Wednesday, March 8, 2017

ဖတ်လို့တော့အကောင်းသား CIA လိုလို KGB လိုလိုပဲ ခက်တာက ရမ်းကြိတ်ထားတာတွေပါနေတာ။


ဖတ်လို့တော့အကောင်းသား
CIA လိုလို KGB လိုလိုပဲ
ခက်တာက ရမ်းကြိတ်ထားတာတွေပါနေတာ။

********************-**------*************&*******

"ဦးဝီရသူ၏ လှို့ဝှက်ချက်များ"
________________________________________________
( Pa Yit )

(၁)
ဦးဝီရသူသည်...
ဦးသန်းရွှေနှင့်ဇာတိအတူတူ
ကျောက်ဆည်ဇာတိဖြစ်ပြီး
ကျောက်ဆည်တွင်နေထိုင်ခဲ့သည်။
အမည်ရင်း ၀င်ခိုင်ဦးဖြစ်ပြီး
၈၈ အရေးခင်းပြီးနောက်
ဘုန်းကြီးဝတ်ခဲ့သည်။

၂၀၀၃ ခုနှစ်မေလတွင်ဖြစ်
ကျောက်ဆည်မြို့
လေးမျက်နာဘုရားတွင်
အမျိုးသားရေးဟောရာမှ
နောက်ပိုင်းတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး..
ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခြင်းနှင့်
လှုံ့ဆော်စည်းရုံးခြင်းတို့ကြောင့်
ဦးသန်းရွှေအစိုးရမှ
သူ့အား ထောင် ၂၅ နှစ်ချလိုက်သည်၊

သူသည်၂၀၀၇
ခုနှစ်ရွှေဝါရောင်တော်လှန်ရေးကာလကို
မမှီခဲ့ပါ..…။
ထင်ရှားသောသာသနာ့အာဇာနည်များတွင်
မပါရှိခဲ့ပါ
နိုင်ငံရေးအကျဉ်းသားလဲ မဟုတ်ခဲ့ပါ။

သူသည်ထောင်အတွင်းတွင်
ရှင်ဥာဏိဿရမှလာရောက်
ဟောကြားသည့် ထောင်တွင်းတရားဓမ္မများကို
နာခံခဲ့ရသော်လဲ …
ဦးဝီရသူတွင် ဘာသာရေးအစွန်းရောက်
စိတ်ဓာတ်ကသာ လွှမ်းမိုးနေပုံရသည်။

သူ့အားထောင်ချလိုက်သော
"မဟန" အားလဲအစာကြေပုံမရပဲ
အစဉ်အမြဲ အညှိုးထားလျှက်ရှိပါသည်။
ထောင်အတွင်းနေထိုင်စဉ်မှာလဲ
မဟန အကြောင်းအတွင်းကျကျ
ပုတ်ခတ်ရေးသားထားတဲ့
သမိုင်းတရားခံ အမည်နဲ့ ဆောင်းပါးကို
ရေးသားခဲ့သည်။

(ဆောင်းပါးဖတ်လိုက တင်ပေးပါမည်)
လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

--------------------------
(၂)
ထို့နောက် …
ဦးသိန်းစိန်အစိုးရလက်ထက်
၂၀၁၂ ဇန်န၀ါရီ (၁၃)တွင်
မြစ်ကြီးနားထောင်မှ
ပြန်လည်လွတ်မြောက်ခဲ့သည်။

နိုင်ငံရေးမှုမဟုတ်သဖြင့်
မစိုးရိမ်တိုက်သစ်သို့
ပြန်လည်ခြေချခွင့်ရသော်လည်း..
မဂ္ဂင်ဆရာတော် ဦးအိန္ဒြက အပါအ၀င်
ဦးပဏ္ဍ၀ံသ | ဦးဂမ္ဘီရ | ဦးဣဿရိယ …အစရှိသော
နိုင်ငံရေးမှုဖြင့်အကျဉ်းကျခံဆရာတော်များမှာမူ
ကျောင်းတိုက်များသို့ခြေချခွင့်မရခဲ့ပေ..… ။

ထောင်မှလွတ်လွတ်ချင်း
ဝီရသူသဘောထား ကြေငြာချက်များဖြင့်
ထင်ရှားဆရာတော်ကြီးများကို
စတင် ဝေဘန်လျှောက်ထား
ရေးသားခဲ့သည်။

