“လောကအလင်းပညာဒါနကျူရှင်ကျောင်း ဟောပြောပွဲ”
================================
ဝါခေါင်လဆန်း ၁၀ ရက် (21.8.2018) ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ မန္တလေးမြို့၊
ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။
Fresher တန်း Repeater တန်း (၁၀၀)ကျော် တက်ရောက်ပါတယ်။
ဘက်စုံပညာထူးချွန်ဆုများနှင့် စာပေဆုများရှင် ဆရာဦးအောင်ကျော်ဆန်းက
ဟောပြောတာပါ။
ကျောင်းသားကျောင်းသူများ ယုံကြည်ချက်မြင့်မားအောင် စိတ်ဓာတ်မြှင့်တင်ရေးတရားများ
ဟောပြောတာဖြစ်ပါတယ်။
လောကအလင်း ပညာဒါနကျူရှင်ကျောင်းကို ဆရာတော်ဦးဝီရသူ တည်ထောင်ထားတာ
၂၀၁၂ ခုနှစ်ကပါ။
အခုဆိုရင် (၆)နှစ်ဖြေပြီးလို့ (၇)နှစ်မြောက်ရှိပါပြီ။
၁၀ တန်းအောင်မြင်သူများ (၁၀၀)ကျော်သွားပါပြီ။
ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ယုဇနလမ်းနှင့် ၅၃ လမ်းထောင့်မှာတည်ရှိပါတယ်။
ဒီနေ့ ဟောပြောပွဲတက်ရောက်တဲ့ ကျောင်းသူကျောင်းသားတွေ ဝတ်စုံကိုတော့
ဦးမိုးကို+ဒေါ်ခိုင်မာဝင်း၊ သမီး မခင်ဇာခြည်ဝင်း (MK ကျောက်မျက်မိသားစု-အမရပူရ)ဖြစ်ပါတယ်။








No comments:
Post a Comment