"အမိန့်တော်မြတ်အတိုင်းပါဘုရား(၃)"
တပေါင်းလဆုတ်
(၄)ရက် 16.3.2017 ည ၈း၀၀ နာရီ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရပ်ကွက် မင်္ဂလာသုခကျောင်း ညချမ်းဓမ္မသဘင်။
မြစ်ကြီးနားမှာ
ကျင်းပတဲ့ ဒုတိယည ဓမ္မသဘင်ဖြစ်လို့ အရင်ညကလို အာဏာပိုင်တွေ လာရောက် လျှောက်ထားတာမျိုးတောင်
မရှိပါဘူး။
မြစ်ကြီးနားကတော့
အေးအေးချမ်းချမ်းပါပဲ။
မင်္ဂလာသုခဆရာတော်
ဘဒ္ဒန္တမုနိန္ဒ(ပြည်နယ် မ.ဘ.သ) မထေရ်မြတ်က သီလပေးရေစက်ချ ချီးမြှင့်ပါတယ်။
မင်္ဂလာသုခဆရာတော်
ဘဒ္ဒန္တမုနိန္ဒ သီလပေးအပြီးမှာ စာရေးသူက ပါးစပ်ကိုပလာစတာကပ်ပါတယ်။ ဖွင့်ပြတဲ့ တိတ်ခွေထဲက
တရားတော်ကတော့ အပရိဟာနိကတရား(၇)ပါး ထားဝရအောင်နိုင်ရေးတရားတော်ပါ။
မိနစ်(၃၀)ခန့်
ကြာပါတယ်။
တရားနာရင်း
ငိုရှိုက်သူတွေလည်းရှိရဲ့
မျိုသိပ်သူတွေလည်းရှိရဲ့
ဝေဒနာပေါင်းများစွာဖြင့်
အမျိုးဘာသာ သာသနာအတွက် ရတက်မအေးကြသူတွေလည်းရှိရဲ့။
ဘာပဲပြောပြောလေ
လူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေးကို အမြဲကြွေးကြော်နေတဲ့ အရပ်သားဒီမိုကရေစီ စစ် အစိုးရလက်ထက်မှာ
ပလာစတာဓမ္မကထိကဆရာတော်တစ်ပါးပေါ်ပေါက်လာတာကတော့ ဆယ်စုနှစ်တစ်စု ကြာရင် သမိုင်းအသစ်ဖြစ်တော့မှာမဟုတ်လား......?။
No comments:
Post a Comment