"ခေါင်းစဉ်လွဲသော
ခေါင်းဆောင်အတွဲ"
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဆောင်ရွက်ချက် ခေါင်းစဉ်လွဲနေပါတယ် ဗျာ။
ဝမ်းတွင်းမြို့နယ်
မြေတိုင်ကန်ကျေးရွာမှာ ပြုလုပ်တဲ့ ပွဲမျိုးကျတော့ ငြိမ်းချမ်းရေးစကားဝိုင်းခေါင်းစဉ်နဲ့
မလိုက်ဖက်ဘူးဗျ။
ပြည်သူနှင့်အတူဆိုတဲ့ခေါင်းစဉ်နဲ့
လုပ်ရမည့်ပွဲမျိုးဖြစ်နေတယ်ဗျ။
ငြိမ်းချမ်းရေးစကားဝိုင်းလို့လည်းဆိုသေး
အရက်ဆိုင်တောင်မရှိတဲ့ ရွာလေးတစ်ရွာမှာ အပစ်အခတ်ဆိုတာ ဘာမှန်းမသိတဲ့ ဘိုးဘွားတွေနဲ့
ငြိမ်းချမ်းရေးစကားပြောတယ်ဆိုတော့ ခါးတောင်းကျိုက်တစ်ခြား တင်တစ်ခြား ဖြစ်နေတော့တာပေါ့ဗျာ။
တကယ်ဆို
ငြိမ်းချမ်းရေးစကားဝိုင်းခေါင်းစဉ်နဲ့လုပ်သင့်တာက ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်
အဖွဲ့အစည်းတွေနဲ့ ထာဝရငြိမ်းချမ်းရေးရအောင် တစ်ဖွဲ့ချင်းစီဖိတ်ခေါ်စကားပြောရမှာ၊ သူတို့ရဲ့
အခက်အခဲ လေးတွေကိုဖြေရှင်းပေးရမှာဗျ။
အဲဒီနောက်
အပစ်အခတ်မရပ်စဲရသေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သီးခြားစီတွေ့ဆုံပြီး နားထောင်ပေးရမှာတွေ၊
ဖြေသိမ့်ပေးရမှာတွေ၊ ညှိနှိုင်းပေးရမှာတွေ၊ တရားပြရမှာတွေ၊ နားချရမှာတွေ လုပ်ရမှာ၊ လုပ်ပြီးရင်
တစ်ဖွဲ့ချင်းစီအပစ်အခတ်ရပ်စဲအောင်၊ ထာဝရငြိမ်းချမ်းရေးထိရောက်အောင် စိတ်ရှည်ရှည်ထားပြီး
စည်းရုံးရမှာဗျ။
အဲဒါတွေအပြင်
မငြိမ်းချမ်းသေးတဲ့နေရာများသို့ အရောက်သွားပြီး မြေစာပင်ပြည်သူတွေကို အားပေးရမှာ၊ နှစ်သိမ့်ရမှာ၊
ကူညီရမှာ၊ စောင့်ရှောက်ရမှာ၊ အကာအကွယ်ပေးရမှာဗျ။
နှစ်ဖက်ပဋိပက္ခကြီးမားတဲ့
မောင်တောလို၊ ဘူးသီးတောင်လို နေရာမျိုးသွားပြီး အသက်အန္တရာယ် လည်းကြောက်ရ၊ အသက်မွေးဝမ်းကြောင်းလည်းလုပ်ခွင့်မရ၊
ကျီးလန့်စာကြား ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို သားသမီးအရင်းခြာသဘောထားပြီး နှစ်သိမ့်ဖေးမ
အားပေး ကူညီ စောင့်ရှောက် ကာကွယ်ပေးရမှာဗျ။
အဲဒီလောက်ထိ
မစွန့်စားနိုင်ရင်တောင် စစ်တွေလိုနေရာမျိုးမှာ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပပြီး
သေဆုံးသူ တိုင်းရင်းသားတို့၏ မိသားစုများရဲ့ သောကမျက်ရည်တွေကို ကရုဏာလက်တော်နဲ့ ဖြေသိမ့်
ပေးရမှာဗျ။
ပြည်သူနှင့်အတူခေါင်းစဉ်နှင့်
သွားရမည့် နေရာတွေကို ရွေးချယ်ရာမှာ NLD အစိုးရလက်ထက်မှာ သိသိသာသာ ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ကျေးရွာတွေကို
ဦးစားပေးရွေးချယ်ရမှာဗျ။
အဲဒါတွေပြီးရင်
NLD အားမကောင်းတဲ့ကျေးရွာတွေကို ဒုတိယဦးစားပေးအဆင့် သတ်မှတ်ထားရမှာဗျ။
နောက်ဆုံးမှာမှ
ကိုယ်စိတ်ကြိုက်နေရာတွေရွေးချယ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး
စတာတွေနဲ့ လုပ်မယ်ဆိုရင် ပိုမကောင်းပေဘူးလားဗျာ။
အခုဟာကဗျာ
ငြိမ်းချမ်းရေးလုပ်ရမဲ့နေရာဒေသမှာ ငြိမ်းချမ်းရေးမလုပ်၊ ပြည်သူနှင့်အတူခေါင်းစဉ်နဲ့သွားရမဲ့
နေရာ ပြည်သူနှင့်အတူခေါင်းစဉ်နှင့်မသွား ဘာတွေမှန်းကိုမသိတော့ပါဘူးဗျာ။
ဒါကိုပဲ
လော်ဘီတွေက တစ်ကြော်ကြော်အော် လော်ဘီလုပ်နေရတာမြင်တော့
သြော်.........
နှာခေါင်းမပါတဲ့သတ္တဝါတွေပါလားလို့
အောက်မေ့မိတယ်ဗျ။
နှားခေါင်းမပါတော့
သူများမွှေးတိုင်း မွှေးတယ်ပေါ့ဗျာ။
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးကိုလည်း စာနာမိသွားတယ်ဗျာ။
သူ့ခများ
ငြိမ်းချမ်းရေးလည်းလိုလား ပြည်သူနှင့်အတူလည်းရပ်တည်ချင်ပါလျက် ခေါင်းစဉ်တစ်ခြား အလုပ်တစ်ခြား
ဖြစ်နေတာကို ဝိုင်းဝန်းကူညီ အကြံပေး ထိန်းကျောင်း မပေးကြဘဲ လုပ်သမျှအကောင်းချည်း သြဘာပေးနေကြတော့
သူ့ခများ မိတ်ဆွေကောင်းတွေနဲ့ မတွေ့ရတော့ဘူးပေါ့ဗျာ။
မိတ်ဆွေကောင်းဆိုတာ
အင်မတန် တန်ဖိုးရှိတယ်ဗျ။
အခုတော့
မိတ်ဆွေကောင်းမဟုတ်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့
အချိန်တွေ လုပ်အားတွေ အလဟဿ ဆုံးရှုံးနေတော့တာပေါ့ဗျာ။
တိုင်းပြည်ဘဏ္ဍာတွေလည်း
နှမြောစရာဖြစ်သွားတော့တာပေါ့။
ဒါကြောင့်
နှာခေါင်းမပါသော လောကကြီးကို အမြင်မတော်သူများ နှာခေါင်းများတပ်ပေးကြပါလို့ မေတ္တာရပ်ခံ
ပန်ကြားလိုက်ပါတယ်ဗျာ။
ဝီရသူ(မစိုးရိမ်)
8.8.2017
PM
12:15
No comments:
Post a Comment