"ငွေတွင်း
မဘသ စုပေါင်းသွေးလှူဒါန်းပွဲ"
======================
ဒီကနေ့
ဝါခေါင်လပြည့်နေ့ 7.8.2017 ရက်နေ့ နေ့လည်ပိုင်းမှာ မန္တလေး ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်မှာ
ကျင်းပပါတယ်။
ငွေတွင်း
မဘသ ဆရာတော်သံဃာတော်များ ဦးဆောင်ပြီး ငွေတွင်း ရွာသူရွာသားများ လာရောက်လှူဒါန်းတာပါ။
နိုင်ငံတော်ဘာသာနေ့
အထိမ်းအမှတ် ကျင်းပတာဖြစ်ပြီး ဒီနှစ်နဲ့ဆို နှစ်ကြိမ်ရှိပါပြီ။
ရွာသူရွာသား
တစ်ရာကျော် လာရောက်လှူဒါန်းရာမှာ သွေးအိတ်ပေါင်း ၁၁၁ အိတ် ထမြောက်အောင်မြင်ပါတယ်။
သွေးပေါင်မပြည့်လို့
လှူခွင့်မရတဲ့သူတွေလည်းရှိပါတယ်။
ငွေတွင်း
မဘသ သွေးလှူဒါန်းပွဲမှာ အစာအာဟာရ ဆေးဝါးနှင့် စာအုပ်စာစောင် လက်ဆောင်များကို စာရေးသူက
ဒါနပြုပါတယ်။
သွေးလှူရှင်များ၏
ဖြူစင်သန့်ရှင်းတဲ့သွေးများနှင့် ခုနစ်ရက်သားသမီးဝေဒနာများ အမြန်သက်သာပျောက်ကင်းကြပါစေ။
ဝီရသူ(မစိုးရိမ်)
7.8.2017
PM
10:07
No comments:
Post a Comment