“မစိုးရိမ်တိုက်သစ် ဆွမ်းအလှူပွဲ”
===================
ဝါခေါင်လဆန်း ၁၃ ရက် (24.5.2018)ရက်နေ့၊ မနက် ၇း၀၀ နာရီ၊ သံဃာတော်များအား
ဆွမ်းလောင်းလှူပါတယ်။
မနက် ၉း၀၀ နာရီမှာ ရေစက်ချအမျှဝေပါတယ်။
မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အနုမောဒနာတရားဟောကြားပါတယ်။
မနက် ၁၁း၀၀ နာရီမှာ စာချဆရာတော်များ၊ ဓမ္မာစရိယဘွဲ့ရဆရာတော်များ၊
နာယကဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။
ကုသိုလ်ရှင်များကတော့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊
နမ့်မွန်းရွာ ဆရာတော်ဦးသုန္ဒရ အမှူးပြုတဲ့ ဒေါ်ဝင်းငွေ၊ ဒေါ်အေးကြည်၊ ဒေါ်ပြုံးကြည်နှင့်
ဈေးသူဈေးသားများ ဖြစ်ပါတယ်။
ဒေါ်ဝင်းငွေ၊ ဒေါ်ဝင်းကြည်၊ ဒေါ်ပြုံးကြည်တို့ဟာ နမ့်မွန်း ရဲသုံးဖော်ဖြစ်ပါတယ်။
အမျိုးဘာသာ သာသနာနဲ့ပတ်သက်လာရင်တော့ အနီအကြောင်တွေ ပါးစပ်မဟနိုင်အောင် စွမ်းဆောင်နိုင်သူတွေပါ။
စာရေးသူအား လာရောက်ဖူးမြော်ကာ မန်းမဟော်သဓာအတွက်လည်း အလှူငွေများ
လှူဒါန်းသွားကြပါတယ်။
















No comments:
Post a Comment