“ဦးသောဘိတရေ...အမျှ...အမျှ...(၄)”
=========================
နိဒါန်း
၂၀၁၂ ခုနှစ်သည်
အမိမြန်မာပြည် သွေးစွန်းသောနှစ် ဖြစ်သည်။ ထိုသွေးသည် ရပ်တန့်၍မနေဘဲ ၂၀၁၃ အထိ ဆက်လက်စီးဆင်းလာသည်။
သီတာထွေးနှင့်
ရခိုင်ပြည်သူများအရေးကြောင့် ၉၆၉ အဖွဲ့ ပေါ်လာသည်။ အမိမြန်မာပြည် အန္တရာယ်အကျရောက်စေခြင်း
ဖြစ်၏။
ဦးသောဘိတအရေးကြောင့်
မဘသ အဖွဲ့ကြီး ပေါ်လာသည်။ အမိမြေ သွေးမစွန်းစေရေးပင် ဖြစ်၏။
သီတာထွေးသည်
ရခိုင်ပြည်၏ ပြယုဂ်၊
ဦးသောဘိတသည်
ဗမာပြည်၏ ပြယုဂ်။
၉၆၉ နှင့်
မဘသ အဖွဲ့ကြီးတို့ မြန်မာပြည်တစ်ဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နှိုးဆော်မှုကြောင့်
တစ်မျိုးသားလုံး နှိုးကြားလာကြ၏။ အမျိုးသားရေးအသိ အမျိုးသားရေးသတိ ကိုယ်စီရှိလာကြ၏။
မီဘေးကလည်း
ကြောက်စဖွယ်၊ မွတ်ဘေးကလည်း ကြောက်စဖွယ်။ သို့သော် မီးဘေးက နေရာအနှံ့အပြား မဟုတ်၊ ရာသီးတိုင်းလည်း
မဟုတ်။ မွတ်ဘေးကား နေရာတိုင်း၊ အချိန်တိုင်း ဖြစ်၏။ မီးဘေးကြောင့် လူမျိုးမသုဉ်းနိုင်၊
မွတ်ဘေးကြောင့် လူမျိုးသုဉ်းနိုင်၏။ မီးဘေးကြောင့် သာသနာမကွယ်နိုင်၊ မွတ်ဘေးကြောင့်
သာသနာကွယ်နိုင်၏။ မီးဘေးကြောင့် နိုင်ငံမပျောက်နိုင်၊ မွတ်ဘေးကြောင့် နိုင်ငံပျောက်နိုင်၏။
မွတ်ဘေးကား
အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှု အချုပ်အခြာ အားလုံးအတွက် ကြီးမားသော အန္တရာယ်ဖြစ်၏။
သီတာထွေးကို
ကျေးဇူးတင်သည်။
ဦးသောဘိတကို
ကျေးဇူးတင်သည်။
ဤစာမူသည်
ဦးသောဘိတ အကြမ်းဖက် သတ်ဖြတ်ခရပြီးစကာလများ၌ FB ရေးတင်ခဲ့သော သတင်းဆောင်းပါးများကို
စုစည်းတင်ပြထားသော စာအုပ်လေးဖြစ်ပါသည်။
ဟံဇား မဘသ
နှစ်ပတ်လည်အခမ်းအနားအမီ ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
ဦးသောဘိတရေ
... အမျှ ... အမျှ ...
