“ထမင်းဝအောင်စားထား
ဖွင့်ဆိုချက်”
====================
(6.2.2018
ဓမ္မသဟာယကျောင်းမှာ မိန့်ကြားတဲ့ဖိုင်လ်နှင့်၊ 12.2.2018 မြိတ်မြို့မှာ မိန့်ကြားတဲ့ဖိုင်လ်
နှစ်ခုကို ပေါင်းစပ် ဖွင့်ဆိုပေးထားပါတယ်။)
သူတော်ကောင်းကို
စော်ကားတဲ့သူတွေ ထမင်းဝအောင်စားထား
သံဃာတော်ကို
ပြစ်မှားတဲ့သူတွေ ထမင်းဝအောင်စားထား
တရားပွဲတွေ
ပိတ်ပင်တဲ့သူတွေ နှောက်ယှက်တဲ့သူတွေ ထမင်းဝအောင်စားထား
ငရဲကျရင်
ခင်ဗျားတို့ ထမင်းစားချိန်ရှိမှာမဟုတ်ဘူး။
ပြိတ္တာဖြစ်ရင်
ထမင်းစားစရာ ပါးစပ်တောင် ပါမှာမဟုတ်ဘူး။
ဒါကြောင့်
ထမင်းဝအောင်စားထား။
သူတော်ကောင်းကို
စော်ကားတဲ့သူတွေ ထမင်းဝအောင်စားထားလို့ ဦးဇင်းက ပြောတာ ဝီရသူကို စော်ကားတဲ့သူတွေ ထမင်းဝအောင်စားထားလို့
ပြောတာမဟုတ်ဘူး။
ခင်ဗျားတို့နိုင်ငံရေးသမားတွေက
ခင်ဗျားတို့နဲ့ အမြင်မတူတော့ဘူးဆိုရင် ရွာမဆရာတော်ကြီးတွေကိုလည်း ချမ်းသာပေးတာမဟုတ်ဘူး။
သီတဂူဆရာတော်ကြီးလည်း
တပ်တွင်တရားဟောလို့ဆိုပြီးတော့ ဝိုင်းပြစ်မှားကြတာ။
ပါချုပ်ဆရာတော်ကြီးလည်း
အလွတ်မပေးဘူး။
ဟိုအရင်တုန်းကဆိုရင်
မင်းကွန်းဆရာတော်ကြီးကိုတောင် မညှာကြဘူး။
ခင်ဗျားတို့နိုင်ငံရေးသမားတွေက
တကယ်လို့ဂေါတမမြတ်စွာဘုရားက ရာဇောဝါဒသုတ္တန် အခုဟောရင်တောင်မှ ထဆဲမည့်သူတွေ။
အဲဒီလို သူတော်ကောင်းတွေကို
စော်ကားတဲ့သူတွေကို ရည်ရွယ်ပြီး ကျုပ်က ထမင်းဝအောင်စားထားလို့ ပြောတာ။
သံဃာတော်တွေကို
စော်ကားတဲ့သူတွေ ပြစ်မှားတဲ့သူတွေ ထမင်းဝအောင်စားထားလို့ပဲ ကျုပ်ပြောတယ်။
ဝီရသူကို
ပြစ်မှားစော်ကားတဲ့သူတွေ ထမင်းဝအောင်စားထားလို့ ကျုပ်မပြောဘူး။
မဘသကို ဆွမ်းမလောင်းဘူးတို့၊
မဘသဆို ဆွမ်းမလောင်းနဲ့တို့၊ မဘသကျောင်းတိုက် ကထိန်မခင်းနဲ့တို့ ဒီလို သံဃာတော်တွေကို
သိမ်းကြုံးပြီး ပြစ်မှား စော်ကားကြတဲ့သူတွေ ပြည်တွင်းမှာရော ပြည်ပမှာရော အများကြီးပဲ။
နိုင်ငံရေးသွေးဝင်လို့
ရိုင်းကုန်ကြတဲ့သူတွေ၊ အဲ့ဒီပုဂ္ဂိုလ်တွေကို ကျုပ်တို့က ဘုရားသားတော်ပီပီ သတိပေးတဲ့အနေနဲ့
