အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ
ဖောင်ဒေးရှင်း(ဗဟို) ၏ သဘောထား ထုတ်ပြန် ကြေညာချက်။
_________________________________________________

ယခုတလော အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကြီးနှင့် ပတ်သက်၍
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းများကို မလိုလားသူများက ပြည်တွင်းရော
ပြည်ပပါ ပူးပေါင်း၍ နည်းအမျိုးမျိုး ပုံစံ အမျိုးမျိုး အခြေအနေ အမျိုးမျိုး ကနေ
ရသည့် နည်းဖြင့် ၀ိုင်းဝန်း တိုက်ခိုက် ထိုးနှက် ဖျက်ဆီးနေကြသည်။ ဗုဒ္ဓဘာသာ
မြန်မာလူမျိုးများ သည်ပင် သူတို့၏ လှည့်ကွက်ထဲသို့
ဝင်ရောက်မိနေကြသည်။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းကို မလိုလားသူများ၏-
၁။ ကိုးကားချက် အထောက်အထားများ
၂။ ထောက်ပြ ဝေဖန်ချက်များသည်
များသောအားဖြင့် မဆီမဆိုင်သော အထောက်အထားများ အဆင့်မရှိသူများ၏ ပြော စကားများ ရေးသားချက်များ ဖြစ်၍ မခိုင်လုံသော အထောက်အထားများနှင့် ထောက်ပြ ဝေဖန် ချက်များသာ ဖြစ်သည်ကို တွေ့ရသည်။
ဥပမာ ဖားအောက်တောရ ဆရာတော်၊ယောဆရာတော်တို့၏ သြ၀ါဒစကားများသည် မဘသ ကို ရည်ရွယ်ပြောဆိုခြင်း မဟုတ်ကြောင်း ကာယကံရှင် ဆရာတော်များထံ သွားရောက် မေးမြန်းလျှင် သိနိုင်ပါသည်။ ထို့ကြောင့် မဆီမဆိုင်သော အထောက်အထား များသာ ဖြစ်သည်။ ၄င်းအပြင် သူတို့ကိုးကားသည့် အခြား အဆင့်မရှိသူ ပုဂ္ဂိုလ်တို့၏ အဆင့်ကိုကား သက်ဆိုင်ရာ သိရှိနားလည်သူများကို မေးကြည့်သောအားဖြင့် သိနိုင်ပါလိမ့်မည်။

၁။ နဂိုမူလကပင် ၂၀၀၈-ဖွဲ့စည့်ပုံအခြေခံ ဥပဒေအရသော်လည်းကောင်း၊
အသင်းအဖွဲ့ များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရသော်လည်းကောင်း ညီညွှတ်လျက်ရှိပါသည်။
၂။ မူလရှိရင်း ဂိုဏ်းကြီး ၉-ဂိုဏ်းမှ သီးခြား သံဃာ့ဂိုဏ်း မဟုတ်သဖြင့် ဂိုဏ်းပေါင်းစုံ သံဃာ့ အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများအရ ငြိစွန်းခြင်းမရှိအောင် ဖွဲ့စည်းထားခြင်းဖြစ်၍ မည်သည့် ပုဂ္ဂိုလ်,မည်သည့်အဖွဲအစည်းကမျှ ဥပဒေအရ တရားဝင်ဖျက်ဆီး၍ မရသော အဖွဲ့အစည်းကြီး ဖြစ်ပါသည်။ မတရားအာဏာသုံး၍ ဖျက်ခိုင်းလျှင်လည်း ဥပဒေမဲ့ လုပ်ရပ်သာ ဖြစ်ပေမည်။
၃။ မည်သည့် နာမည်ဖြင့် သုံးစွဲသည်ဖြစ်စေ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းများကတော့ ပြောင်းလဲမှု လုံးဝမရှိပါ။ နဂိုမူလအတိုင်း ရပ်တည်လုပ်ဆောင်နေ မည် ဆက်လက်ရှင်သန်နေမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ယင်းသို့ ဥပဒေနှင့်အညီ ရပ်တည်နေသော မိမိတို့ အဖွဲ့အစည်းအား နည်းအမျိုးမျိုး ပုံစံ အမျိုးမျိုး အခြေအနေ အမျိုးမျိုး ကနေ ရသည့်နည်းဖြင့် ၀ိုင်းဝန်း တိုက်ခိုက် ထိုးနှက် ဖျက်ဆီးနေကြသူများ၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် တရားနှင့်အညီ ပြန်လည်တုန့်ပြန် သွားမည်ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတေ ဖာင်ဒေးရှင်း အဖွဲ့ကြီးက သဘောထားထုတ်ပြန်လိုက်သည်။

စာအမှတ်၊ ၀၀၀၃/စီမံ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း/၂၀၁၇
နေ့စွဲ ၊ ၁၃၇၉-ခု ၀ါခေါင်လဆန်း ၃-ရက်၊ (ဇူလိုင် ၂၆-ရက်၊၂၀၁၇)ဗုဒ္ဓဟူးနေ့

ဦးဆောင်တာဝန်ခံ နာယကများ
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီး
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီး
No comments:
Post a Comment