ဦးသောဘိတတစ်ပါး
ကောင်းရာမွန်ရာဘဝမှာ မျိုးဆက်သစ် ရင်သွေးတရနာလေးများကို ဆက်လက်စောင့်ရှောက်လိမ့်မည်ဟု
ယုံကြည်မိပါသည်။
ဝီရသူ (မစိုးရိမ်)
2.3.2017
AM- 7:55
------------------------------------------------------------------------------------------------------
“ဦးသောဘိတရေ...အမျှ...အမျှ...(၄)”
ဦးသောဘိတ- လုပ်ကြံခံရသည့် သတင်းဓာတ်ပုံကို၎င်းနေ့
(၂၀-၃-၂၀၁၃)ည- (၁၂:၀၀)ခန့်တွင် ရရှိခဲ့သည်။ နာရေးအသင်းမှ ရိုက်ယူထားသော ဖုန်းဓာတ်ပုံကိုပြန်လည်ကူးယူ
ခဲ့ရခြင်း ဖြစ်သည်။ ဆေးရုံလိုက်ကြည့်ဖို့ ပင့်ကြသော်လည်း မြို့အခြေနေကို မခန့်မှန်းနိုင်သေး၍
လိုက်မကြည့်ဖြစ်ပေ။ (၂၁-၃-၂၀၁၃)ရက်နေ့ မနက်(၂:၀၀)ကျော်တွင် “မိတ္ထီလာဖြစ်စဉ်”သတင်းတင်လိုက်သည်။
ဦးသောဘိတ ဓာတ်ပုံပါထည့်တင်လိုက်သည်။
၎င်းဓာတ်ပုံကြောင့်
ထိတ်လန့်တုန်လှုပ်သူက တုန်လှုပ်ကြသည်။ မယုံကြည်သူကလည်းများသည်။ ယုံကြည်သူ များလည်း ရှိသည်။
မယုံကြည်သူများက လက်ပံတောင်းတောင် ဒဏ်ရာရသံဃာပုံတွေကို ဖိုတိုရှော့လုပ်ထားသည်ဟု ဆိုကြသည်။
ယုံကြည်သူများက စာရေးသူသည် အကြံအဖန် မလုပ်တတ်၊ အမှန်ကန်သာ လုပ်တတ်သည်။ စာရေးသူသည် ဝေဒနာနှင့်
စကားမပြော၊ဒေတာနှင့်သာ ပြောတတ်သည်ဟု ရှုမြင်ကြသည်။
ယုံကြည်သူများတွင်လည်း-
ဖွသည်- ဆွသည်-ဟု မြင်သူက မြင်ကြသည်။ အချိန်တိုအတွင်းမှာ ဓာတ်ပုံနှင့်အတူ သတင်းအချက်အလက်
ပြည့်စုံတိကျစွာတင်နိုင်၍ အံ့သြသူများလည်း ရှိသည်။ ၄င်းတို့က ကျနုပ်အား "အစိုးရသူလျှို
ထောက်လှမ်းရေး အတွင်းလူ"ဟု ထင်မြင်ယူဆနေကြသည်။ သတင်းဌာနများက"ဦးသောဘိတ ပျံလွန်တာ
ဘယ်လောက်ခိုင်လုံပါသလဲ"ဟုမေးလာကြသည်။ အတိအကျသိရသည့်အခါ မလွှင့်ရဲကြပြန်ပေ။ ၄င်းတို့က
ဗလီတွေ မီးလောင်တာလောက်သာ ဦးစားပေးလွှင့်ကြသည်။ ဦးသောဘိတ အသက်ခံရသည့်သတင်းလုံးဝ ထည့်မပြောကြပေ။
ဤသို့ဖြင့်(၂၄-၃-၂၀၁၃)ရက်နေ့တွင် ဦးသောဘိတ သတင်းသုံးရာ
သာစည်မြို့နယ်၊ ဟံဇားအုပ်စု၊ ဟံဇားကျေးရွာသို့သွားခဲ့ရသည်။ ဟံဇားရွာ၊ မိုဃ်းကောင်းကျောင်း၊
ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိစ္စက ဦးသောဘိတနှင့်ငယ်သူငယ်ချင်းဖြစ်သည်။ ဦးသောဘိတသတင်းသုံးရာ
သိမ်ကျောင်းဆောင်သို့ သွားရောက်လေ့လာခဲ့သည်။ဦးသောဘိတရှိစဉ်က အသုံးပြုခဲ့သည့်အတိုင်း
