“ဘာ့ကြောင့်
အမုန်းခံနေသလဲလို့မေးရင် ပြည်သူတွေ နိုင်ငံရေးကိုးကွယ်မှုမမှားအောင် အမုန်းခံနေတယ်လို့ပဲ
ဖြေရမှာပါ (အပိုင်း-၂ နိဂုံး)”
==========================================================
(ဆရာတော်ဦးဝီရသူနှင့်
မေးသမျှ ဖြေသမျှ)
မေး- ရွာမဆရာတော်ကြီးရဲ့
မွေးနေ့ မှာလည်း အရှင်ဘုရားပေးတဲ့ သြဝါဒထဲ က လိုချင်တဲ့အပိုင်းလေးဖြတ်ပြီး ထမင်းဝ အောင်စားထားဆိုတာလေးပဲ
ဖြတ်ပြီး အွန်လိုင်းပေါ် ပြန်တင်ကြတယ်ပေါ့ဘုရား။ တချို့ကလည်း အဓိပ္ပါယ်အပြည့်အစုံ မသိဘဲနဲ့
ရောထွေးပြီးတော့ တော်တော် လေး ဝေဖန်တာလည်း ရှိပါတယ်ဘုရား။ ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ကွင်းထဲကို
အ တင်းတွန်းပို့တဲ့အပေါ်မှာ အရှင်ဘုရား အနေနဲ့ ဘာများပြောစရာရှိမလဲဘုရား။
ဖြေ- သူတို့ကတော့
ဒီလိုပဲ၊ သတ်ကွင်း ထဲပို့လာခဲ့တာ ကြာပြီလေ။ ဥပမာဆိုကြ စို့- သူတို့ပြောသလို ကုလားယူမယ့်အ
စား ခွေးကိုယူပေါ့နော်။ ဒါလေးပဲ သူတို့ ဖြတ်တင်ကြတာပေါ့နော်။ အပြည့်အစုံ ကျတော့ သူတို့မတင်ကြဘူးလေ။ ဆိုလို တာက ခွေးယူရင် လူမျိုးပဲ ပျက်ရင်ပျက် မယ်၊
ဘာသာမပျက်ဘူး၊ သာသနာ မပျက်ဘူး။ ဒါ့ကြောင့် ယူစရာရှိလို့ ယူရ ပါတယ်ဆိုရင် ယူမယ့်ယူ ခွေးယူ။
ဒါက ကျောင်းဒကာတစ်ဦးက သူ့သမီး ကျောင်း သူမလေးကို ဆုံးမတဲ့စကား။ အဲဒီစကား ကို ဦးဇင်းက
အများသိအောင် ပြန်ချဲ့ပြီး ဟောလိုက်တာ။ ဖခင်က သမီးကို ဆုံးမ တဲ့သြဝါဒလေ။ သံဃာတော်က
ဒကာ ဒကာမတွေကို ဆုံးမတဲ့ စကားပဲ။ နားမ ခံသာပေမယ့် သြဝါဒအဆင့်မြောက် တယ်။ သြဝါဒစာရင်းဝင်တယ်။
ဒါပေမဲ့ သူတို့တွေက အဲဒါတွေ အကုန်ဖြတ်တောက်ပြီးတော့
ခွေးယူဆို တာလေးပဲ ထည့်ကြတာပေါ့နော်။ အဲဒါ က ပရိသတ်ကို အဆိပ်ခတ်ပစ်တာ။ သူ တို့ အဆိပ်ခတ်လိုက်တဲ့အတွက်ကြောင့်
တစ်တိုင်းပြည်လုံးက ပြည်သူလူထုရော၊ တချို့တချို့သော ဆရာတော်တွေရော အထင်အမြင်လွဲမှား
အကုသိုလ်များကုန် ကြတာပေါ့နော်။ အဲဒီထဲမှာ ကိုယ့်အဖွဲ့ သားတွေတောင် ပါကုန်တယ်။ ပြန်ရှင်း
ပြမှ သဘောပေါက်ကြတာလေ။ အဲဒီ တော့ ကာလာမသုတ္တန်ကိုပဲ ပြန်ပြီးပြော ရမှာပေါ့။ အဲဒီလို
