Sunday, March 19, 2017

"လူသားတိုင်းမှာ ဘုရားရှိတယ်"

"လူသားတိုင်းမှာ ဘုရားရှိတယ်"
ဘာသာမဲ့ အနည်းငယ်ကလွဲလို့ လူတိုင်းမှာ ဘုရားရှိတယ်။
ကိုယ့်ဘုရားကို အထိအခိုက်မခံနိုင်သလို သူ့ဘုရားကိုလည်း အထိခိုက်ခံနိုင်မှာမဟုတ်ဘူး။
မူဆလင်တွေမှာ မူဆလင်မဟုတ်တဲ့ တစ်ခြားဘာသာဝင်တွေရဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ သာသနိကအဆောက်အအုံတွေ၊ ဘုရားရုပ်ပွားတော် ဆင်းတုတော်၊ ရုပ်ထုတော်၊ ရုပ်ပုံတော် အပါအဝင် သူများဘာသာတရားကို စော်ကားတတ်တဲ့အလေ့ရှိတယ်။
ကိုယ့်ဘုရားကို ကိုယ်ကြည်ညိုရင် သူ့ဘုရားကိုလည်း သူကြည်ညိုမှာပဲဆိုတဲ့အသိ မူဆလင်တိုင်းမှာရှိရင် ကမ္ဘာကြီးငြိမ်းချမ်းပါပြီ။
မူဆလင်တိုင်း သူတစ်ပါးဘာသာတရားကို လေးစားတတ်ပါစေ.....။
ဝီရသူ(မစိုးရိမ်)
20.3.2017
AM 11:39
=========================================================
"လူမှုကွန်ရက်များပေါ်၌ ဘုရားသခင်ကို စော်ကားသည့် ပို့စ်ရေးသားသူများကို ဖော်ထုတ်ပေးရန် Facebook ကို ပါကစ္စတန်အကူအညီတောင်း"
အစ္စလာမာဘတ်၊ မတ် ၁၈
လူမှုကွန်ရက်များပေါ်တွင် ဘုရားသခင်ကို ထိပါးစော်ကားသည့် ပို့စ်များကို ရေးသားတင်ဆင်သော ပါကစ္စတန်လူမျိုးများကို ရှာဖွေဖော်ထုတ်ပေးရန် Facebook ကို အကူအညီတောင်းထားသည်ဟု ပါကစ္စတန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ပါကစ္စတန်နိုင်ငံတွင်း လူမှုမီဒီယာအသုံးပြုသူများက ရေးသားဖော်ပြသော ပို့စ်များတွင် ဘုရားသခင်ကို ထိခိုက်စော်ကားသည့်အကြောင်းအရာများပါဝင်ပါက စုံစမ်းဖော်ထုတ်ပေးရန် ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးဌာန က Facebook ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
သို့အတွက်ကြောင့် Facebook က ပါကစ္စတန်၏အဆိုပြုမှုကို လုပ်ဆောင်ပေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးမည် ဟု သဘောတူညီခဲ့သည်။
ပါကစ္စတန်တွင် ဘုရားသခင်ကို ပုတ်ခတ်ရေးသားပြောဆိုမှုသည် လွန်စွာအကဲဆတ်သည့် အရေးကိစ္စတစ်ရပ်ဖြစ်သည်။
ဝေဖန်ရေးဆရာများအဆိုအရ အချို့ကိစ္စရပ်များတွင် သေဒဏ်အထိ အပြစ်ပေးခံရနိုင်ကြောင်း၊ နိုင်ငံတွင်း လူမျိုးခြား(အထူးသဖြင့် လူနည်းစုများ)ကို နှိပ်ကွပ်ရာတွင် ယင်းဥပဒေကို အလွဲသုံးစားပြုလေ့ရှိကြောင်း သိရသည်။
ပါကစ္စတန်ဝန်ကြီးချုပ် နာဝတ်ဇ်ရှရစ်ကလည်း လူမှုကွန်ရက်များပေါ်တွင် ဘုရားသခင်အား စော်ကားသည့် ပို့စ်များကို နှိမ်နင်းမည့်ကိစ္စအပေါ် ထောက်ခံကြောင်း ယခုအစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးချောင်ဒူရီနီဆာကလည်း ယခုလိုလူမှုကွန်ရက်များပေါ်၌ ဘုရားသခင်နှင့်ဘာသာ တရားကို စော်ကားပြောဆိုမှုများအားတိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက နည်းလမ်းများအားလုံး ထုတ်သုံးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
"ယခုလို ဘုရားသခင်အပေါ် စော်တဲ့ရေးသားပြောဆိုမှုတွေရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေသလဲဆိုတာ ကို Facebook နဲ့တခြားလူမှုကွန်ရက်တွေအနေနဲ့ သတင်းအချက်အလတ်တွေကို မျှဝေပေးသင့်ပါတယ်" ဟု ပြည်ထဲရေးဝန်ကြီး၏ပြောကြားချက်ကို Dawn သတင်းစာက ကိုးကားဖော်ပြသည်။
သို့သော်လည်း လေ့လာစောင့်ကြည့်သူများက ပါကစ္စတန်တွင် ယင်းသို့ ဘုရားသခင်နှင့် ဘာသာရေးကို ထိခိုက်စော်ကားသည့်ရေးသားမှုမျိုးနည်းပါးကြောင်း ပြောကြားပြီး ယခုအစိုးရ၏ ခြေလှမ်းမှာ အတိုက်အခံများကို နှိပ်ကွပ်ရန်သာ ဦးတည်ခြင်းဖြစ်သည်ဟု ဆိုသည်။

F-01

No comments:

Post a Comment