"တရားလိုအဖမ်းခံရခြင်း"
===============
ဒီကနေ့
7.8.2017 ရက်နေ့ ညနေပိုင်းမှာ ကိုကျော်မျိုးရွှေတစ်ယောက် အဖမ်းခံလိုက်ရပါတယ်။
သူရုံးချိန်းသွားတာက
မဟာအောင်မြေတရားရုံးပါ။
သူ့ကိုဖမ်းတာက
အမှတ်(၁၀)ရဲစခန်းပါ။
ချမ်းမြသာစည်တရားရုံးမှာ
ရီမန်ယူပြီး အိုးဘိုထောင်ကို ပို့လိုက်ပါပြီ။
၅၀၅(ခ)နဲ့ပါ။
သပိတ်စခန်းမှာ
ပါဝင်ပတ်သက်မှုအရ ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူး တိုင်ကြားထဲ ငါးဦးထဲမှာ ကိုကျော်မျိုးရွှေပါတယ်လို့
ဆိုပါတယ်။
မန္တလေးသပိတ်စခန်းနှင့်ပတ်သက်တာကြောင့်လို့
သိရပါတယ်။
ကိုကျော်မျိုးရွှေက
သပိတ်ဦးဆောင်သူလည်း မဟုတ်ပါဘူး။
ဆန္ဒပြတာလည်း
မတွေ့ရပါဘူး။
သပိတ်စခန်းကို
သွားတာတော့ မှန်ပါတယ်။
ဝန်းရံသူလို့ပြောရင်တော့
ရပါတယ်။
ဘာကြောင့်
သူ့ကို အဲ့ဒီလိုတိုင်ရတယ်ဆိုတာတော့ မသိရပါဘူး။
တင်ဇော်ကို(ခ)ဂျေကြီးလည်း
တိုင်ကြားခံရတဲ့ငါးဦးထဲ ပါတယ်လို့ ဆိုပါတယ်။
ဂျေကြီးဆိုတာ
စာရေးသူထောင်မှထွက်ကတည်းက တရားပွဲတွေမှာ တိပ်ခွေနှင့်စာအုပ်တွေ ဖြန့်ချီရောင်းချပေးနေသူပါ။
အမျိုးသားရေးစိတ်ဓာတ်အပြည့်ရှိလို့
အိမ်ထောင်ကျတာတောင် တရားပွဲတွေလက်မလွှတ်ဘဲ အမျိုးသမီးပါခေါ်လာပြီး ပါရမီဖြည့်သူလေးဖြစ်ပါတယ်။
သူလည်းဆန္ဒပြတဲ့အထဲ
မပါပါဘူး။
မီးဆင်ခိုင်းလို့
သွားဆင်ပေးတာနဲ့ပဲ တိုင်ကြားခံရတယ်လို့ သူ့ကိုယ်သူ ထင်မြင်ချက်ပေးနေပါတယ်။
ငါးဦးထဲက
ဦးမြင့်ဦးကိုတော့ သိပါတယ်။
နောက်နှစ်ဦးတော့
မသိပါ။
ဘာပဲပြောပြော
ဝီရသူရဲ့ လက်ရုံးတွေကိုတော့ ပစ်မှတ်ထားဖြုတ်ပစ်နေပါပြီ။
ပင်စည်ကိုလိုချင်တာနဲ့
အကိုင်းအခက်လေးတွေကို အရင်ရှင်းပုံရပါတယ်။
ဒီအစိုးရလက်ထက်မှာ
ထူးခြားတာလေးတစ်ခုတော့ မှတ်တမ်းတင်နိုင်တော့မှာပေါ့လေ။
လာမည့်
၂၁ ရက်နေ့ မဟာအောင်မြေတရားရုံး ရုံးချိန်းမှာ တရားလိုက လက်ထိပ်လေးနဲ့လာပြီး တရားခံက
ထောင်ထွက်လူမိုက်ကြီးတွေအစောင့်အရှောက်နဲ့ ဂုဏ်ယူဝင့်ကြွားစွာ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး
မီဒီယာအနိုင်ကျင့်မှုကြီးတွေ လုပ်ဆောင်ပြနေဦးမှာဆိုတာပါပဲ။
ဝီရသူ(မစိုးရိမ်)
7.8.2017
PM
9:50
No comments:
Post a Comment