Tuesday, March 7, 2017

ကျေးဇူးတင်ပါတယ် ဆရာတော်များဘုရား


ကျေးဇူးတင်ပါတယ် ဆရာတော်များဘုရား
*********************************


ကမ္ဘာအေးကုန်းမြေ ဗဟိုဝန်ဆောင်သံဃာ့အစည်းအဝေး၌
အမျိုးစောင့်ဥပဒေလိုအပ်ကြောင်းနှင့်
မဘသအဖွဲ့ရှိသင့်ကြောင်း
စစ်ကိုင်းဗဟို ဝန်ဆောင်ဆရာတော်မှ အကြံပြုလွှာတင်သွင်း
**************************************************************
ရန်ကုန်၊ကမ္ဘာအေး၊ ၇၊၃၊၂၀၁၇

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သတ္တမအကြိမ် ပဉ္စမအစည်းအဝေးမနက်ပိုင်း၌ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီး(၅)ပါးကို ရွေးချယ်တင်မြှောက်ခြင်းနှင့်
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်
ဆရာတော်များ၏ အကြံပြုလွှာများ
တင်သွင်းကြပါတယ်။

စာရေးသူတို့ကတော့ ဒီအစည်း အဝေးရောက်မှသာ ဗဟိုသံဃာ့ဝန်ဆောင်အဖြစ်
အတည်ပြုတာဖြစ်လို့
တင်သွင်းချိန်မမီတော့ပါ။
ထိုအကြံပြုလွှာများတွင် စစ်ကိုင်းတိုင်းဒေသကြီး
ကလေးမြို့၊ ၊ ချမ်းမြအောင်စည် စာသင်တိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဥတ္တရသာရက အကြံပြုလွှာပေးရာတွင်.....

"နိုင်ငံတော်သံဃမဟာနာယကဆရာတော်များ တာဝန်မကျေ
သူ့ဆန်စား မရဲကြသောကြောင့် မဘသအဖွဲ့ပေါ်လာသည်ဟု သံဃာထုကထင်မြင်နေကြပြီး အချို့ကဆိုးဆိုးဝါးဝါးဝေဖန်နေကြပါကြောင်း၊ယင်းအထင်အမြင်ဝေဖန်မှုများပပျောက်စေရန် သံဃာထု၏ ယုံကြည်မှုရအောင်တည်ဆောက်ဖို့လိုကြောင်း၊

အမျိုး စောင့်ဥပဒေပေါ်ခဲ့ရခြင်းသည် သာသနာတော်ကိုထိခိုက်မည်ထင်သော အဆောက်အဦများပေါ်လာမှုမှကင်းဝေး ခြင်း၊အခြားမလိုလားအပ်သောအကြောင်းအရာများ မဖြစ်ပေါ်အောင်တားမြစ်ခြင်းကြောင့် အမျိုးသားရေးလက္ခဏာဆောင်သော မဘသအဖွဲ့ ရှိသင့်ပါကြောင်း"ဖြင့်အကြံပြု သွားပါတယ်။
မဟန၏ပြန်ကြားလွှာ
-------------------------
ထိုအကြံပြုချက်ကို မဟနက မယုတ်မလွန်ဖြေကြား သွားပါတယ် မဟနဖြေကြားလွှာတွင်....

"ထေရဝါဒဗုဒ္ဓသာသနာတော်၏အရေးသည် တပည့်တော်များအားလုံး ၏တာဝန်ဖြစ်၍ ဆောင်ရွက်ကြသူ ရဟန်းရှင်လူပြည်သူများ ဆောင် ရွက်ချက်များကို သာဓုအမြဲခေါ်ဆိုလျက်ရှိပါသည် ။
သို့ရာတွင် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ထုတ်ပြန်ထားခြင်းဖြစ်၍ ယင်းအခြေခံ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့် တည်ဆဲဥပဒေများအရ သာဆောင်ရွက်ရမည်ဖြစ်ကြောင်းပြန်ကြားအပ်ပါ သည်"ဟုပါရှိပါသည်။

ထိုကိုထောက်၍ မဘသ၏အမျိုးစောင့်ဥပဒေပေါ်လာအောင် လုပ်ဆောင်ခြင်းနှင့်
အမျိုးဘာသာသာသနာဆောင် ရွက်ချက်များကို မဟနက နားလည်လက်ခံပါကြောင်းနှင့် ဤအတွက်ရဟန်းရှင်လူများ
လုပ်ဆောင်ချက်ကိုသာဓုခေါ် ပါကြောင်း

သို့ရာတွင် သံဃာ့ကိစ္စလုပ်လျင် သံစည်းလုပ် ထုံးလုပ်နည်းနှင့်အညီလုပ်ဆောင်ပါ။ အမျိုးသားရေးလူမှုရေးကိစ္စလုပ်လျင် သက်ဆိုင်ရာလူ့ဥပ ဒေနှင့်အညီလုပ်ဆောင်ပါ"ဟုအကြံပြုထားတာတွေ့ရပါတယ်။
မဟနဆရာတော်များ သက်တော်ရာကျော်ရှည်ပါစေ
အကြံပြုလွှာတင်သွင်းသော ဦးဥတ္တရသာရကဲ့သို့ ဗဟိုဝန် ဆောင်ဆရာတော်များ များများပေါ်ထွန်းပါစေ။

Ref; မင်းကျောင်း အရှင်စန္ဒောဘာသ-ရမည်းသင်း
"မဘသ(ဗဟို) Online Media"






No comments:

Post a Comment