Monday, March 27, 2017

"စစ်ဘေးရှောင် အမျိုးများအား နှစ်သိမ့်အားပေး"

"စစ်ဘေးရှောင် အမျိုးများအား နှစ်သိမ့်အားပေး"
18.3.2017 ရက်နေ့ကပါ။
လောက်ကိုင်ဘက်မှ နေရပ်ပြန်လာတဲ့ အမျိုးတွေကို သွားရောက်အားပေးခဲ့ပါတယ်။
မန်း မ.ဘ.သ(အဖွဲ့)ဦးစီးဦးဆောင်ပြုနေတဲ့ ကယ်ဆယ်ရေးကူညီရေးလုပ်ငန်းပါ။
မန်း မ.ဘ.သ ဥသျှောင် ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီးကျောင်းတိုက်မှ ဆရာတော်ဦးနေမိန္ဒလည်း ကြွရောက်ချီးမြှောက်ပါတယ်။
စာရေးသူက တစ်ဦးလျှင် နှစ်ထောင်ကျပ်စီ ထောက်ပံ့ပြီး ဆရာတော်ဦးနေမိန္ဒ(ဝါခင်းကုန်း ဗြဟ္မစိုရ်)က ဆန်နှစ်ပြည်စီ ထောက်ပံ့ပါတယ်။
တစ်ဦးချင်းစီ ခေါ်ယူပေးအပ်ရင်း သတိရတိုင်း နမော တဿ ရွတ်ဖို့ တိုင်တွန်းခဲ့ပါတယ်။
စစ်ဘေးရှောင်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ်မှာ မန်း မဘသ အဖွဲ့က ဦးစီးခဲ့တာပါ။ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သာရေးနာရေး လူမှုရေးအသင်းများ ဝိုင်းဝန်းပါဝင်ကြပါတယ်။
ဒီနှစ်မှာတော့ နိုင်ငံရေးပါတီများကပါ ဝင်ရောက်ကူညီကြတာတွေ့ရပါတယ်။
ဒုက္ခသည်တွေကို ကြည့်လိုက်ရင် အတော်အခက်အခဲ တွေ့လာပုံရပါတယ်။
ငွေနှစ်ထောင် ဆန်နှစ်ပြည် လှူသူကိုပဲ ကျေးဇူးတင်ကြည်ညိုမဆုံး ဖြစ်နေကြရှာပါတယ်။
ဘုန်းကြီးက လူကို ဆွမ်းဆန်စိမ်းပြန်လောင်းရတာ ကြုံဖူးသွားပါပြီ။

ဘေးဒုက္ခအပေါင်းမှ ကင်းဝေးကြပါစေ။    ။























No comments:

Post a Comment