ငရဲအန္တရာယ်၊ ပြိတ္တာအန္တရာယ်တွေကို သိမြင်ထားလို့ သတိပေးတာ အဲ့ဒါဘုရားသားတော်အလုပ် မဟုတ်ဘူးလား။
ဝီရသူရဲ့
တရားပွဲ ပိတ်ပင်နှောက်ယှက်တဲ့သူတွေ ထမင်းဝအောင်စားထားလို့ ကျုပ်မပြောဘူး။
တရားပွဲ ပိတ်ပင်နှောက်ယှက်တဲ့သူတွေလို့
ဧကဝုဗ်နဲ့လည်း ကျုပ်မဆိုဘူး၊ တရားပွဲတွေ ပိတ်ပင်နှောက်ယှက်တဲ့သူတွေ ထမင်းဝအောင်စားထားလို့
ကျုပ်ပြောတာ။
ကျုပ်တို့မြန်မာနိုင်ငံမှာ
ခေတ်အဆက်ဆက် အစိုးရတွေ ဆရာတော်သံဃာတော်တွေ နိုင်ငံရေးတရားဟောပြီဆိုရင် တရားပွဲပိတ်ပင်ခဲ့တာတွေ
ရှိတယ်။
ဟိုးခေတ်က
လယ်တီဆရာတော်ဘုရားကြီးဦးဝိလာသ၊ ခမောင်ဆရာတော်တို့ အရင်အစိုးရလက်ထက်မှာ ရှိတာ၊ ဒီအစိုးရလက်ထက်မှာလည်း
ရှိတယ်၊ ပိဋကတ်တော်နဲ့မညီလို့ တရားဟောပြောခွင့်ပိတ်တယ်၊ ဒါ မဖြစ်မနေ ပိတ်ကိုပိတ်ရမယ်၊
ပိဋကတ်တော်နဲ့ ညီပါလျက်နဲ့ တရားပွဲပိတ်ပင်တယ်ဆိုရင် ပုညန္တရာယ်လည်း ထိုက်တယ်၊ လာဘန္တရာယ်လည်းထိုက်တယ်၊
သက္ကန္တရာယ်လည်း ထိုက်တယ်၊ မဂ္ဂန္တရာယ်လည်းထိုက်တယ်၊ ဓမ္မန္တရာယ်လည်း ထိုက်တယ်၊ အင်မတန် အန္တရာယ်ကြီးတယ်၊
အဲဒီအင်မတန်အန္တရာယ်ကြီးတဲ့အလုပ်ကြီးကို စိတ်ပါလက်ပါ ပျော်ပျော်ပါးပါးကြီး အားရပါးရ
လုပ်ခဲ့ကြတဲ့သူတွေ ရှိတယ်။
အဲ့ဒီပုဂ္ဂိုလ်တွေကို
ရည်ရွယ်ပြီးပြောတာပါ။
ရှေးဆရာတော်တွေ
တရားပွဲအပိတ်ခံရတာကနေစပြီး အခုနောက်ပိုင်းဆရာတော်တွေအထိ အပြစ်မရှိ အပြစ်ရှာ တရားပွဲပိတ်ဖို့
တိုင်ကြားတဲ့သူတွေ၊ တိုက်တွန်းတဲ့သူတွေ၊ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးကို ရည်ရွယ်ပြီးတော့
တရားပွဲတွေ ပိတ်ပင်တဲ့သူ နှောက်ယှက်တဲ့သူ ထိုသူတွေ ထမင်းဝအောင်စားထားလို့ ဘုရားသားတော်ပီပီ
သတိပေးတာကို လူသားပီပီ ဘာမှ တရားဓမ္မဆိုတာမသိဘဲနဲ့ ခွန်းတုန့်ပြန်ပြီး ကတ်ကတ်လန်အောင်
ရန်တွေ့နေကြတာလည်း အင်မတန် အန္တရာယ်ကြီးပါတယ်။ အင်မတန် အပြစ်ကြီးပါတယ်။
အဲ့ဒီအပြစ်မျိုးကိုလည်း
နိုင်ငံရေးသမားမှ ကျူးလွန်ရဲကြတာပါဗျာ။
ဝီရသူ(မစိုးရိမ်)
ကြည်လင်းဆရာတော်။
No comments:
Post a Comment