ဖြတ်ညှပ်ကပ်တာလေး လောက်နဲ့ ရမ်းပြီးမပြစ်မှားကြပါနဲ့၊ ရမ်း ပြီး မစွပ်စွဲကြပါနဲ့။ မလိုလားတဲ့သူတွေ
က ဒီလိုပဲ မီဒီယာကို လက်နက်တစ်ခု အဖြစ်ထားပြီး တိုက်ခိုက်နေကြတယ်လို့ ပဲ သတိပေးပါရစေ။
မေး- မီဒီယာတွေရော
လော်ဘီတွေ ရောက သူတို့လိုချင်တဲ့အတိုင်း ပုံဖော် တဲ့အတွက် လူမုန်းများလာရတယ်။ အဲဒီ
မှာပဲ ဆရာတော်ဦးဝီရသူဆိုရင် လူမုန်း များတဲ့ကိစ္စတွေ လုပ်နေတယ်လို့ ဝေဖန် ကြတဲ့သူတွေရှိတယ်။
တချို့ကလည်း လူ မုန်းများအောင်လုပ်နေတာဟာ သက် သက်မဲ့ မီဒီယာအာရုံစိုက်မှုရအောင် လုပ်နေတာပဲဆိုတဲ့
ပြောဆိုမှုတွေလည်း ရှိတယ်။ တချို့ကလည်း နာမည်ကြီးချင် လို့လုပ်နေတာလို့ ပြောကြတာတွေလည်း
ရှိတယ်ပေါ့ဘုရား။
အရှင်ဘုရားအနေနဲ့ အခုလိုမျိုး ဝေဖန်ပြောဆိုနေတာတွေရဲ့
အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲဘုရား ဖြေ- ဥပမာတစ်ခု ပေးမယ်။ သား ဦးပဉ္စင်းက အူအတက်ပေါက်တဲ့ရောဂါနဲ့
ခွဲစိတ်ကုသမှုခံယူထားရတယ်။ အဖေ က လူနာစောင့်ရတယ်။ ရောဂါအခြေ နေအရ ရေတောင်မတိုက်ရဘူး။
နှုတ် ခမ်းလေးကို စွတ်ရုံပဲ စွတ်ရတာလေ။ သားဖြစ်တဲ့သူက ရေငတ်တော့ ဖအေ ထံရေတောင်းတယ်။
ဖအေက ရေမတိုက် ဘူး။
အဲဒီအချိန်မှာ သားဖြစ်တဲ့သူက ဖအေကို ရိုက်မယ်ပုတ်မယ်
တကဲကဲလုပ် တာပေါ့။ ဒါပေမဲ့ သားဘာကြောင့်လုပ် လဲဆိုတာလည်း ဖအေသိတယ်လေ။ သားကို ဖအေက စိတ်ဆိုးလို့လည်း
မဖြစ်ဘူးလေ။ ဒီသဘောတရားပေါ့။ ဦးဇင်း အမုန်းခံပြီးဆောင်ရွက်နေတာ ဟာ သားသေမှာစိုးလို့ပါ။
ဒါက တစ်ချက် ပေါ့။
နောက်တစ်ခုကတော့ ၁၉၉၉ ခုနှစ် ဦးဇင်း မစိုးရိမ်တိုက်သစ်မှာ
နာယကဖြစ် တဲ့ အချိန်ကစပြီး သတိပဌာန်တရားရဲ့ ကျေးဇူးတော်ကြောင့် လာဘ သက္ကာရ ဆိုတာတွေကိုလည်း
ပန်းတိုင်မထား တော့ဘူးပေါ့နော်။ နာမည်ကြီးမှု၊ ထင် ပေါ်မှု၊ ကျော်ကြားမှုဆိုတာတွေကိုလည်း
သိပ်မက်မက်မောမောကြီး မရှိတော့ဘူး ပေါ့။
ဒါကြောင့်မို့လို့ ဦးဇင်းလုပ်နေတဲ့ အလုပ်တွေဟာ
မီဒီယာအာရုံစိုက်အောင် လည်း လုပ်တာမဟုတ်ဘူး၊ ဘုန်းကံကြီး အောင် လာဘ်လာဘပေါများအောင်
လုပ်တာလည်း မဟုတ်ဘူး၊ နာမည်ကျော် ကြားအောင် လူထင်ရှားအောင် လူသိ များအောင်လုပ်တာလည်း
မဟုတ်ဘူး။ ဘာ့ကြောင့် အမုန်းခံနေသလဲလို့မေးရင် ပြည်သူတွေ နိုင်ငံရေးကိုးကွယ်မှုမမှား
