လူချင်းလည်း မဆုံဖူးပါ။
မဘသ(ဗဟို)မှာ ဆွမ်းလာကပ်စဉ်တုန်းက ဒေါ်သက်သက်ခိုင်၏ မိသားစုနှင့်သာ တွေ့ရပါသည်။
စကားပြောချိန်မရလိုက်ပါ။
ဒေါ်သက်သက်ခိုင်ကလည်း ဦးပဉ္စင်းအား
ငွေကြေးအပါအဝင် ဘာမျှ မလှူ ဖူးပါ။
ဒေါ်သက်သက်ခိုင် မိသားစုကလည်း ထို့အတူ ဘာမျှ မလှူဖူးကြပါ။
ဝီရသူ ( မစိုးရိမ်)
17.3.2017
am 5:05
==================================
လေယာဉ်စရိတ်ပါကျခံပေးပါ့မယ်တဲ့
Aung N Htwe (ဂိုလ်ရှယ်လေး) ဆိုသူအား သိစေရန်
၂၀၁၇ခုနှစ် မတ်လ ၁၄ရက်နေ့ မြန်မာစံတော်ချိန် မနက်၆နာရီ ၃၄မိနစ်မှာ ဂိုလ်ရှယ်လေး ဆိုသူမှ ကျွန်မ ဒေါက်တာ သက်သက်ခိုင်( ဒဂုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၏ ဂုဏ်သိက္ခာ ကျဆင်း အောင် မဟုတ်မမှန် တင်ထားသော Post ကို လိုအပ်ချက်အရ ပြန်လည် ဖြေရှင်းရခြင်း ဖြစ်ပါတယ်။
ဂိုလ်ရှယ်လေးဆိုသူရဲ့ ရေးထားချက်အရ
(၁) ဒေါက်တာ သက်သက်ခိုင်မှ ဦးဝီရသူအား သိန်းပေါင်းရှစ်ထောင် လှူဒါန်းကြောင်းကို အခြေအမြစ်မရှိ သက်သေအထောက်အထားမရှိ ၎င်းရဲ့ ပို့စ်မှာ ရေးတင်ထားခြင်းဟာ လုံးဝ (လုံးဝ) မှားယွင်းနေပါတယ်။
(၂) ဂိုလ်ရှယ်လေးရဲ့ “ခင်ဗျားတို့ ခိုးတူးနေတဲ့ ရွှေတွင်းတွေအကြောင်းပါ လူထုအားလုံး သိစေရမယ်” ဆိုတဲ့ အချက်ဟာလည်း လုံးဝ (လုံးဝ) မှားယွင်းနေပါတယ်။ လူထုအားလုံး သိအောင် ပြောမယ်ဆိုရင် ပထမဦးစွာ Aung N Htwe Account ပိုင်ရှင် (ဂိုလ်ရှယ်လေး) ဆိုတာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အခုချက်ချင်း မိမိကိုယ်မိမိ လူထုအားလုံး သိအောင် အရင်ချပြပါ။
သက်သေအထောက်အထားမပြနိုင်ဘဲ အကောင့်အတုနဲ့ အခြေအမြစ်မရှိ ရေးတင်ထားတာ ဟာ Facebook ကို တာဝန်ယူမှု မရှိ၊ လူ့ကျင့်ဝတ်နှင့်မညီစွာ အသုံးချနေခြင်းသာဖြစ်ပါတယ်။
ဒီပို့စ် အရ ဂိုလ်ရှယ်လေးဟာ အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာတစ်ယောက်လို့ ယူဆ လို့ရပါတယ်။ မိမိကိုယ် မိမိ ဘယ်သူဘယ်ဝါဆိုတာ အတိအကျ ကြေငြာပြီး အထက်ပါ စွပ်စွဲ ပြောဆိုချက်များကို သက်သေပြနိုင်ဖို့ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုရင် ကျွန်မ ဒေါက်တာသက်သက်ခိုင်မှ လေယာဉ် စရိတ် ကျခံမည် ဖြစ်ပါကြောင်း ဂိုလ်ရှယ်လေးဆို သူအား သိစေအပ်ပါသည်။
Tin Sein Wine
N@y Linn


No comments:
Post a Comment