Monday, March 27, 2017

"စာဖြေသံဃာများအား ဆွမ်းကပ်ပွဲ(၆)"

"စာဖြေသံဃာများအား ဆွမ်းကပ်ပွဲ(၆)"
=====================

ဒီနေ့ နှောင်းတန်ခူးလဆန်း(၁) 28.3.2017 မနက် 6:00 မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဆဋ္ဌမနေ့အဖြစ် ဓမ္မသဟာယကျောင်းမှာ ကြာဇံကြော် ဆက်ကပ်ပါတယ်။
ဒီကနေ့ဖြေဆိုမည့် ဓမ္မာစရိယ(စာချ)တန်း သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါတယ်။
ဒီကနေ့ ဖြေဆိုရမည့် ဘာသာရပ်ကတော့ အဘိဓမ္မာပိဋကတ်တော် အဋ္ဌသာလိဏီကျမ်း(ဒုတိယနေ့) ဖြစ်ပြီး ဓမ္မာစရိယ(စာချ)တန်း နောက်ဆုံးနေ့ ဖြစ်ပါတယ်။
မနက်ဖြန် ပထမပြန် ငယ် လတ် ကြီး သံဃာတော်များ ဆက်လက်ဖြေဆိုကြပါမယ်။
ဓမ္မာစရိယတန်း (၆)ရက်၊ ပထမပြန်တန်း(၇)ရက်၊ စုစုပေါင်း (၁၃)ရက် ဆက်ကပ်မှာပါ။

၉၆၉ အဖွဲ့ နဂါးနီအဖွဲ့နှင့် မိသားစုများ ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။
ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ပါစေသတည်း.......။

စာဖြေသံဃာ မနက်စာ အလှူရှင်များ
၁။ ကိုအောင်+မမြင့်မြင့်သန်း မန္တလေး     ၁၅၀၀၀၀ ကျပ်
၂။ ဦးလှိုင်+ဒေါ်ငွေရင် ကြို့ပင်ကောက်    ၃၅၀၀၀၀ ကျပ်
၃။ ဦးကောဝိဒ စစ်ကိုင်း၊ သဒ္ဓမ္မပါလကျောင်း ၃၀၀၀၀၀ ကျပ်
၎။ ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ ရွှေမန်းမေမိသားစု မန္တလေး ၁၀၀၀၀၀ ကျပ်
၅။ ဦးမြင့်+ဒေါ်တင်လှ စံရတနာမိသားစု၊ မန္တလေး ၁၀၀၀၀၀ ကျပ်
၆။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းရွာ ဒေါ်ဝင်းငွေ မောင်နှမတစ်စု ၄၀၀၀၀၀ ကျပ်၊
၇။ ဒေါ်ခင်နွဲ့ဝေ မန္တလေး ကိုယ်တိုင်လာရောက်လှူဒါန်းမည်။
၈။ ဦးကြီးရွှေ+ဒေါ်ကျင်မြိုင်အားရည်စူး၍ ကိုသန်းဇော်မြင့်+မဝင်းဝင်းမာ သမီး မေမြတ်နိုး မိသားစု မန္တလေး ၂၀၀၀၀၀ ကျပ်၊
၉။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ့်မွန်းရွာ၊ ဒေါ်ဖွားအိမ် မိသားစု ၅၀၀၀၀ ကျပ်၊
၁၀။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ့်မွန်းရွာ၊ ဦးသာလှ+ဒေါ်ခင်ညွန့် မိသားစု ၂၀၀၀၀ ကျပ်၊
၁၁။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ့်မွန်းရွာ၊ ဦးအောင်ကျော်ဝင်း+ဒေါ်ဝင်းမြ မိသားစု ၂၀၀၀၀ ကျပ်၊
၁၂။ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း၊ ၈၃×၈၄ ကြား လှယဉ်ကျေးအထည်ဆိုင် ဒေါ်ညိုညိုစန်း မိသာစု ၁၀၀၀၀၀ ကျပ်၊
၁၃။ နှစ်ဖက်မိဘများအား အမှူးထား၍ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်၊ ဥပုသ်တော်ရပ်နေ ကိုအောင်လွင်ဦး+မသီသီလှိုင် မိသားစုက ၁၀၀၀၀၀ ကျပ်၊
၁၄။ နှစ်ဖက်မိဘများအား အမှူးထား၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စံဝင်းရပ်ကွက်နေ ကိုဇော်လင်း+မခင်မူယာ၊ သား မောင်ကောင်းမြင့်ဇော် မိသားစုက ၁၀၀၀၀၀ ကျပ်

တို့ဖြစ်ပါတယ်.................။











No comments:

Post a Comment