အောင် အမုန်းခံနေတယ်လို့ပဲ ဖြေရမှာ ပါ။
မေး- လက်ရှိအစိုးရကို
အရှင်ဘုရား ဝေဖန်နေတာကိုလည်းပဲ ပြည်သူတွေ အကြောင်းပြောရင် မဖြစ်မနေပြောရ မယ်ထင်ပါတယ်ဘုရား။
လက်ရှိ အာဏာ ရအစိုးရကို အရှင်ဘုရားအနေနဲ့ စိုက် လိုက်မတ်တတ် ဝေဖန်မှုတွေ လုပ်လာခဲ့ တယ်၊
ဒါပေမဲ့ အစိုးရကို အားပေးထောက် ခံတဲ့သူတွေကျတော့ ဝေဖန်နေတာလို့ မမြင်ဘဲနဲ့ ကန့်လန့်တိုက်နေတယ်လို့
မြင်တယ်ပေါ့လေ။ တကယ်တမ်း အစိုးရ ကို ဝေဖန်နေရတဲ့ အကြောင်းအရင်းအ စစ်အမှန်က ဘာဖြစ်မလဲဘုရား။
ဖြေ- နံပါတ်(၁)ကတော့
လုံခြုံရေးပေါ့။ ဦးဇင်းတို့က အမျိုးသားရေးသမားတွေ ဆိုတော့ ဘာပဲကြည့်ကြည့် အမျိုးသား
ရေးအမြင်နဲ့ပဲကြည့်တာကိုး။ ဒီအစိုးရက အမျိုးသားလုံခြုံရေးကို မျက်ကွယ်ပြုလွန်း တယ်။
အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေက ထရို ဂျင်မြင်းကို
ကိုယ်ကိုယ်တိုင် လိုလိုလား လား ဆွဲသွင်းနေတဲ့သူတွေလို ဖြစ်နေ တယ်။ တကယ်လို့ ဒီမြင်းကြီး
တိုင်းပြည် ထဲကိုရောက်လာရင် အချုပ်အခြာ အာ ဏာ ကျဆုံးမှာပဲလေ။ အချုပ်အခြာ အာ ဏာကျဆုံးရင်
သာသနာတော်ဆိုတာ လည်း အလိုလို ပါသွားမှာပဲလေ။ အဲဒါ ကြီးကို လုံးဝမခံနိုင်တာပေါ့။ အဲဒီမြင်းကြီး
ကို လုံးဝအရောက်မခံနိုင်တာ။ ဒါ့ကြောင့် ဦးဇင်းက အမုန်းခံပြီး ဝေဖန်တယ်ဆိုကြ ပါစို့။
ဒါက တစ်ချက်ပေါ့နော်။
နောက်တစ်ချက်။ နိုင်ငံရေးသမား တွေက ချစ်ခြင်း၊
မုန်းခြင်း လွှမ်းမိုးလွန်း တာပေါ့နော်။ တစ်စုံတစ်ယောက်ကို ချစ် ပြီး တစ်စုံတစ်ယောက်ကို
မုန်းတာက အစွန်းရောက်နေတာပေါ့။ တစ်ဖက်ကို ချစ်လွန်းအားကြီးပြီးတော့ တစ်ဖက်ကို မုန်းလွန်းအားကြီးနေတာလေ။
ဒါဆိုရင် လုဒ္ဓေါ အတ္ထံ န ဇာနာတိ ဆိုတဲ့အတိုင်း
ချစ်လွန်းရင် အကြောင်း အကျိုး မသိမြင်နိုင်တော့ဘူးလေ။ ကုဒ္ဓေါ လအတ္ထံ န ဇာနာတိ ဆိုတဲ့အတိုင်းပဲ
မုန်းလွန်းရင်လည်း အကြောင်းအကျိုး သို့မဟုတ် အမှန်တရားကို မသိမြင်နိုင် တော့ဘူးပေါ့နော်။
အဲဒီတော့ ဦးဇင်းတို့ ရဟန်းသံဃာတွေဆိုတာက ချစ်ခြင်း မုန်းခြင်း အပြင်ဘက်ကနေပြီးတော့
ကြည့် တတ်ကြတယ်၊ မြင်တတ်ကြတယ်ပေါ့ နော်။ ဒါကြောင့်မို့လို့ ဟိုအရင်က သံ ဃာတော်တွေ စစ်အစိုးရရဲ့နှိပ်ကွပ်မှုကို
