“လောကအလင်း
ညဂိုက်တန်းဖွင့်လှစ်ရေး စည်းဝေးပွဲ(၂)”
===============================
ဝါခေါင်လဆန်း(၂)ရက်
25.7.2017 မွန်းလွဲ ၁း၀၀ နာရီ လောကအလင်းပညာဒါကျူရှင်ကျောင်းမှာ ဆွေးနွေးပါတယ်။
31.7.2017
မှာ ညဂိုက်တန်းဖွင့်လှစ်ရေးအတွက် ကျောင်းသား ကျောင်းသူများ ကြို/ပို့စီစဉ်နိုင်အောင်
အကျိုးဆောင်ကော်မတီအတွက် အားဖြည့်တဲ့အစည်းအဝေးပါ။
မြရည်နန္ဒာရပ်ကွက်
ကွက်စိပ်မှူးကြီး ဦးမြင့်သိန်းနှင့် ကျောင်းကော်မတီ ဦးဝင်းနိုင်တို့ ဦးဆောင်ဆွေးနွေးကြ
ပါတယ်။
ကျောင်းသား
ကျောင်းသူများ အစစအရာရာ ပညာသင်ကြားရေး ချောမွေ့လွယ်ကူ စေရန် ရပ်ကွက်သူ ရပ်ကွက်သားများ
ဝိုင်းဝန်းဆွေးနွေးကြပါတယ်။
လောကအလင်းပညာဒါကျူရှင်ကျောင်းဟာ
မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ၅၃ လမ်းနှင့် ယုဇနလမ်းထောင့်မှာ တည်ရှိပါတယ်။
၂၀၁၂
ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကျောင်းသားကျောင်းသူပေါင်း ၁၇၀ ကျော်ရှိပါတယ်။
၁၀
တန်းသီးသန့်ဖြစ်ပြီး နေ့ဘက်မှာ Fresher နှင့် Repeater နှစ်တန်းခွဲပြီး သင်ကြားပါတယ်။
ညဂိုက်တန်းမှာတော့
Fresher ဖြစ်စေ Repeater ဖြစ်စေ မိသားစုက အကြိုအပို့ လုပ်ပေးနိုင်သူ ကျောင်းသားကျောင်းသူများကိုသာလက်ခံပါတယ်။
၂၀၁၆/၂၀၁၇
ပညာသင်နှစ်မှာ ၁၆ ဦးအောင်ပါတယ်။ အားလုံး ညဂိုက်တန်းတက်ရောက်သူချည်း ဖြစ်ပါတယ်။
ဒါကြောင့်
ညဂိုက်တန်း လူတိုင်းတက်နိုင်အောင် ကျောင်းအကျိုးဆောင်ကော်မတီဖွဲ့ပြီး စောင့်ရှောက်ဖို့
ဆွေးနွေးကြတာပဲဖြစ်ပါတယ်။
ကျောင်းသား
ကျောင်းသူ ၁၇၀ ဦးကို ကျူရှင်စရိတ် သုံးသိန်းစီနှင့်ပဲတွက်ဦးတော့ သိန်းပေါင်း ၅၁၀
ကုန်ကျမှာပါ။
မိဘ
၁၇၀ ဦး ကုန်ကျမည့် ငွေကို အဖွဲ့က အကုန်အကျခံလိုက်ခြင်းပဲ ဖြစ်ပါတယ်။
No comments:
Post a Comment