Monday, March 27, 2017

အမေ သားကို မြန်မြန်ဖမ်းပါ အာမခံမပေးနဲ့ အာမခံမပေးနဲ့ ( ၃ )

အမေ သားကို မြန်မြန်ဖမ်းပါ အာမခံမပေးနဲ့ အာမခံမပေးနဲ့ ( ၃ )
***********************************************


သတင်းသမားတွေကလည်း တစ်ညှိုးကြီးပါလား?

တရားပွဲအပိတ်ခံရတာချင်း
အတူတူ ဝီရသူကို ဖမ်းဖို့ပဲ
ရေးသားနေကြတယ်။

ဝီရသူက
မဟောဘဲ ထိုင်ရုံပဲ ထိုင်နေတာပါဗျာ။

ရှေ့သွားကိုယ်တော်ကြီးက
ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး လိုက်ဟောနေတာခည။

အာဏာဖီဆန်မှုနဲ့ ဖမ်းချင်ရင် အနှီကိုယ်တော်ကြီးကို
အရင်ဖမ်းလိမ့်မယ်လေဗျာ။

အနှီကိုယ်တော်ကြီးအကြောင်းလည်း ရေးကြပါဦးလား?

ဝီရသူအကြောင်းပဲ ရေးနေတာဆိုတော့
ဝီရသူကို ပိုချစ်လို့ နေမှာပေါ့နော်။

ချစ်ထားကြ အားရအောင် ချစ်ထားကြ။
ခများတို့ချစ်လေ အန္တရာယ်ကင်းလေပဲ။

မေတ္တာတွေခံယူရလို့လေ။

ဝီရသူ ( မစိုးရိမ် )
28.3.2017

am 7:42
==========================================================

တရားဟောခွင့်ပိတ်ခံထားရသည့် ဦးဝီရသူ ဆက်ဟောပါက ဖမ်းဆီးထောင်ချနိုင်ကြောင်း ဗန်းမော်ဆရာတော်ကြီးမိန့်
စည်သူမောင်​​မောင်
နိုင်ငံတော် သံဃာနာယကအဖွဲ့က တရားဟောခွင့်တစ်နှစ်ပိတ်ခံထားရသည့် ဦးဝီရသူ တရားဆက်ဟောနေပါက ဖမ်းပြီးထောင်ချနိုင်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကုမာရဘ၀ံသ(ဗန်းမော်ဆရာတော်) ပုသိမ်မြို့ တွင်မိန့်ကြားခဲ့သည်။
"ဘုန်းတို့က သူကိုတရားဟောခွင့်ပိတ်လိုက်တယ် သူဆက်ဟောရင်တော့ ဆက်ဟောတဲ့အတွက် အမိန့်မနာခံတဲ့အတွက် ဥပဒေရှိတယ် အမိန့်နားမထောင်ဘူး၊ ဘုရားဟောမဟုတ်တာတွေကို လုပ်ကြံပြီး သူဟာ့သူဟောနေတာ အဲဒီလိုဟောတဲ့အတွက် ထောင်ချနိုင်ပါတယ်”ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကုမာရဘ၀ံသ(ဗန်းမော်ဆရာတော်)က ပုသိမ်မြို့၊မြောင်းမြကျောင်းတိုက်တွင် မိန့်ကြားခဲ့သည်။
ဆက်လက်ပြီး "ဘုန်းကြီးတို့က တရားမဟောရဘူးဆိုတာ ဟောနေရင်း အာဏာဖီဆန်တာ ဥပဒေရှိပါတယ်။ သူအမိန့်ကိုနားထောင်ရမယ် နားမထောင်ရင့ ဖမ်းထောင်ချနိုင်တယ်"ဟု မိန့်ကြားခဲ့သည်။
ဦးဝီရသူက ပါးစပ်တိတ်ပိတ်ပြီး တရားခွေဖွင့်လှစ်ခဲ့သော တရားပွဲအား ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊သီးကွင်းကျေးရွာ၊ ဒုတိယတိတ်ပိတ်တရားပွဲအား ကချင်ပြည်နယ်၊ တတိယတိတ်ပွဲတရားပွဲအား မိထ္တီလာမြို့တို့တွင်ကျင်းပပြုလုပ်ခဲ့သည်။
ဆရာတော်ဦးဝီရသူအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ မတ်လ ၉ ရက်နေ့တွင် တရားဟောခွင့် တစ်နှစ်ပိတ်ခဲ့ပြီးနောက် အိမ်မဲမြို့နယ်၊ သီးကွင်းကျေးရွာတွင် မတ်လ ၁၁ ရက်နေ့ညတွင် ဆရာတော်ဦးဝီရသူက ပါးစပ်တွင် တိတ်ပိတ်ပြီး တရားခွေ ဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မပိတ်ပင်ခင်ရက်ပိုင်းအတွင်း တိုင်းအစိုးရခွင့်ပြုချက်မရဘဲ တရားဟောပြောခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ က မတ်လ ၃ ရက်နေ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး ၇/၂၀၁၇ ဆုံးဖြတ်ချက်အရ ခွင့်မပြုရန် ဆုံးဖြတ်ထားပြီး၊ မအူပင်မြို့နယ် တာတပေါကျေးရွာတွင် ဆရာတော်ဦးဝီရသူက တိုင်းအစိုးရ ခွင့်ပြုချက်မရဘဲ မတ်လ ၈ ရက်နေ့ညတွင် တရားဟောပြောခဲ့သည်။
ထို့ပြင် ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့၊ ကျုံကူးကျေးရွာတရားပွဲအား ခွင့်ပြုပေးခဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်းဒေသကြီးအတွင်းအရေးမှူးက ခေါ်ယူသတိပေးခြင်းများ ပြုလုပ်ခဲ့သည်


No comments:

Post a Comment