"တကယ်ကြီးဟ"
==========
အလုပ်သမားတွေ လယ်သမားတွေ၊ သူနာပြုတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ဆရာ
ဆရာမတွေ၊ အမျိုးသားရေးသမားတွေက သာဝန်ရှုတ်ချပွဲလိုမျိုးတွေ အကြီးအကျယ်လုပ်ကြပါလျက် အတိုင်ပင်ခံရုံးက
အသံထွက်မလာလို့ ဒါတွေမသိဘူးလို့ အောက်မေ့နေတာ။
ကျေးဇူးတင်လွှာလေး လိုင်းပေါ်တက်လာတုန်းက သိပ်မယုံခဲ့ဘူး။
အကောင့်အတုတွေ အင်သတင်းတွေပဲ အောက်မေ့လိုက်တာ။
အခု သတင်းစာတွေမှာ ပါလာမှ တကယ်ကြီးဟလို့ အံ့အားသင့်သွားတာ။
အင်း........................
ဘာပဲဖြစ်ဖြစ် သူသိတယ်ဆိုလို့ ကျေနပ်ပါတယ်။
ဒါနဲ့ စကားမစပ်
ရခိုင်ပြည်မှ လူနည်းစု မြိုတိုင်းရင်းသားတွေ အစုလိုက် အပြုံလိုက်
အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းလေးတွေ စာနာပြပေးဖို့ အစီစဉ် ရှိ/မရှိ
မေးပါရစေနော်။
ဝီရသူ(မစိုးရိမ်)
7.8.2017
8:23
==========================================================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
“ပြည်သူသို့ကျေးဇူးတင်လွှာ”
၁၃၇၉ ခုနှစ် ဝါခေါင်လဆန်း ၁၄ ရက်
(၂၀၁၇ခုနှစ် သြဂုတ်လ ၆ ရက်)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
“ပြည်သူသို့ကျေးဇူးတင်လွှာ”
၁၃၇၉ ခုနှစ် ဝါခေါင်လဆန်း ၁၄ ရက်
(၂၀၁၇ခုနှစ် သြဂုတ်လ ၆ ရက်)
၁။ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် သြဂုတ်လ
၂ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့ အထိ မျိုးချစ်အဖွဲ့အမည်ခံ သံဃာအချို့နှင့်
လူပုဂ္ဂိုလ်အချို့တို့က နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန် ထိုင်သပိတ်များပြုလုပ်ကာ ဆန္ဒပြမှုများ
ဆောင်ရွက်ခဲ့ပါသည်။
၂။ ပြည်သူလူထုအနေဖြင့် ဤလုပ်ရပ်များကို ထောက်ခံခြင်း၊
ပူးပေါင်းပါဝင်ခြင်းများ မပြုခဲ့သည့်အပြင်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရအဖွဲ့များကလည်း ဥပဒေနှင့်အညီ တည်ငြိမ်စွာဖြင့် ကိုင်တွယ်ဖြေရှင်း
ဆောင်ရွက်ခဲ့ကြပါသည်။
၃။ နိုင်ငံ၏ရေရှည်အကျိုးကို မျှော်ကိုးပြီး
နိုင်ငံသူနိုင်ငံသားတို့က တာဝန်သိစိတ်ဖြင့် ရပ်တည်ခဲ့ခြင်း အတွက် ကျေးဇူးဥပကာရ
အထူးပင်တင်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment