"သိက္ခာမခြုံလို့
လိပ်ပြာမလုံတာလား"
======================
ဧရာဝတီတိုင်း၊
အိမ်မဲမြို့မှာ ဦးပဉ္ဇင်းဟောကြားမည့် တရားပွဲကို အိမ်မဲထွေအုပ်က ပိတ်ပင်နေပါတယ်။
အိမ်မဲမြို့နယ်၊
သဖြေလှရွာမှာ 13.3.2017 ရက်နေ့ ကျင်းပမှာပါ။
ရပ်ကျေးသံဃနာယက၊
မြို့နယ်သံဃနာယကအဖွဲ့တို့က ဟောခွင့်ပြုထားတာကို အိမ်မဲထွေအုပ်က ပိတ်ပင်ဖို့ ကြံစည်နေတာပါ။
တရားပွဲစီစဉ်သူ
ဦးမင်းလွင်ကို ဆင့်ခေါ်ပြီး ဦးပဉ္ဇင်းကို ဧရာဝတီတိုင်းအစိုးရက တရားဟောခွင့်ပိတ်ထားလို့ပါ။
တိုင်းလွှတ်တော်က ဟောခွင့်မပြုဖို့ ကြေးနန်းပို့ တားခိုင်းလို့ပါ ဆိုပြီး ဟန့်တားနေတာပါ။
အလားတူပဲ
11.3.2017 ရက်နေ့မှာ ဟောကြားမည့် အိမ်မဲမြို့နယ်၊ သရက်ကုန်း သီးကွင်းရွာ တရားပွဲဖြစ်မြောက်ရေးကော်မတီကိုလည်း
ပိတ်ပင်တားဆီးနေပါတယ်။
တိုင်းအစိုးရမှာ
တရားပွဲပိတ်ပင်ခွင့်မရှိသလို တရားပွဲပိတ်ပင်တဲ့ အလုပ်ဟာလည်း လွှတ်တော်ရဲ့ အလုပ်မဟုတ်ပါဘူး။
တိုင်းအစိုးရပိတ်ပင်ထားတာလည်း
မဟုတ်ပါဘူး။ ပုသိမ်ပွဲပျက်ပြီးမှ ငပုတောမြို့နယ်၊ ကျုံကူးရွာမှာ ဟောကြားခဲ့ပါသေးတယ်။
အပိတ်ပင်ခံထားရတဲ့သူတောင်
ဟောပြောနေသေးတာ၊ သက်ဆိုင်ရာ သံဃနာယကအဖွဲ့က ခွင့်ပြုထားတဲ့ပွဲ မဟောရဲစရာ အကြောင်းမရှိပါဘူး။
စုံစမ်းမေးမြန်းနိုင်ပါသည်။
ဦးဝိမလသာရ-
09796302637/ 097870288078
ဦးမင်းလွင်-
09761791851/ 0931390069/ 09773555668

No comments:
Post a Comment