ပထမဦးစွာ ၀ီရသူသဘောထား (၁-) ဖြင့် -
အရှင် ဂမ္ဘီရ အားဝေဘန်ခဲသည်။

ထို့နောက် (၂-) ဖြင့်ရွှေည၀ါ ဆရာတော်အား
လျှောက်ထားရေးသားခဲ့သည်။

အရှင်ဆန္ဒာဓိကထံသို့လဲ
စာများရေးခဲ့ပြန်သည်၊
ပေးပို့ခဲ့သည်။
( အသေးစိတ်သိလိုပါက message တွင်ပေးပါမည်)

ထူးခြားမှုများပေတည်း …
ထိုသို့လွတ်မြောက်ခဲ့ပြီး မကြာမီတွင်
ဒီပဲယင်းလုပ်ကြံမှုတွင်ကြိုးကိုင်သူ ဖြစ်သည့်
ဦးအောင်သောင်းသည် …
ဦးဝီရသူထံသို့လာရောက်ခဲ့သည်။

ဦးအောင်သောင်းသည်
ထင်ရှားကျော်ကြားဆရာတော်များရှိလျှက်နှင့်
ထောင်ထွက်ဆရာတော်အား
လာရောက်တွေ့ဆုံမှုသည်
သာမန်မဟုတ်သော ထူးခြားမှုတစ်ခုဖြစ်သည်။

ထို့နောက် ၂၀၁၂ အောက်တိုဘာလအတွင်းတွင်
ထောက်လှမ်းရေးအကြီးအကဲဟောင်းဦးခင်ညွန့်သည်
ဦးဝီရသူထံသို့ လာရောက်တွေ့ဆုံခဲ့သည်။

ထူးခြားသည်ကား ထိုအချိန်ကာလများသည်
NLD ပါတီမှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်
အပြတ်အသတ်အနိုင်ရရှိပြီးချိန်မှ ဖြစ်ပါသည်။

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...
-----------------------------
(၃)
ထို့နောက် မိတ္တီလာအရေးအခင်းမဖြစ်ပွားမီ
(၅) လအလိုမှစကာ…
ကုလားမုန်းတီးရေးတရားများ
အပြင်းအထန်ဟောကြားပါတော့သည် ။

အတိုက်အခံပါတီကို …
မွတ်ဒေါင်းဟူသောစကားဖြင့်
စတင်စွပ်စွဲစပြုလာခဲ့သည်။

Wira Thu ဟူသော FB Page ထောင်ပြီး..
ဘာသာရေးလှုံ့ဆော်မှုများ
အပြင်းအထန်ပြုလုပ်ခဲ့ပါသည်။
၉၆၉ ဟူသော ဂဏန်းကို
ပြန်လည်အသက်သွင်းခဲ့သည်။

ထိုသို့အရှိန်ကောင်းနေချိန်တွင်…
ဦးဝီရသူအဖို့ …
မထင်မှတ်သောအဖြစ်အပျက်တစ်ခုနှင့်
့ကြုံရလေသည်၊

ထိုအဖြစ်အပျက်မှာ အခြားမဟုတ်ပါ..
၂၀၁၂ ကုန်ခါနီး တန်ဆောင်မုန်းလပြည့်နေ့...
(ဒေါ်အောင်ဆန်းစုကြည်လက်ပတောင်းသို့လာရောက်နေစဉ်
တစ်ရက်အလို ) ကာလတွင်
လက်ပတောင်းတောင်သပိတ်စခန်းသို့
အစိုးရမှ ကမန်းကတန်း
အကြမ်းဖက်နှိမ်နင်းခဲ့ရာ
သံဃာတော် ၉၉ ပါးသည်
မီးလောင်ဗုံးများကြောင့်
မီးသင့်လောင်ကြွမ်းဒဏ်ရာရခဲ့သော
အဖြစ်အပျက်ပင်ဖြစ်သည် ။

ထိုအဖြစ်အပျက်သည် …
အစိုးရမှထောက်ခံအားပေးနေသော
၉၆၉ လှုပ်ရှားမှုကို ရပ်တန့်သွားနိုင်သဖြင့်
ဦးဝီရသူသည် …ထိုအဖြစ်အပျက်တွင်
ဒဏ်ရာရသောသံဃာများကို
နိုင်ငံရေး သမားများ၏ ဖျားယောင်မှုတွင်
မပါဝင်စေရေးအတွက်
ဝီရသူသဘောထား (၁၂-၇၄) ကို _
၁၈-၁၂-၂၀၁၂ တွင် ကမန်းကတန်း
ကြေငြာခဲ့ပေသည်။

