“ဝါခင်းကုန်းဆရာတော်ကြီးအား
သွားရောက်ဖူးမြော်”
============================
26.2.2018
ညဦးပိုင်းမှာ မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ၆၂လမ်း ၃၄×၃၅ ကြား ရှိ တောင်စလင်းတိုက်သစ်
ဘာဝနာဌာနသို့ ရောက်ရှိခဲ့ပါတယ်။
ကျေးဇူးရှင်
ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ခြင်းပါ။
ဆရာတော်ကြီးအား
မဟော်သဓာကျောင်းတော်ကြီး လက်ရှိ ဆောင်ရွက်ထားမှုအခြေအနေတင်ပြ လျှောက်ထားခဲ့သလို ဆက်လက်
ဆောင်ရွက်မည့်အခြေအနေတွေကိုလည်း သြဝါဒခံယူခဲ့ပါတယ်။
ဆရာတော်ကြီးက
သူနဲ့အတူ ခုတင်ပေါ်မှာ ထိုင်စကားပြောဖို့ ခဏခဏ ခေါ်ပေမဲ့ စာရေးသူကတော့ ဆရာတော်ကြီးကို
ရိုသေလေးစားလွန်းလို့ မထိုင်ရဲပါဘူး။
အောက်ကနေပဲ
လျှောက်ထားစရာရှိတာတွေ လျှောက်ထားပါတယ်။
ဆရာတော်ကြီးကလည်း
အမျိုး ဘာသာ သာသနာအရေးနှင့်ပတ်သက်ပြီး သြဝါဒတွေ ပေးပါတယ်။
စာရေးသူကလည်း
အမျိုးဘာသာ သာသနာနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေတွေကို တင်ပြလျှောက်ထားပါတယ်။
ဆရာတော်ကြီးက
မန်း မဟော်သဓာအတွက် အားကျိုးမာန်တက် ဆောင်ရွက်ဖို့ မိန့်တော်မူပါတယ်။
စာရေးသူက
ရွာပြင်ထုတ်ခံရသူကြီးစာအုပ်ကိုလည်း ဆရာတော်ကြီးအား ဆက်ကပ်လိုက်ပါတယ်။
1 ရက်နေ့ဆိုရင်
ဆရာတော်ကြီးသက်တော် ၇၉ နှစ်ပြည့်မွေးနေ့ပါ။
မွေးနေ့အတွက်လည်း
ဝိုင်းတော်သားအားလုံးကို ဖိတ်ကြားလိုက်ပါသေးတယ်။
No comments:
Post a Comment