Friday, March 2, 2018

“အသိပေး ပန်ကြားချက်”




“အသိပေး ပန်ကြားချက်”
ဦးပဉ္စင်း၏ဖေးဘုတ် Wira Thu အကောင့် 24.1.2018 ရက်နေ့တွင် အပိတ်ခံလိုက်ရပါသည်။
၎င်းနောက် အကောင့်သစ်ဖွင့်ခြင်း၊ သူတစ်ပါးအကောင့် ယူငင်သုံးစွဲခြင်းများ ပြုသော်လည်း တာရှည်မခံပါ။
သို့သော် ဦးပဉ္စင်းလှုပ်ရှားမှုသတင်းများ ဆောင်းပါးများကို အဆက်မပြတ် ရေးသားနေဆဲဖြစ်ပါသည်။
ဖေးဘုတ်အကောင့် လက်ကိုင် မရှိတော့သော်လည်း ဦးပဉ္စင်းနှင့် ပတ်သက်သည့် သတင်းများ ပျံ့နှံ့နေဆဲ ဖြစ်ပါသည်။
နောင်တစ်ချိန်တွင် နိုင်ငံရေးအရ လုပ်ကြံတိုက်ခိုက်လိုသူများက ဦးပဉ္စင်း၏ ကလောင်အမည်နှင့် ရက်စွဲ နာရီ အချိန်တို့ကို ဦးပဉ္စင်း ရေးသားသည့်အတိုင်း တုပ၍ လုပ်ကြံဖန်တီးနိုင်ပါသည်။
ထို့ကြောင့် သတင်းဌာနများ သတင်းသမားများအနေဖြင့် ဦးပဉ္စင်းအကြောင်း ရေးသားထုတ်လွှင့်မည်ဆိုလျှင် အတည်ပြုချက် ရယူပြီးမှ ရေးသားထုတ်လွှင့်စေလိုပါသည်။
အကယ်၍ တမင်တကာ လုပ်ကြံဖန်တီးထားသည့် အတုအပများကို ယူသုံးထားသည်ကို တွေ့ရလျှင် ဦးပဉ္စင်းအား တရားဝင် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ လူသိရှင်ကြား ပြန်လည် တောင်းပန်ရပါမည်။
ထိုသို့မတောင်းပန်နိုင်လျှင် ဥပဒေကြောင်းအရ တရားသောနည်းလမ်းဖြင့် တရားဥပဒေ၏ အဆုံးအမကို ခံယူကြရပါမည်။
ဖေးဘုတ်အကောင့်ပိုင်ရှင်များလည်း အတုအပကို အဟုတ်ထင်၍ ဦးပဉ္စင်းအား ပြစ်မှားစော်ကားခဲ့သော် ပြန်လည်တောင်းပန်ခြင်း၊ သို့မဟုတ် တရားဥပဒေ၏ အဆုံးအမကိုခံယူခြင်းများဖြင့်  ကျေနပ်သည်အထိ ပြန်လည်ဖြေရှင်းပေးရပါမည်။
ဦးပဉ္စင်း၏ သတင်းများနှင့် ဆောင်းပါးများ ပို့စ်များကို အကောင့်ပျက်ခံပြီး တင်ပေးနေကြသော အမျိုးသားရေးဝါဒီ မျိုးချစ် ညီအစ်ကိုမောင်နှမအားလုံးကို အထူးတလည် ကျေးဇူးဥပကာရ တင်ရှိနေပါသည်။
ဦးပဉ္စင်း၏ ပရိသတ်များလည်း အောက်ပါ လင့်များသို့ ဝင်ရောက်၍ ကြည့်ရှုနိုင်ပါသည်။
ဦးပဉ္စင်းကိုယ်တိုင် တရားဝင်ဖွင့်လှစ်ထားသော ဝက်ဘ်ဆိုက်များနှင့် အက်ပလီကေးရှင်းများ ဖြစ်ပါသည်။
မြန်မာ website - https://www.wirathu.com
အင်္ဂလိပ် wrbsite - https://www.eng.wirathu.com

Application - Wira Thu (Ma Soe Yein) http://www.mediafire.com/file/fs3379si3y7suyb/Wira%20Thu%20%28Ma%20Soe%20Yein%29.apk
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
2.3.2018
PM 10:13

No comments:

Post a Comment