Thursday, March 16, 2017

ဦးဝီရသူ၏ အားပေးပြောဆိုမှု ပါရာဇိက မကျဟုသာသနာရေးဦးစီးမှူးပြောပြီ


ဦးဝီရသူ၏ အားပေးပြောဆိုမှု ပါရာဇိက မကျဟုသာသနာရေးဦးစီးမှူးပြောပြီ
==========================================

ရှေ့နေဦးကိုနီ အသတ်ခံရမှုတွင် သတ်သူအပါအဝင် ပါဝင်ကူညီသူများကို ကျေးဇူးတင်ရှိကြောင်း ဆရာတောဦးဝီရသူ၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စုံညီအစည်း
အဝေးတွင် တစ်စုံတစ်ရာဆွေးနွေးခဲ့ခြင်းမရှိသည်ကို
ထောက်ရှုခြင်းအားဖြင့် ပါရာဇိက မကျနိုင်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့် (ဝိနိစ္ဆယရေးရာ)က မြန်မာတိုင်းမ်ကိုပြောသည်။

" ဦးဝီရသူနှင့်ပတ်သက်ပြီး ပါရာဇိက ကိစ္စတော့ မဆွေးနွေးခဲ့ဘူးဆိုတော့ မကျလို့ မဆွေးနွေးတာ ဖြစ်မှာပါ။ သူကိုယ်တိုင်က သတ်တာလည်းမဟုတ်ဘူး။
အကုသိုလ်စိတ်နည်းနည်းတော့ရှိမှာပေါ့။ဒါကတော့ အာပတ်ဖြေရင်ပြီးသွားတာပါပဲ။ဒါကို အများအမြင်မှာ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာလောက်နဲ့တော့
ပြောလို့မရဘူး။ ဝိနည်းဓမ္မကံနှင့်ပတ်သက်ရင် ဝိနည်းဓိုရ် ဆရာတော်တွေကပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါကိုဆရာတော်ကြီးတွေက မပြောခဲ့ဘူးဆိုတော့ မကျဘူးလို့ဘဲ ကောက်ယူရမှာဖြစ်ပါတယ်""ဟု ၄င်းကဆိုသည်။

Ref: မြန်မာတိုင်းမ် 16-3-2017
Photo-ဆရာတော်ဦးဝီရသူအားဒီမိုများဝန်းရံစဉ်အခါက


No comments:

Post a Comment