“အမှတ်တစ်မူဆလင်တွေ
အကာအကွယ်မဲ့နေ”
=========================
ဒါကတော့
မူဆလင်အချင်းချင်းဖြစ်တဲ့အမှုပါ။
အသက်မပြည့်သေးတဲ့
သမီးဖြစ်သူကို မော်လဝီသင်တန်းကျောင်း တက်ရောက်နေတဲ့ မော်လဝီလူငယ်တစ်ဦးက နှစ်ကြိမ်တိတိခိုးပြေးပြီး
ပစ်ထားခဲ့တဲ့အမှုပါ။
သမီးဖြစ်သူက
အရွယ်မရောက်သေးပါ။
သားမှတ်မှတ်
မယားမှတ်မှတ် ပေါင်းသင်းမယ်ဆိုရင်လည်း သမီးရှင်မိဘများက ကြည်ကြည်ဖြူဖြူပေးစားမှာပါ။
ဒါပေမဲ့
နေအိမ်မပြန်ရဲရင်လည်း အဆိပ်သောက်သေလိုက်လို့ နှမချင်းမစာနာ ပစ်ထားခဲ့တာကြောင့် မိဘတွေက
မကျေနပ်တာပါ။
မော်လဝီရဲ့အကိုကလဲ
ငါ့ညီနဲ့မပေးစားနိုင်ဘူး ခုခေတ်မှာ ဒီလိုမျိုးစုံတွဲတွေအများကြီးပဲ။ အိမ်မပြန်ရဲရင်လည်း
အဆိပ်သောက်ပြီး ဇာတ်လမ်းရှင်းပစ်လိုက်ဟု ဖုန်းဖြင့် မညှာမတာပြောရက်တာကြောင့် ကောင်မလေးက
အကိုက်အခဲပျောက်ဆေးတွေသောက်မိလို့ ဆေးရုံတက်ခဲ့ရတဲ့အဆင့်ထိ ရောက်ခဲ့ရပါတယ်။
ဒီအမှုကို
မူဆလင်အသိုင်းအဝိုင်းထံ အကူအညီတောင်းသော်လည်းပဲ ဘယ်သူမှ မကူညီကြပါဘူး။
ရဲစခန်းသွားတော့လည်း
မော်လဝီဘက်က အင်အားကောင်းနေလေတော့ နေ့ရွှေ့ ညရွှေ့နဲ့ အချိန်ကျန့်ကြာနေခဲ့ပါတယ်။
နောက်ဆုံးတော့
ကြံရာမရဖြစ်ပြီး မဘသ ရုံး ရောက်လာတော့တာပါ။
မူဆလင်အချင်းချင်းလည်းဖြစ်ပြန်
နစ်နာသူလည်းဖြစ်ပြန်ဆိုတော့ စည်းမျဉ်းစည်းကမ်းအရ ကူညီလို့လည်းမဖြစ်၊ လူမှုရေးအရ မကူညီလို့လည်း
မသင့်တာကြောင့် ဥပဒေရေးရာအဖွဲ့နှင့် တိုင်ပင်ပြီး အကြံဉာဏ် အကူအညီပေးခဲ့ရပါတယ်။
ပုဒ်မ
၃၆၆ နှင့် မော်လဝီကို ဖမ်းဆီးထားပါပြီ။
မကြာခင်
ရုံးတင်ပါတော့မယ်။
ဖခင်ဖြစ်သူက
တက္ကစီမောင်းသူဖြစ်တာကြောင့် ငွေရေးကြေးရေးအခက်အခဲရှိပါတယ်။
အမှတ်(၁)မူဆလင်ခေါင်းဆောင်ကြီး
ဒိုင်းမွန်းရွှေကြည်ထံ အကူအညီတောင်းဖို့ ချိတ်ဆက်ပေးလိုက်ပါတယ်။
ဒိုင်းမွန်းရွှေကြည်က
ငွေနှစ်သိန်းလှူပါတယ်။
တစ်ခြားသော
အမှတ်(၁)အမျိုးအစား မူဆလင်မိတ်ဆွေတွေထံ အလှူခံပေးမည်လို့လည်း ပြောပါတယ်။
ဒီနေ့ညနေမှာပဲ
ရှေ့နေတစ်ဦးနဲ့ ချိတ်ဆက်ပေးလိုက်ပါတယ်။
အမှတ်(၁)မူဆလင်ဆိုတာ
မြန်မာ့ယဉ်ကျေးမှုနှင့်အညီ နေထိုင်ပြီး တိုင်းရင်းသားများနှင့် သဟဇာတဖြစ်ကြ သူတွေကိုဆိုလိုပါတယ်။
အမှတ်(၁)မူဆလင်တွေကို
ကာကွယ်ပေးကြပါဗျာ။
ကျန်တာတော့
မူဆလင်အဖွဲ့ချုပ်ကြီးရဲ့ သဘောထားအပေါ် မူတည်ပါတယ်။
ဝီရသူ(မစိုးရိမ်)
26.7.2017
PM
11:14
No comments:
Post a Comment