သိသာလွန်းသည်က …
သံဃာတော်များအား
ဆိုးဆိုးဝါးဝါးဒဏ်ရာရစေခဲ့သော
အစိုးရအဖွဲ့များကို
ဦးဝီရသူသည် သာမန်အဆင့်သာ
ဝေဘန်ခဲ့ခြင်းပေတည်း။

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...
--------------------------
(၄)
ထို့နောက် ၂၀၁၃ မတ်လမှစကာ..
မိတ္တီလာအရေးအခင်းစတင်ဖြစ်ပွားပါတော့သည်။

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...
ထူးခြားသည်မှာ …
မိတ္တီလာဖြစ်စဉ်များစတင်ဖြစ်ပေါ်ချိန်တွင်
ဦးဝီရသူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ _
သတင်းဓာတ်ပုံများ
အချိန်နှင့်တပြေးညီရရှိနေခြင်းပင်ဖြစ်သည်။

ပြည်သူလူထုသွေးဆူစေမည့်
သွေးသံရဲရဲဖြစ်နေသော
ဓာတ်ပုံအနီးကပ်ရိုက်ချက်များကို
ကြိုတင်စောင့်စားကာ
ရိုက်ကူးထားသည့်အလား
မီဒီယာများထက်စောကာ
မိနစ်ပိုင်း နာရီပိုင်းအတွင်းရရှိနေခြင်းပင်ဖြစ်သည်။

အလွန့်အလွန်ထူးခြားမှုပင်တည်း..၊
လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...
-------------------------------
(၅)
မိတ္တီလာအရေးအခင်းပြီးကာစတွင်
လူထုသွေးဆူပွက်နေချိန်နှင့်
အခြေအနေတင်းမာချိန်များတွင် ...
ဦးဝီရသူသည်ဘာသာရေးပြဿနာများနှင့်
ဘာမှမဆိုင်သော NLD ပါတီကို "မွတ်ဒေါင်း" ဟု
စတင်သုံးစွဲကာ
ပြင်းထန်စွာဝေဖန်ပါတော့သည်။

၉၆၉ လှုပ်ရှားမှုများ ပြန့်ပွားအောင်
လုပ်ဆောင်ခဲ့ပြီးနောက်တွင် …
၉၆၉ အဖွဲ့များအား
အတိုက်အခံပါတီများ၏ ဆန့်ကျင်ဘက်ပုံစံမျိုး
အဖြစ် ပုံသွင်းနိုင်ခဲ့သည်။

ဘာသာရေးအစွန်းရောက်စိတ်ဓာတ်များအား
ပြည်သူလူထုသို့ ရိုက်သွင်းနိုင်ခဲ့ပြီး
လှုပ်ရှားမှုကျယ်ပြန့်လာသည်။

၉၆၉ လှုပ်ရှားမှုကို …
စစ်ဗိုလ်အချို့အပါအ၀င်
အစိုးရလော်ဘီများမှအစ
အကြီးအကျယ် ပါဝင်ခဲ့ပြီး
ဝါဒဖြန့်ကာလုပ်ကိုင်ခဲ့ကြသည်။

အများစုမှာ Online မီဒီယာများတွင်
အစီအစဉ်ကျကျလှုံ့ဆော်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတရုံးမှ ပုဂ္ဂိုလ်အချို့နှင့်
နီးစပ်သည်ဟုယူဆရသော …
Facebook Account အချို့သည်လည်း
ဘာသာရေးလှုံ့ဆော်မှုကို
အတိအလင်း လော်ဘီလုပ်ပေးခဲ့ကြသည်။

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...
------------------------------------
(၆)
ထိုအချိန်တွင် …
ဥက္ကံနှင့် လားရှိုးမြို့များတွင်
ဘာသာရေးပြဿနာနှစ်ခု _
တစ်ခုပြီးတစ်ခုပေါ်ပေါက်လာပါသည်။

