Monday, March 13, 2017

"တိလင်ဆရာတော်ကြီး မွေးနေ့ပွဲ"

"တိလင်ဆရာတော်ကြီး မွေးနေ့ပွဲ"
=================
တပေါင်းလ္ဆန်း ၁၃ ရက် 10.3.2017 မွန်းတည့် 12:00 နာရီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၊ တိလင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက သယမ္ဘူစေတိယ သမုဋ္ဌာပက၊ အစိုးရဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာစရိယ၊ ဘဒ္ဒန္တအင်္လာရာဘိဝံသ ဆရာတော်ဘုရားကြီး သက်ရွယ်တော် ၈၄ နှစ်ပြည့် မွေးနေ့ပွဲပါ။

စစ်ကိုင်းမြို့နယ် ငါ့တရော်ကျေးရွာ ဇဝနာရာမတိုက်သစ်ကျောင်းဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ကြပါတယ်။

တိလင်ဆရာတော်ကြီး မွေးနေ့ပွဲမှာ သီးခြားအလှူ ၁၂၂သိန်းကျပ် လှူဒါန်းပါတယ်။

အဲဒီထဲမှာ မန်း မဟော်သဓာအတွက် သိန်း(၁၀၀)ကျပ်၊ မန်း မ.ဘ.သ ဥက္ကဋ္ဌ-ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီးအား ၃-သိန်းကျပ် လှူဒါန်းမှူလည်း ပါဝင်ပါတယ်။

စစ်ကိုင်းမြို့နယ်၊ ကန်ကြီးကုန်းရွာ၊ မြို့တော်သောင်းဌေး ရေးဖွဲ့ထားတဲ့ ရွှေမန္တလာမဟော်သဓာသီချင်းကို ကန်ကြီးကုန်းရွာ မြို့တော်ဗျောအဖွဲ့က သီဆိုပူဇော်ကြပါတယ်။

တိလင်ဆရာတော်ကြီးမွေးနေ့ပွဲမှာ တပ်ကုန်းမဟာသီဟနာဒ ရေးဖွဲ့ထားတဲ့ "တိလင်ကုန်းရပ် နှုံးထပ်မလွယ် ဘုန်းမြတ်အရွယ် ရှစ်ဆယ်ကျော်တဲ့ပွဲ" တေးထပ်ကို ကျောက်မဲမြို့ တေးသံရှင် ကိုအောင်အောင်က သီကျူးရွတ်ဆိုပူဇော်တဲ့အပြင် "ရွှေမန္တာက မဟောသဓာ" သီချင်းကို အခမ်းအနားအစမှာရော အခမ်းအနား အဆုံးမှာပါ နှစ်ကြိမ်တိုင် ရွတ်ဆိုပူဇော်တာက ထူးခြားမှုတစ်ခုပါပဲ။

တိလင်ဆရာတော်ဘုရားကြီး သက်ရှည် ကျန်းမာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝနိုင်ပါစေဘုရား။

















No comments:

Post a Comment