“အမလေး
မြင့်မြတ်လိုက်တဲ့ဘုရား”
===================
သူ့ဘုရားမြင့်မြတ်တာနဲ့ပဲ
လူတွေကို လိုက်သတ်ရတယ်လို့ ကြား ကြားဖူးပါဘူး ဘယ်လိုဘုရားမျိုးမှန်းကို မသိဘူး။
လူသတ်သမားတွေ
ဘယ်လိုအကြောင်းကြောင့်ပဲ လူသတ်သတ် သူတို့ကိုးကွယ်တဲ့ဘုရားမကြိုက်မှန်း သိကြတယ်။
ဒါကြောင့်
ခရစ်ယာန်ဘုရားကိုလည်း လူသတ်မှုထဲ ဆွဲမသွင်းဘူး။
ဟိန္ဒူဘုရားကိုလည်း
လူသတ်မှုထဲ ဆွဲမသွင်းဘူး။
ဗုဒ္ဓဘုရားကိုလည်း
လူသတ်မှုထဲ ဆွဲမသွင်းဘူး။
အခြား
အခြား ဘယ်ဘုရားကိုမှ လူသတ်မှုထဲ ဆွဲမသွင်းဘူး။
ဒီလူသတ်သမားတွေကျမှပဲ
လူသတ်တိုင်း သတ်တိုင်း ဘုရားသခင်မြင့်မြတ်ပါတယ်ချည်း လုပ်နေတော့တယ်။
မြင့်မြတ်တာအရေးမကြီးဘူး
လူတွေသေတာ အရေးကြီးတယ်။
ဒါကြောင့်
ဘာသာမတူသူတွေကို သတ်ပေးမှ ဘုရားသခင်ကြီးက မြင့်မြတ်သွားမှာလား။
ဒါမှမဟုတ်
ဘာသာမတူသူတွေကို သတ်ပေးတဲ့သူကိုမှ ဘုရားသခင်ကြီးက ကောင်းချီးပေးမှာလား။
ဒါကြီးကို
မူဆလင်ခေါင်းဆောင်တွေ ဖြေရှင်းဖို့သင့်ပြီဗျာ။
ဥပမာ
အကြမ်းဖက်သတ်ဖြတ်တဲ့ဖြစ်ရပ်တွေမှာ
ဘုရားသခင်ကိုဆွဲမထည့်ဖို့ သတိပေးတာမျိုးတော့ လုပ်သင့်တယ်။
ဝီရသူ(မစိုးရိမ်)
29.7.2017
PM
10:13
==========================================================
“စပိန်တွင်
အမျိုးသားတစ်ဦးက ဘုရားသခင်သည် ကြီးမြတ်သည်ဟု အော်ဟစ်၍ ဓားဖြင့်တိုက်ခိုက်ခဲ့”
စပိန်နယ်မြေ
မယ်လေလာနှင့် မော်ရိုကိုကြားရှိ နယ်စပ်စခန်းတွင် ဇူလိုင် ၂၅ ရက်က အမျိုးသားတစ်ဦးသည်
ဓားဝှေ့ယမ်း၍ ဘုရားသခင်သည် ကြီးမြတ်သည်ဟု အော်ဟစ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း
တာဝန်ရှိသူ များက ပြောကြားခဲ့သည်။
ယင်းအမျိုးသားအား
ရဲက ဝင်လုံး၍ ဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းထားကြောင်း စပိန်ပြည်ထဲရေးဝန်ကြီး ဟွမ်အီဂနာဆီယိုဇိုအဒိုက
Twitter တွင် ရေးသားခဲ့သည်။ သို့သော်လည်း ယင်းဖြစ်ရပ်သည် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှု
ဟုတ် မဟုတ်ကို ၄င်းက မပြောကြားခဲ့ပေ။
ဇိုအီဒိုသည်