အခြားမြို့အချို့တွင်လည်း
ဘာသာရေးပြဿနာအချို့
ကြိုကြားကြိုကြားပေါ်ပေါက်ခဲ့ပေသည်။

ထုံးစံအတိုင်း ဦးဝီရသူသည် လှုံ့ဆော်ခဲ့ပေသည်။
မည်သည့်နေရာမှရောက်လာမှန်းမသိသော
လက်ရဲဇက်ရဲများ ၊
ဒေါသထွက်နေသောလူအုပ်ကြီးများကို
သိသိသာသာ တွေ့လာကြရပေသည်။

အံ့သြဖွယ်ကောင်းသည်က …
ဘာသာရေးပြဿနာများကို
အကြီးအကျယ် လှုံ့ဆော်ခဲ့သော
ဦးဝီရသူအား အစိုးရအာဏာပိုင်များမှ
မည်သို့မှမပြုလုပ်ပဲ
လက်ပိုက်ကြည့်နေခြင်းပင်ဖြစ်ပေသည်။

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...
------------------------------------
(၇)
ဦးဝီရသူသည် …
အခက်အခဲတစ်ချို့ရင်ဆိုင်ရပါသည်။
အကြောင်းမှာ -
ထိုကာလအတွင်းက
လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏
အနောက်နိုင်ငံများ သို့
သွားရောက်သည့်ခရီးစဉ်တွင်
သူရဦးရွှေမန်းက …
၉၆၉ အစွန်းရောက်များအား
လက်မခံကြောင်းစကားကို
အတိအလင်းထုတ်ဖေါ်ပြောခဲ့ပါသည်။

ထိုပြောကြားချက်သည် …
ဦးဝီရသူနှင့် လုပ်စားမျိုးနှစ်များ၏အရှိုက်ကို
ထိုးသကဲ့သို့ဖြစ်သွားခဲ့ပြီး...
စစ်ဗိုလ်များ ၊ စစ်လော်ဘီများပါဝင်သော..
အုပ်စုများသည် _
သိသိသာသာ
မျိုးနှစ်လေသံများပျောက်ကွယ်သွားပါသည်။

ထို့နောက်တွင်မှ
တစ်ဖန်ပြန်လည်ခေါင်းထောင်လာပါသည်။

အကြောင်းမှာ …
၂၀၁၃ ခုနှစ်တွင် _
အမျိုးဘာသာသာသနာစောင်ရှောက်ရေးအဖွဲ့
(မဘသ)အမည်ဖြင့် _
အရေခွံလဲ ၉၆၉ အဖွဲ့ ပုံစံမျိုး
ပေါ်ပေါက်လာချိန်တွင်ဖြစ်ပေသည်။

သာသနာရေးအရှုပ်အထွေးများအကြောင်း
နောကြေအောင်သိပြီး
သာသနာရေး အညှာများစွာကို
ကိုင်တွယ်ထားနိုင်သော …
အာဏာရှင်အစိုးရမှ
ကျောထောက်နောက်ခံပေးထားသော
အဖွဲ့တစ်ခုပေတည်း…။

ထိုအဖွဲ့တွင်
ထေရ်ကြီးဝါကြီးဆရာတော်များကိုလည်း
သိသိသာသာထည့်သွင်းရုပ်ပြ ထားပေသည်၊

မဘသအဖွဲ့သည်..
မဟနနှင့်စင်ပြိုင်ဖြစ်ပြီး..
ဦးဝီရသူသည်-
အဓိကကျသောအခန်းကဏ္ဍမှပါဝင်ပေသည်၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...
----------------------------------
(၈)
၂၁-၇ ၂၀၁၃ ရက်နေ့တွင်ဖြစ်သည်..
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊
၈၄×၈၅ လမ်းကြား ၃၆ လမ်းပေါ်မှာ
ကျင်းပတဲ့ တရားပွဲမှာ ဦးဝီရသူ ဟောကြားနေစဉ်
ည ၉းဝဝ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်

ပေါက်ကွဲမှုမှာ လူ(၅) ဦးလောက်
ဒဏ်ရာအနည်းငယ်ရခဲ့ပေမယ့်
ဦးဝီရသူဟာ တရားဆက်ဟောခဲ့သည်။

ဦးဝီရသူဟာ…
နောက်ထပ်ပေါက်ကွဲမှုတွေ
ွထပ်မဖြစ်နိုင်ဘူးဆိုတာကို
ကြိုတင်သိရှိထားသည့်အလားဖြစ်ပါသည်။

