Wednesday, February 14, 2018

“မြိတ်ခရီးစဉ်-၂”



“မြိတ်ခရီးစဉ်-၂”
==========
 
10.2.2018 ရက်နေ့ မွန်းလွဲပိုင်းမှာ ပွဲဖြစ်မြောက်ရေးအဖွဲ့သားများ သြဝါဒပေးပါတယ်။
မြိတ်မြို့ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်မှာ ရှင်မတောင်ဆရာတော်ကြီးနှင့်အတူ သြဝါဒပေးတာပါ။
သြဝါဒပေးအပြီးမှာ ဆိပ်ကမ်းသို့ ထွက်ခဲ့ကြပါတယ်။
ဆိပ်ကမ်းမှ စပိဘုတ်ဖြင့် လေးကျွန်းပင်လယ်ပြင် အပန်းဖြေစခန်းသို့ ထွက်ခဲ့ကြပါတယ်။
ပင်လယ်ပြင်ကြီးကိုဖြတ်သန်းသွားကြရတာပါ။
စပိဘုတ်က တစ်နာရီ ၃၆မိုင်နှုံးဖြင့် ပြေးဆွဲတာပါ။
စီးရတာ အရသာတစ်မျိုးရှိပါတယ်။
လှိုင်းတွေပေါ် ဖြတ်မောင်းတဲ့အခါ မညီမညာ ကျင်းချိုင့်တွေအပေါ် ကားသွားသလိုပါပဲ တဒိန်းဒိန်း တဒုန်းဒုန်းနှင့် ဘုရားတနေရပါတယ်။
စားငွေ့လေပါတဲ့ ပင်လယ်လေငံကို ရှူရှိုက်ရင်း ရေခိုးရေငွေ့တွေကို ရှူရှိုက်ရင်း တစ်နာရီကျော် နှစ်နာရီနီးပါး စီးနင်းရပါတယ်။
ညနေစောင်းမှာ လေးကျွန်းကိုရောက်ပါတယ်။
အင်မတန်သာယာပါတယ်။
လေးကျွန်းမှာ ခဏနားပြီး မြိတ်သို့ ပြန်လာခဲ့ပါတယ်။
အပြန်ခရီးက ပိုပြီး အန္တရာယ်ကြီးပါတယ်။
ညအခါလည်း လှိုင်းကလည်းပိုကြီး လူကလည်းပိုများလာလို့ လှေပေါ်ပါသူအားလုံး ဘုရားတရားမြဲနေကြပါတယ်။
စာရေးသူကတော့ လှေဦးမှာထိုင်ရင်း ရေခိုးရေငွေ့ပါတဲ့ လေငံကိုအဝရှူရင်း ပဋ္ဌာန်းရွတ်လိုက် မဟာသမယသုတ်ရွတ်လိုက် ပရိတ်ပဋ္ဌာန်းရွတ်ဆိုနေရင်း တစ်ခါတစ်ရံမှာ အိပ်ငိုက်ငိုက်သွားပါတယ်။
ထော်လာဂျီပေါ်မှာတောင်  နြေ္ဒမပျက် အိပ်တတ်တဲ့စာရေးသူအတွက်တော့ စပိဘုတ်က ငြိမ့်ငြိမ့်ညောင်းညောင်းပါပဲ။
အားလုံး ကုန်းပေါ်ပြန်ရောက်မှပဲ စကားပြောနိုင်ကြပါတော့တယ်။
လေးကျွန်းခရီးစဉ်ကတော့ အမှတ်တရလေးပါ။





























No comments:

Post a Comment