Monday, March 13, 2017

"ဝန်းသိုမြို့၊ တောင်ပို့လှရွာတရားပွဲ"

"ဝန်းသိုမြို့၊ တောင်ပို့လှရွာတရားပွဲ"
တပေါင်းလ္ဆန်း ၅ ရက်၊ ၂.၃.၂၀၁၇ ည ၈း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ တောင်ပို့လှကျေးရွာ ပညာသိပ္ပါရာမကျောင်း၊ သာသနတက္ကသီလမဟာဓမ္မာစရိယ၊ သာသနဓဇဓမ္မာစရိယဘွဲ့ရ အရှင်ကဝိန္ဒအား ဂုဏ်ပြုပူဇော်ပွဲအကြိုဓမ္မသဘင်။
ရွှေဘို တဂဏန်းရွာမှာ နေ့ဆွမ်းစားကြပါတယ်။ ကျောင်းထိုင်ဆရာတော်လေး အရှင်နိမလက ဟိတဓရဆရာတော်ရဲ့ တပည့်လေးပါ။ အလှူပွဲနှင့်ကြုံနေလို့ အလှူဒါယကာ အလှူဒါယိကာမတွေကို သြဝါဒပေးခဲ့ရပါသေးတယ်။
ဝန်းသို တောင်ပို့လှရွာရောက်တော့ ပညာသိပ္ပါရာမဆရာတော်ကြီးအား ဖူးမြှော်ပူဇော်ပြီး စာအုပ်စာစောင်များ ဆက်ကပ်ပါတယ်။
ဓမ္မာစရိယဘွဲ့ရ အရှင်ကဝိန္ဒအား ပူဇော်ပွဲဖြစ်လို့ ရှင်ကောင်း ရဟန်းကောင်းနှင့် ပတ်သက်တဲ့ သိန္ဓဝဇာတ်တော်လာ အာဇာနည်မြင်းလေးအကြောင်း ပလ္လင်ခံပြီး သမ္မာဒိဋ္ဌိဆယ်ပါးဟောကြားခဲ့ပါတယ်။
ရွာသူ ရွာသားတွေနှင့် လိုက်ဖက်လွန်းလို့ သဘောကျနေကြပါတယ်။


































No comments:

Post a Comment