ပိုပြီးထူးခြားတာကတော့ …
အခုထက်ထိ အဲဒီဖေါက်ခွဲသူတရားခံတွေကို
အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခြင်း၊
မည်သူဟုယူဆခြင်းနဲ့
သတင်းထုတ်ပြန်ခြင်းမျိုးတွေမရှိပဲ …
စိတ်မ၀င်စားသည့်ပုံစံသာတွေ့ရပါသည်။

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...
(၉)
၂၀၁၄ ခုနှစ် နှစ် လယ် ခန့်တွင်
မန္တလေးမြို့တွင်
သွေးချောင်းစီးမည့်
ဘာသာရေးအဓိကရုဏ်းဖြစ်ပွားကာနီးတွင်
လိမ္မာပါးနပ်လှသောမြို့ခံများမှ _
အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့ပါသည်။

ဖြစ်ပွားပုံမှာ..
ကုလားညီအစ်ကိုနှစ်ဦးကတစ်ဘက်..
ကုလားတစ်ဦးမှတစ်ဘက်....
ကုလားအချင်းချင်းပြဿနာဖြစ်ရာမှ....
ကုလားတစ်ဦး(ဟာဂျီထွန်းထွန်း)မှ
မြန်မာအမျိုးသမီးတစ်ဦးကိုငွေပေးကာ
သူမအား …
ကုလားညီအစ်ကိုနှစ်ဦးမှ မုဒိန်းကျင့်ခံရလေဟန်_
လီဆည်တိုင်တန်းရာမှ
ဦးဝီရသူ ဖေ့စ်ဘုတ်မှစတင်ကာပြန့်နှံ့သွားပြီး
ကုလားမြန်မာ သတ်ဖြတ်မှုကြောင့်
နှစ်ဦး သေဆုံးခဲ့ကြရှာပါသည်။

ထိုပြဿနာကိုအကျယ်ချဲ့ပြီး
ဆူပွက်လာသဖြင့် မြို့သူမြို့သားအချင်းချင်း
ပြန်လည်ထိန်းသိမ်းလိုက်သောဖြစ်စဉ်ဖြစ်သည်။

ထိုပြဿနာတွင် …
အာဏာပိုင်များမှလက်ပိုက်ကြည့်နေသော်လည်း_
ပြဿနာမအောင်မြင်သောအခါမူ
သမ္မတမှ မန္တလေးမြို့သားများကို
ကမန်းကတန်းချီးကျုးလိုက်သည်မှာလည်း
မရိုးမရွဖြစ်ကာမနေနိုင်မထိုင်နိုင်..ထလုပ်လိုက်သော....
ရိုးသားမှုမရှိသော.. ထူးခြားမှုပင်ဖြစ်သည်။

ထိုဖြစ်စဉ်ကိုပြန်လေ့လာကြည့်သောအခါ..
ဦးဝီရသူသည်..
ဟာဂျီထွန်းထွန်း ဟူသော
ကုလားဘက်မှ ပါဝင်ပတ်သက်ခဲ့ ပြီး
ဟာဂျီထွန်းထွန်းမှာလည်း ဦးဝီရသူထံ
မကြာခဏလာရောက်နေသည်ကို တွေ့ရပါသည်။

ထို့ထက်ဆိုးသည်က...
ဟာဂျီထွန်းထွန်း သည်
သူနှင့်ရန်ဘက်ဖြစ်သော
ကုလားညီအစ်ကိုကို အကောက်ကြံရာတွင်..
အဘယ့်ကြောင့် တခြားနည်းဖြင့်
အကောက်မကြံပဲ ..
မုဒိန်းမှုဖြင့် အမှုဆင်အကောက်ကြံသနည်း ?

ထိုသို့အကောက်ကြံရာတွင် …
ဟာဂျီထွန်းထွန်းသည်
ဘာသာတူအချင်းချင်း မုဒိန်းမှုမဟုတ်ပဲ
ဘာ့ကြောင့် မြန်မာမိန်းကလေးတစ်ယောက်ကို
မုဒိန်းကျင့်လေဟန် အမှုဆင်စေသနည်း..?

ပိုထူးခြားသည်က …
ဟာဂျီထွန်းထွန်း၏ရန်ဘက်ဖြစ်သူ
ကုလားညီအစ်ကို ကို
အပုတ်ချသည့်စာများအား
အရေးအခင်းမဖြစ်မီ တစ်ပတ်ခန့်အလိုကတည်းက …
ဦးဝီရသူ ဖေ့စ်ဘုတ်နှင့်
နေမျိုးဝေဖေ့ဘုတ်များမှ..
ဘာ့ကြောင့် ရေးသားတင်ပြနေရသနည်း..?

