Monday, March 20, 2017

"မြင့်မိုရ်ပါရမီ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ"

"မြင့်မိုရ်ပါရမီ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ"
========================
တပေါင်းလဆုတ်(၇)ရက် 19.3.2017 မနက် ၉း၀၀နာရီ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်စံပြကျေးရွာ ရေဦးကျောင်းတိုက် သာသနဟိတကရ နယ်လှည့်ဓမ္မကထိက မြင့်မိုရ်ပါရမီဆရာတော် အရှင်ပဏ္ဍိတ ဦးစီးသင်ကြားဖွင့်လှစ်အပ်သော ပဉ္စမအကြိမ် ကလေးဗဟိုပြု ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲပါ။
မန္တလေးတိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တဇောတိကာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ကြပါတယ်။
ဥက္ကဋ္ဌဆရာတော်ကြီးက သီလပေးကာ နိရုတ္တိဆရာတော်တို့က သြဝါဒပေးပါတယ်။
အတွင်းရေးမှူးဆရာတော်က ရေစက်ချတရားဟောကြားပါတယ်။
အခမ်းအနားမစခင် တိုင်းသံဃနာယက ဆရာတော်ကြီးနှစ်ပါးနှင့် တရင်းတနှီး စကားပြောဖြစ်ကြပါတယ်။
"ဥပဒေတစ်ခုတည်း အမိန့်အာဏာတစ်ခုတည်းအောက်မှာ တစ်ပါးကချီးမြှင့်မြှောက်စားခံနေရလို့ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ လက်ရဲဇတ်ရဲဟောကြားနေပြီး၊ တစ်ပါးကတော့ ဝစီပိတ်ကျင့်ကာ ဆိုင်ရာ အာဏာပိုင်တို့ရဲ့ ဖိအားပေးမှုကို တရားပွဲတိုင်းမှာ ရင်ဆိုင်နေရပါတယ်" ဒီအကြောင်းတွေလည်း ပြောဖြစ်ကြပါတယ်။






















No comments:

Post a Comment