“လောကဓံ ကစားပွဲ”
(မြစေတီရဲကျောင်းဆရာတော်ကြီးက
ဦးဝီရသူအား အားပေးဆုံးမသော ကဗျာဖြစ်သည်။)
၁။ လောကဓံလေလှိုင်း
မုန်တိုင်းဆင်စေ၊
လျှိုမြောင်ချောက်ကြား
ကျသွားပါစေ
မဆုတ်မတွဲ့
အားနွဲ့မခွေ
ကျားတို့ဇွဲ
အားခဲကြံဆောင်မလေ။
၂။ အခက်အခဲ
ဖျက်ခွဲကြုံသော်
နှလုံးမျှခိုက်
ပြုံးလိုက်ပါနော်
ပူပန်ကြောင့်ကြ
ဖြောင့်ဖြဖြေဖျော်
ကစားပွဲ စိတ်ထဲမှတ်လို့နော်။
မြစေတီဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
ပါဠိပါရဂူ
အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေး(ဗဟို)
အထွေထွေအတွင်းရေးမှူးချုပ်
မော်လမြိုင်မြို့၊
မွန်ပြည်နယ်။
No comments:
Post a Comment