

Post a Comment