ကုတင်၊ ရေနွေးခရား၊ ရေနွေးလင်ပန်းတို့ ခြေရာလက်ရာမပျက် မူလပုံစံမပျက် ထားရှိသည်ကို
တွေ့ရသည်။
ဦးသောဘိတ
ပျံလွန်သည့်သတင်း ရွာရောက်လာသည်နှင့်တစ်ပြိုင်နက် ရွာရှိမွတ်ဆလင်မ် လေးငါးခြောက်အိမ်ကို
အာဏာပိုင်များက မိတ္ထီလာခေါ်သွားကြကြောင်း၊ ယခု ဒုက္ခသည်စခန်းမှာ ရှိကြောင်း ပြောပြကြသည်။
ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိစ္စထံမှ ရင်ခွဲရုံအတွင်းမှ ဦးသောဘိတ၏ သင်္ကန်းမပါ ဗလာကိုယ်တည်း
တုံးလုံးပုံကြီးကို ရရှိခဲ့သည်။ ဦးသောဘိတအတွက် မနက်ဖြန်(၂၅-၃-၂၀၁၃)မှာ ရက်လည်ဆွမ်းလှူ
အမျှအတန်းပေးဝေမည် သိရ၍ စာရေးသူက အလှူငွေ(၂)သိန်းကျပ်လှူသည်။ စာရေးသူနှင့်လိုက်လာသည့်
မိတ္ထီလာမြို့၊ မြစန္ဒာသွပ်ပြားဆိုင်မှ ဒကာကြီး ဒေါက်တာစန်းလှိုင်က ငါးသောင်းကျပ်ပေးလှူသည်။
ဦးသောဘိတကို
ဆိုင်ကယ်နှင့် လိုက်ပို့သူ ဦးတင်မောင်ဝင်း (ခ)ကုလားသည် ဒုလ္လဘဝတ်နေကြောင်းသိရသည်။ မိုဃ်းကောင်းကျောင်းမှာ
မဝတ်ဘဲ အခြားကျောင်းမှာ ဝတ်သည်။ ဦးသောဘိတပျံလွန်တာ သူ့ပယောဂပါသလို ခံစားနေရသည်။ သူသာဆိုင်ကယ်နှင့်လိုက်မပို့လျှင်
မပျံလွန်-ဟု တွေးကာ စိတ်အားငယ်နေ၍ အားပေးစကားပြောခဲ့ရသည်။
(၂၅-၃-၂၀၁၃)-ရက်နေ့တွင်
ဦးသောဘိတ ရက်လည်ဆွမ်းကပ်ပွဲ ပြုလုပ်ခဲ့ကြသည်။ ဦးသောဘိတ သတင်းသုံးရာ သာစည်မြို့နယ်၊
ဟံဇားအုပ်စု၊ ဟံဇားရွာမှာပင် ပြုလုပ်ခြင်းဖြစ်သည်။ ဦးသောဘိတ၏ ဇာတိရွာ သဲတောမြို့နယ်၊
ညောင်ဦးဖီးအုပ်စု ဒုန်းကုန်းရွာမှ ဦးသောဘိတ၏ မိသားစုတို့ ကားတစ်စီးဖြင့် လာကြသည်။သံဃာ(၁၅)ပါးအား
အလှူငွေ (၅၀၀၀)ကျပ်စီ လှူကြသည်။ ဧည့်ပရိသတ်(၁၀၀)ကျော်အား ဧည့်ခံကျွေးမွေးသည်ဟု မိုဃ်းကောင်းဆရာတော်က
ဖုန်းဆက်မိန့်သည်။ ဦးသောဘိတကို လုပ်ကြံသတ်ဖြတ်သူများအား ဖော်ထုတ်အရေးယူပေးဖို့ပါ တိုက်တွန်းသွားသည်။
(၂၇-၃-၂၀၁၃)-ရက်နေ့တွင် ဦးသောဘိတ လုပ်ကြံခံရမှု သွေးမြေကျဖြစ်စဉ်
အပိုင်း(၃)ကို တင်လိုက်သည်။ နောက်တစ်ရက်မှာပင် ဦးသောဘိတကို လုပ်ကြံသတ်ဖြတ်သူအချို့ကို
ဖမ်းမိကြောင်း၊ ဓမ္မာစရိယကျောင်းမှ သတင်းပေးသည်။ မျိုးညွန့်၊ မျိုးထွန်း၊ လက်ချီးနှင့်
ဖိုးချိုတို့ ဖြစ်ကြောင်း သိရသည်။ မျိုးဝင်း၊ အဏ္ဏဝါ၊ ညီညီတို့ မမိသေးကြောင်း သိရသည်။
၎င်းသတင်းကို ဦးသောဘိတရွာ မိုဃ်းကျောင်းဆရာတော်ထံဆက်သွယ်ပေးပို့လိုက်သည်။
ဦးသောဘိတရေ...အမျှ...အမျှ...
