Tuesday, March 21, 2017

"အမျိုးဘာသာ သာသနာအပေါ် 7 Day Daily ၏ စော်ကားမှုများ"

"အမျိုးဘာသာ သာသနာအပေါ် 7 Day Daily ၏ စော်ကားမှုများ"

ပုဂံစေတီပုထိုးတွေကြား မိလ္လာခွက်ကြီးထည့်ပြီး စော်ကားဖူးတယ်။
ပြီးမှ မထင်မရှားနေရာ တောင်းပန်တယ်။
တောင်းပန်တဲ့စာကို ဘယ်သူမှမသိနိုင်အောင် သေးသေးလေးထည့်ပေးတယ်။
သတင်းမီဒီယာဥပဒေ အခန်း(၄) ပုဒ်မ(၉)ပုဒ်မခွဲ(ခ)အရ ပုံနှိပ်မီဒီယာဖြစ်လျင် ပြင်ဆင်ချက်ကို ထင်ရှားသောစာမျက်နှာ၌၄င်း အမြန်ဆုံးဖော်ပြခြင်းဟု ပါရှိသော်လည်း လူမသိ သူမသိ မထင်ရှားတဲ့နေရာမှာ သေးသေးမှိန်မှိန်လေး ပြန်ရေးထားတာတွေ့ရပါတယ်။
နောက်တစ်ခါ မ.ဘ.သ အဖွဲ့ရေလှူလာတာကို ဒေသခံပြည်သူတွေက ရေမယူဘဲ ပြန်လွှတ်တယ်ဆိုပြီး ရေးပြန်ပါတယ်။
အဲဒါအပြင် ရေနံချောင်းမြို့ အမျိုးစောင့်ဥပဒေဟောပြောပွဲမှာ မန္တလေး မ.ဘ.သ ကို ရေနံချောင်းပြည်သူတွေက သံဗုံးတီးပြီးနှင်လွှတ်တယ်ဆိုပြီး ရေးသားပြန်ပါတယ်။
အခုအချိန်မှာတော့ လွန်သွားပြီ 7 Day ရေ........။
ကိုယ့်ထိုက်နှင့်ကိုယ့်ကံသာရှိပါစေတော့..........။
ဝီရသူ(မစိုးရိမ်)
21.3.2017
PM 8:05







No comments:

Post a Comment