ယင်းဖြစ်ရပ်၏ လုံခြုံရေးကင်မရာမှတ်တမ်းအား Twitter တွင် တင်ခဲ့ရာ အပြာရောင် အင်္ကျီဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဓားကိုင်ပြီး
နယ်စပ်စခန်းကို ဖြည်းဖြည်းချင်းလမ်းလျှောက် ဝင်ရောက်ခဲ့ပြီး ထို့နောက် ရဲများက ယင်းအမျိုးသားထံ
ချဉ်းကပ်၍ ဖမ်းဆီးခဲ့ကြောင်း တွေ့ခဲ့ရသည်။
အမျိုးသားတစ်ဦးက
နယ်စပ်စခန်းထဲကိုဝင်လာတယ်။ အထဲရောက်တာနဲ့ ဓားထုတ်ပြီး ရဲကို အလ္လာဟူကဘာ ဟု အော်ပြီး
ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ ရဲတစ်ယောက်အနည်းငယ် ဒဏ်ရာရသွားခဲ့ပါတယ်ဟု မယ်လေလာရှိ စပိန်အစိုးရကိုယ်စားလှယ်ရုံးမှ
ပြောခွင့်ရ အမျိုးသမီး အီရင်ဖလောရေးက ပြောကြားခဲ့သည်။
ကနဦးစုံစမ်းစစ်ဆေးမှုအရ
ယင်းအမျိုးသားသည် မော်ရိုကိုတစ်ဦးဖြစ်ကြောင်း သိရသည်ဟု ဖလော်ရေးက ပြောကြားခဲ့သည်။
မယ်လေလာနှင့် ညီနောင်မြို့ ဆီအူတာတို့သည် မော်ရိုကိုမြောက်ဘက်ကမ်းတန်းတွင် စပိန်နယ်မြေများဖြစ်ပြီး
အာဖရိကနှင့် ဥရောပသမဂ္ဂအကြား ကုန်းလမ်းကြောင်း နယ်စပ်များဖြစ်ကြသည်။
မော်ရိုကိုအများစုသည်
ယင်းစပိန်နယ်မြေအများစုတွင် နေထိုင်နိုင်ပြီး နေ့စဉ်ဝင်ထွက်လာကာ အကောင်ခွန်လွတ်ထုတ်ကုန်များကို
ဝယ်ယူနိုင်ကြသည်။ မယ်လေလာနှင့် ဆီအူတာတို့သည် ဥရောပသို့ ရောက်ရှိရန် ကြိုးပမ်းသည့်
ရွှေ့ပြောင်းအခြေချများအတွက်လည်း အဓိကဆွဲဆောင်မှုနေရာဖြစ်သည်။
မယ်လေလာနယ်စပ်သည်
ယခုနှစ်၌ ကားဖြင့် ဝင်တိုက်ခံရသည့် ဖြစ်ရပ်သုံးကြိမ်ရှိခဲ့ပြီး ယင်းကားများတွင် ရွှေ့ပြောင်းအခြေချများကို
ခိုးဝှက်သယ်ဆောင်ကာ နယ်စပ်စခန်းအား အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း
ကားဖြင့် တိုက်ခိုက်ခဲ့သည့် ယခုဖြစ်ရပ်သည် ပထမဆုံးဖြစ်ဖွယ်ရှိသည်။ စပိန်သည် အနီးနားရှိ
ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီတို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို
ယခုချိန်ထိ ကင်းလွတ် နေခဲ့သည်။ သို့သော်လည်း ၂၀၀၄ ခုနှစ် မတ်လတွင် ဥရောပ၏ အပြင်းထန်ဆုံးဂျီဟတ်တိုက်ခိုက်မှုကို
စပိန်က ခံခဲ့ရပြီး မတ်ဒရစ်တွင် ရထားများဗုံးခွဲခံရမှုကြောင့် ၁၉၁ ဦးသေဆုံးခဲ့သည်။
Ref:AFP
No comments:
Post a Comment