Friday, March 17, 2017

"ဝက်လက်မြို့နယ် ထုံးဘိုရွာ တရားပွဲ"

"ဝက်လက်မြို့နယ် ထုံးဘိုရွာ တရားပွဲ"
=====================

တပေါင်းလဆန်း(၆)ရက်၊ (3.3.2017) ည ၈း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှားကွဲအုပ်စု၊ ထုံးဘိုကျေးရွာ၊ မဟာဓမ္မကလျာဏီ ဗိမာန်တော် ရေစက်ချပွဲ ဓမ္မသဘင်။

ဗိမာန်အလှူရှင်များဖြစ်တဲ့ ဦးမြင့်ဆွေ+ဒေါ်အေးစန်း သား ဇော်မျိုးထက်၊ သမီး ဟေမာနေဝင်းတို့ရဲ့ ရှင်ပြုနားသ အလှူမင်္ဂလာအကြို တရားပွဲလေးပါ။
ဝက်လက်မြို့မှ ထုံးဘိုရွာအထိ အတော်ကြီးသွားရပါသေးတယ်။
ရှားကွဲကျေးရွာ ပစ္ဆိမာရုံဆရာတော်ကြီး ဦးသူရိယကို ဖူးမြော်ပူဇော်ပြီး သစ်ဆိမ့်ကျောင်းဆရာတော်ကြီး ဦးဣန္ဒဝံသတို့နှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။

မစိုးရိမ်တိုက်သစ်မှ တပည့်လေး အရှင်ပညာစာရ စီစဉ်တဲ့ပွဲပါ။ အလှူဒါယကာမိသားစုက အမျိုးသားရေးစိတ်ဓာတ် ကြီးမားကြလို့ အလှူတရားတော်အပြင် ထိုင်းနိုင်ငံအကြောင်းပါ ဟောကြားခဲ့ပါတယ်။


















No comments:

Post a Comment