"အတ္တလွန်ကဲ
တလွဲအာဏာ"
==================
ဧရာဝတီတိုင်းအစိုးရနဲ့
သာ/ယဉ် ဝန်ကြီးကို မေးလိုက်ချင်ပါတယ်။
ဝီရသူကို
ပိတ်ပင်ဖို့အတွက် မန္တလေးတိုင်း သံဃနာယကအဖွဲ့ထံ လျှောက်ထားခဲ့ပါသလား?
မန္တလေးတိုင်း
သာသနာရေးဦးစီးဌာနရဲ့ သဘောထားမှတ်ချက်တွေ တောင်းခံခဲ့ပါရဲ့လား?
နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက
ဝီရသူကို ဆင့်ခေါ်ဆုံးမတာမျိုး ရှိပါရဲ့လား?
ဒါ့အပြင်
ထပ်မံသတိပေးတာတို့၊ ခံဝန်ကတိပြုခိုင်းတာတို့ရော ရှိကြပါရဲ့လား?
၄၇
ပါးစုံညီအစည်းအဝေးခေါင်းစဉ်နဲ့ အရေးပေါ်ပြုလုပ်တဲ့ အစည်းအဝေးက ကမ္ဘာအေးမှာ ပြုလုပ်တာလား?
(ဝါ) နေပြည်တော်မှာပြုလုပ်တာလား?
နေပြည်တော်မှာ
ပြုလုပ်တာရော ထုံးစံရှိပါသလား?
တရားပွဲပိတ်ပင်တဲ့ကြေညာချက်
နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာပြီးပါပြီလား?
ကာယကံရှင်ဖြစ်တဲ့
ဝီရသူထံ ပို့ပေးပြီးပါပြီလား?
မန္တလေးတိုင်း
သံဃနာယက၊ မဟာအောင်မြေသံဃနာယကအဖွဲ့တို့ထံ ဆက်ကပ်ပြီးပါပြီလား?
မန္တလေး
တိုင်း/မြို့နယ် သံဃနာယကအဖွဲ့ ဝီရသူကို ခေါ်ယူပြသပြီးပါပြီလား?
အဲဒီလုပ်ထုံးလုပ်နည်းတွေ
မပြည့်စုံသေးတဲ့အမိန့်အာဏာဟာ တရားဝင်အမိန့်အာဏာအဆင့်ရောက်ပြီလား?
တိုင်းနှင့်ပြည်နယ်
သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ထံ မရောက်သေးဘူးဆိုရင် အမိန့်အာဏာစက် ပျံ့ပါပြီလား?
ဒါဆိုရင်
လက်ခံထားတဲ့ပွဲတွေ၊
ပွဲမိန့်ကျပြီးသားပွဲတွေ ဆက်လက်ဟောပြောခွင့် ရှိသေးတယ်ဆိုတာရော သိပါရဲ့လား?
"ဥပဒေ"
စကားတွေ ပြောလွန်းလို့ မေးကြည့်တာပါနော်။ ။
ဝီရသူ(မစိုးရိမ်)
13.3.2017
PM
7:55

No comments:
Post a Comment