ပိုဆိုးသည်က …
ဦးဝီရသူသည်
မြန်မာမိန်းကလေးတစ်ယောက်ကို
ငွေပေးကာအသုံးချနေသည့်
ဟာဂျီထွန်းထွန်းဆိုသည့်
ဘာသာခြားတစ်ယောက်ကို
ဘာ့ကြောင့်အကာအကွယ်ပေးသနည် …?

မြန်မာလူမျိုးများသည်
ငွေယူပြီး ကုလားမှမုဒိန်းကျင့်ခံရလေဟန်
သရုပ်ဆောင်သည်အထိ
နိမ့်ကျသွားသောအနေအထားကို
အမျိုးစောင့်သည်ဆိုသော...
ဦးဝီရသူသည် အဘယ့်ကြောင့် မတွေးတောသနည်း…?

ထိုဇာတ်လမ်းသည်..
သေချာလေ့လာပါက..၊
ကြီးမားသော လှို့ဝှက်ချက်ပင်ဖြစ်ပါသည် …။

--------------------------------------------
(၁၀)
ဦးဝီရသူသည် -
သူ၏မသေမသပ်လုပ်ရပ်များကို
အစိုးရနဲ့ အာဏာရှင်ကိုအားကိုးကာ
လုပ်ကိုင်နေသည်မှာ
သိသာလွန်းသောအချက်ပင်ဖြစ်သလို..

သူဘယ်လိုပင်ဘာသာရေးလှုံ့ဆော်နေပါစေ..
အစိုးရက သူ့ကို ဘာမှလုပ်မည်မဟုတ်ဟူသော
ယုံကြည်ချက်သည်လည်း သူ၏စိတ်သဏ္ဍန်ဝယ်
စွဲထင်နေပုံရသည်။

အစိုးရကို ဦးဝီရသူမပြောရဲပဲရှောင်နေသောအချက်များစွာရှိပါသည်။
- သူနေထိုင်ရာမန္တလေးမြို့တွင်
ပြည်ကြီးတရုတ်များလွမ်းမိုးလာသည်ကို
မသိချင်ယောင်ဆောင်နေသည်။

- ဘင်္ဂါလီ ၆ သိန်းကျော်အား
အာဏာရှင်မှ ၀ှိုက်ကဒ်ပေးထားသည်ကို
ထောက်ပြခြင်းမရှိပေ။

- ဘာသာခြားတရုတ်ကုလား
လုပ်ငန်းရှင်ကြီးများအား
အစိုးရမှ
အညွန့်ခူးကျွေးကာ
လုပ်ပိုင်ခွင့်ပေးထားသည်ကို မဝေဖန်ရဲပေ။

- လွှတ်တော်အတွင်းစည်းများတွင်
ဘင်္ဂါလီ အမတ်များ
ဝင်ရောက်လက်မထောင်နေသည်ကို...
တစ်ခွန်းတစ်ပါဒမှ မဟချေ..။

- သံဃာတော်များနှင့်
ဘုန်းကြီးကျောင်းများအား
ကျူးလွန်မှုများအပေါ် …
မသိချင်ယောင်ဆောင်နေပေသည်။

အံ့သြဖွယ်ရာ ဦးဝီရသူပင်တည်း..
-----------------------------
(၁၁)
အာဏာရှင်အဖွဲ့များသည်..
ထိုကဲ့သို့ ထင်ရာလုပ်နေသော
အစွန်းရောက်ဘုန်းကြီးများလုပ်မှ
သူတို့၏ ဘ၀ရှေ့ရေးအတွက်ကောင်းမည်ဟု
ယူဆထားသည့်အလား ~
မှတ်ယူကာ …
ဦးဝီရသူကဲ့သို့သော ပုဂ္ဂိုလ်များကို
မသိမသာမွေးမြုခိုင်းစေလာကြသည်၊

ထို့ကြောင့်
သာမန်ပြည်သူတို့ သဘောမပေါက်နိုင်သော
ဦးဝီရသူ၏ ထင်ရှားသည့် လှို့ဝှက်မှုများကို..
ပြုစုရေးသားလိုက်ရပါသည်.... ။ ။

( Pa Yit )


No comments:

Post a Comment