ခံရသော်လည်းပဲ ဒီကနေ့ သံဃာတော် တွေ တော်တော်များများ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကို
လေးစားနေကြ တာပေါ့။ ဟိုအရင်ခေတ်တုန်းကြီူ ကို ရဲဗလောင်းခတ်အောင် ဝန်းရံခဲ့ကြတဲ့ သံဃာတော်တွေဟာ
ဒီကနေ့ခေတ်ဆို ရင် ပင်နီဆိုရင် မမြင်ချင်လောက်အောင် ဖြစ်တာတွေ များနေတာပေါ့နော်။
ဒါတွေဟာ ချစ်ခြင်း မုန်းခြင်းရဲ့ အပြင်ဘက်ကနေကြည့်လို့
အမှန်တရား ကို ထင်ထင်ရှားရှားကြီးမြင်ရတဲ့ သဘာဝ ပေါ့။ အဲဒီသဘောနဲ့ ဦးဇင်းတို့က ဝေဖန်
ထောက်ပြတာပါ။ မြန်မာနိုင်ငံရေးကို ဦးဆောင်တဲ့သူတွေ ချစ်ခြင်း၊ မုန်းခြင်း ကင်းပြီးတော့
ပြည်သူ့ဘက်မှာရပ်တည်၊ ပြည်သူ့အကျိုးစီးပွားကိုပဲလိုလား၊ ပြည် သူ့အရေးပဲ ဦးတည်၊ အဲဒီလို
နိုင်ငံရေး သမားကောင်းမျိုး ပေါ်ထွန်းစေလိုတဲ့ စေတနာနဲ့ ဝေဖန်ထောက်ပြတာလို့ ဦး ဇင်းတို့က
ခံယူထားပါတယ်။
မေး- ဝေဖန်တာနဲ့
ပတ်သက်ပြီးတော့ ခုတစ်လောလည်း ဝေဖန်စရာတစ်ခုက ရှိနေတာပေါ့ဘုရား။ ဘာလဲဆိုတော့ ငြိမ်းစုစီဥပဒေကို
ပြင်တဲ့ ဥပဒေကြမ်း အမျိုးသားလွှတ်တော်ကို တင်သွင်းတယ် လို့ သိရပါတယ်ဘုရား။ ဥပဒေကြမ်းထဲ
မှာပါတဲ့ စကားလုံးတွေက အကျယ်ချဲ့ရင် ချဲ့သလောက် မီးခိုးကြွက်လျှောက် ပြဿ နာဖြစ်နိုင်တဲ့အရာတွေဆိုတော့
အဲဒီ အပေါ်မှာလည်း အရှင်ဘုရားအနေနဲ့ သုံးသပ်ပေးပါဦးဘုရား။
ဖြေ- အရင်တုန်းကလည်း
ပြောဖူးပါ တယ်၊ ဦးသန်းရွှေထက် ဆိုးတဲ့ဘက် ကို ဦးတည်ပြီး ချီတက်နေတာပါလို့။ နောက်ထပ်လာဦးမှာလေ။
နောက်ဆို ရင် မယ်နုတို့ခေတ်တုန်းကလို မန်ကျည်း ရွက်ကလေးနုတာတောင် နုတယ်လို့ ပြောခွင့်မရတဲ့ခေတ်အထိကို
ရောက် အောင် ဆွဲယူသွားမလားပဲ။
မေး- ဒီတစ်ပတ်အတွက်
သြဝါဒစကား လေး မိန့်ကြားပေးပါဦးဘုရား။
ဖြေ- အမျိုးသားရေးသမားတွေကို
သတိပေးလိုတာက အရင်က သေနတ် ကိုင်တဲ့ အာဏာရှင်။ အခုက တဘက် ကိုင်တဲ့ အာဏာရှင်။ သေနတ်သာ
ကြောက်စရာကောင်းတာ မဟုတ်ဘူး။တဘက်လည်း ကြောက်စရာကောင်း တယ်။ ဒါကြောင့် ဒီမိုကရေစီအစိုးရပဲ
ဆိုပြီး ယုံစားမိသူတွေထဲ မပါမိစေနဲ့။ ဒုက္ခလှလှတွေ့မှာစိုးလို့ပါ။
ငြိမ်းချမ်းသာ
ဆက်သွယ်မေးမြန်းသည်။
No comments:
Post a Comment