''ခြေဥပြင်လိုသူတွေကို
မဘသ သတိပေးဆိုသည့်သတင်းကိစ္စ ဦးဝီရသူ ရှင်းလင်း''
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
''ဝီရသူအနေဖြင့်
ပြောဆိုခြင်းက မဘသကို ကိုယ်စားပြုပြောခြင်း
မဟုတ်ကြောင်းနှင့်မဘသတစ်ဖွဲ့လုံး လူသတ်မှုထဲပါအောင် ဆွဲထည့်နေခြင်းများ ရပ်တန့်ရန်
သတိပေး''
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂ဝ၁၇ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာ၊ မျက်နှာဖုံးမှာ ထက်ခေါင်လင်း (Myanmar Now) ရဲ့'အခြေခံဥပဒေ ပြင်လို
သူတွေကို မဘသ သတိပေး'ဟူသောသတင်းကို ဖော်ပြထားပြီး
ရှေ့နေဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ခဲ့ကြတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊
အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးတို့ကို ကျေးဇူးတင်ကြောင်း ဦးဝီရသူကပြောကြား
ထားတယ်လို့လည်း ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆရာတော်
ဦးဝီရသူရေးတင်ထားတဲ့Post ကို ကိုးကားပြီးတော့စံတော်ချိန်က
ဖော်ပြခဲ့တာပဲဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်၊ တစ်နေ့တည်းထုတ်7DayDaily သတင်းစာမှာလည်း 'အခြေခံဥပဒေပြင်လိုသူတွေကို မဘသ သတိပေး'ဆိုတဲ့ သတင်းကို ထပ်တူဖော်ပြခဲ့တာတွေ့ရပါတယ်။
ဒါပေမဲ့ ဆရာတော် ဦးဝီရသူကတော့ သူ့ရဲ့လူမှုကွန်ရက်အကောင့်
မှာ ရေးသားဖော်ပြတယ်ဆိုတာက မဘသအဖွဲ့ရဲ့ ခေါင်းစဉ်အောက်ကနေ
ရေးတာမဟုတ်ကြောင်း ဖွင့်ဟထားပြီးသတင်းမီဒီယာများ၊ မလိုလားအပ်တဲ့ အဖွဲ့အစည်းများအနေနဲ့ မဘသတစ်ဖွဲ့လုံးကို လူသတ်မှုထဲ ပါအောင် ဆွဲထည့်နေတာမျိုးတွေ ရပ်တန့်ပေးသင့်ကြောင်း မိန့်ကြားသွားခဲ့ပါတယ်။
'ဦးဇင်းတို့က အခြေခံဥပဒေကို ပြင်တဲ့သူကို သတိပေးတာမဟုတ်ဘူး။ ဖျက်တဲ့လူကို သတိပေးတာ။ နောက်ပြီးတော့ ဝီရသူက သတိပေးတာလေ၊ မဘသက သတိပေးတာမဟုတ်ဘူး။ အဲဒါကို သူတို့တွေက မဘသ၊ မဘသလို့ခြေဥပြင်လိုသူတွေကို မဘသ သတိပေးဆိုသည့်သတင်းကိစ္စ ဦးဝီရသူ ရှင်းလင်းခေါင်းစဉ်တပ်ပြီး ပြည်သူလူထုနဲ့ ရန်တိုက်ပေးနေတာ။ ဆရာတော်ကြီးတွေနဲ့ မဘသတစ်ဖွဲ့လုံး လူသတ်မှုထဲ ပါဝင်လာအောင် အတင်းလှုံ့ဆော်နေကြတာပါ။ အဲဒါတွေ ရပ်တန်းကရပ်အောင်လို့ ဦးဇင်း
က ပြောလိုက်တာပါ။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အကောင့်ဖွင့်
ထားပြီးရေးတယ်ဆိုရင်တော့ သူတို့ပြောသလို မဘသအာဘော်ပေါ့။ အခုဟာက အကောင့်နာမည်ကလည်း ဝီရသူလေ။ ရေးတဲ့သူကလည်း ဝီရသူ(မစိုးရိမ်)ပဲလေ။ မဘသအဖွဲ့ဆိုပြီးလည်းတစ်လုံးမှမပါဘဲ မဘသချည်း လွှဲချနေကြတာ။သူတို့ကျတော့ မကောင်းတဲ့ကိစ္စတွေဆို တကယ်ပါဝင်
ပတ်သက်နေတာတောင် ဗြောင်ငြင်းကြတယ်'လို့ ဆရာတော်ဦးဝီရသူက မိန့်ကြားသွားခဲ့တာပါ။
စံတော်ချိန်သတင်းထဲမှာ မဘသအဖွဲ့၊အတွင်းရေးမှူးဖြစ်တဲ့ မွန်ပြည်နယ်၊
မြစေတီဆရာတော်ကလည်း ဦးကိုနီလိုမျိုး အခြေခံဥပဒေပြင်လိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေအများအပြားရှိတယ်လို့ မိန့်ကြားခဲ့ကြောင်းဖော်ပြ ပါရှိခဲ့ပါသေးတယ်။
'ဦးကိုနီက မွတ်ဆလင်တွေ နေရာရအောင် တိုင်းပြည်ရဲ့ခြံစည်းရိုးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခုချင်းဖယ်ရှားနေတယ်။အခုချိန်မှာက တိုင်းပြည်ရဲ့အခြေအနေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့မလိုသေးဘူး။ ရလည်း မရသေးဘူး။ ဒါကို ပြင်မယ်လို့ ပြောနေရင် အမုန်းပွားနေ
ဦးမှာပဲ'လို့ မြစေတီဆရာတော်က မိန့်ကြားခဲ့ကြောင်း သိရပါတယ်။
ဆရာတော်ဦးဝီရသူကတော့ ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စအတွက် မဘသ
အဖွဲ့ ဆရာတော်ကြီးတွေကို ပြစ်မှားစော်ကားနေတာတွေဟာအပြစ်သိပ်ကြီး
တယ်လို့ မိန့်ကြားပါတယ်။
'နံပါတစ်ကတော့ဗျာ၊ အခမ်းအနားမှာဘယ်ချောင်ကြိုချောင်ကြားက
ရောက်လာမှန်းမသိတဲ့ ဇေယျာဖြိုး သူ့ဘာသာသူ ဓာတ်ပုံ ရိုက်ကွင်းထဲ ပါသွားတာကို သီတဂူဆရာတော်ကြီးတို့၊ ရွာမဆရာတော်ကြီးတို့ မဘသတစ်ဖွဲ့လုံးကို ဒီဓာတ်ပုံကြီး တင်တင်ပြီး အမှုတွဲနေတာပေါ့။
အဲဒီလို အမှုတွဲနေတာဟာ အကုသိုလ်အနေနဲ့ အင်မတန်အပြစ်ကြီးပါတယ်။ အဲဒီလိုလုပ်ရပ်တွေရှိလို့လည်း ဦးဇင်းတို့က ပြောနေရတာ'လို့ မိန့်ကြားသွား
ခဲ့တာပါ။
''မဘသ(ဗဟို)Online Media ''

No comments:
Post a Comment