“မန်း
မဘသ ရေဘေး အထူးအစည်းအဝေး”
========================
26.7.2017
ရက်နေ့ ည ၈း၀၀ နာရီ သာသနပါလကျောင်းမှာ ကျင်းပပါတယ်။
အတွင်းရေးမှူးချုပ်ဆရာတော်ကြီး
ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) အမှူးပြုသော ဆရာတော် သံဃာတော်များ အလုပ်အမှုဆောင် ကော်မတီ အမျိုးသားများ
တက်ရောက်ကြပါတယ်။
လတ်တလော
ဖြစ်ပျက်နေတဲ့ ရေဘေးသင့်အရပ်ဒေသများနှင့်ပတ်သက်ပြီး တတ်နိုင်သလောက် ကူညီပံ့ပိုးနိုင်ရန်
ဆွေးနွေးကြတာပါ။
ရေဘေးကယ်ဆယ်ရေးခရီးအတွက်
တညီတညွတ်တည်း သဘောတူကြပြီး ကူညီရမည့် နည်းလမ်းပိုင်းနှင့် လိုက်နာရမည့် စည်းကမ်းပိုင်းများကို
အသေးစိတ် ဆွေးနွေးကြပါတယ်။
ရက်အတိအကျ
မသတ်မှတ်ခြင်း အချိန်အတိအကျ မကြေညာခြင်း လမ်းခရီးမှာ ဗီနိုင်းတွေ ဆိုင်းဘုတ်တွေ မျက်စိနောက်အောင်
မထောင်ခြင်း အပါအဝင် ကယ်ဆယ်ရေးခရီး ချောမွေ့ဖို့အတွက် စေတနာအပြည့်အဝနှင့် ဆွေးနွေးကြတာပါ။
မန်း
မဘသကတော့ ပုံမှန်အလုပ်တွေ ပြန်လုပ်နေပါပြီ။
ခါတိုင်းနှစ်တွေလိုပဲ
ရေဘေးကူညီရေးကုသိုလ်ပြုကြပါတော့မယ်။
ဘယ်နေ့
ဘယ်အချိန် ဘယ်နေရာ ဘာတွေလှူမယ်ဆိုတာကိုတော့
စောင့်မျှော် ကြည့်ရှုမှ မြင်တွေ့ရမည် ဖြစ်ပါကြောင်း……..။
လောလောဆယ်
မြစ်ကြီးနားမြို့နေ ဦးကျော်သူ+ဒေါ်စိုင်းခွန်မိသားစုက အလှူငွေ ဆယ်သိန်းကျပ်၊ ပြည်ကြီးတံခွန်မြို့နေ
ဦးမိုးဟိန်း+ဒေါ်ယုယုထွေးမိသားစုက အလှူငွေ တစ်သိန်းကျပ် လှူဒါန်းထားပါသည်။
No comments:
Post a Comment