ပါဘုရား။
April
6, 2013 at 12:34pm
------------------------------------------------------
နောက်ဆက်တွဲ
ဦးသောဘိတကို
သတ်ဖြတ်ခဲ့သည့် တရားများအား ပြစ်ဒဏ်ချမှတ်
21.5.2013
ရက်နေ့တွင် မိတ္ထီလာမြို့ အမှတ်(၂)ရဲစခန်း၏ (ပ) ၇၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂/၄၃၆/၁၁၄ အမှုမှ
ရရှီး(ခ)မျိုးဝင်းပါ (၆)ဦးအား မိတ္ထီလာခရိုင်တရားသူကြီး ဦးအေးလွင်၏ ရုံးတွင် ၀၉၂၀
အချိန်မှ ၁၁၀၀ အချိန်ထိ အောက်ပါအတိုင်း ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။
(က)
အဏ္ဏဝါ (ခ) မြတ်ကိုကို၊ (ဘ) ဦးဘိုလေး အား ပြစ်မှုပုဒ်မ ၃၀၂(၂)အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊
ပုဒ်မ ၂၉၅-က အရ ထောင်ဒဏ် (၂)နှစ်၊ ပုဒ်မ ၁၄၄ အရ ထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်များကို သီးခြားကျခံစေရန်
ချမှတ်ခဲ့ပါသည်။
(ခ)
မျိုးထွန်း (ခ) မျိုးထွန်းညွန့် (ခ) ဇိုလိုမန်၊ (ဘ) ဦးခင်မောင်ညွန့်အား ပြစ်မှုပုဒ်မ
၃၀၂/၁၁၄ အရ ထောင်ဒဏ် (၁၀)နှစ်၊ ပုဒ်မ ၂၉၅-က အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်၊ ပုဒ်မ ၁၄၄
အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်၊ ပြစ်မှုပုဒ်မ ၅၀၅(ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်တို့အား
ပြစ်ဒဏ်များကို သီးခြားစီ ကျခံစေရန် ချမှတ်ခဲ့ပါသည်။
(ဂ)
ဖိုးချို (ခ) အေဗရာဟင်၊ (ဘ) ဦးကျော်ပိုင်အား ပြစ်မှုပုဒ်မ ၄၃၆/၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ်
(၇)နှစ်၊ ပုဒ်မ ၃၀၂(၂)/၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ ပုဒ်မ ၂၉၅-က အရ အလုပ်နှင့်ထောင်ဒဏ်
(၂)နှစ်၊ ပုဒ်မ ၁၄၄ အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်၊ ပသပ (ပြည်သူပိုင်ပစ္စည်း) ပုဒ်မ
၆(၁)/၉ အရ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်တို့အား ပြစ်ဒဏ်များကို သီးခြားစီကျခံစေရန် ချမှတ်ခဲ့ပါသည်။
(ဃ)
မျိုးညွန့် (ခ) မျိုးညွန့်ဦး (ခ) အွတ်စမန်၊ (ဘ)ဦးခင်မောင်ညွန့်အား ပြစ်မှုပုဒ်မ ၃၀၂(၂)/၁၄၄
အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ ပြစ်မှုပုဒ်မ ၂၉၅-က အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်၊
ပုဒ်မ ၁၄၄ အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်တို့အား ပြစ်ဒဏ်များကို သီးခြားစီကျခံစေရန်
ချမှတ်ခဲ့ပါသည်။
(င)
ရရှီး (ခ) မျိုးဝင်း၊ (ဘ) ဦးမျိုးလွင်း (ခ) ဦးမဂျစ်အား ပြစ်မှုပုဒ်မ ၁၄၄ အရ အလုပ်နှင့်ထောင်ဒဏ်
(၂)နှစ် ချမှတ်ခဲ့ပါသည်။
(စ)
ဘာဂျေ (ခ) ဇော်သက်နိုင်၊ (ဘ) ဦးဟာဂျီရရှစ် (ခ) ဦးမြင့်ဇော်ထွေးအား ပြစ်မှုပုဒ်မ ၁၄၄
အရ အလုပ်နှင့်နှင်ထောင်ဒဏ် (၂)နှစ်၊ ပုဒ်မ ၅၀၅(ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်တို့အား
သီးခြားစီကျခံစေရန် ချမှတ်ခဲ့ပါသည်။
(ဆ)
ညီညီနိုင်အား ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့ပါသည်။
(က)မှ
(ဃ)အထိ တရားခံများကို မြင်းခြံထောင်၊
(င)နှင့်
(စ) တရားခံများကို မိတ္ထီလာထောင်သို့ အသီးသီးပို့ဆောင်ထားပါသည်။
(ဆ)
တရားခံ ညီညီနိုင်သည် အသက် (၁၆)နှစ် မပြည့်သေးသောကြောင့် ထောင်ဒဏ် (၇)နှစ်သာ ချမှတ်ခံရသူ
ဖြစ်ပါသည်။
ပုဒ်မများနှင့်
ပြစ်မှုများမှာ လူကြီးများနှင့်အတူတူပင် ဖြစ်သည်။

No comments:
Post a Comment