"အရှင်မြတ်အတွက်
လူတွေသတ်သူ"
သူ့ဟာသူ
အရှင်မြတ်အတွက် ပေးဆပ်ချင်ရင်လည်း သူတစ်ယောက်ထဲပေးဆပ်ပေါ့ဗျာ။
ဘာဖြစ်လို့
အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ပြီးမှ ပေးဆပ်ရမှာလဲ?။
ဆေးမှု၊
ခိုးမှုတွေနဲ့ ထောင်ကျတဲ့သူက ထောင်ထဲရောက်မှ အစွန်းရောက်ဝါဒ စွဲကပ်တယ်ဆိုတော့ ပြင်သစ်ထောင်ကြီးကို
အစွန်းရောက်ထောင်ကြီးလားဗျာ။
အိမ်ကိုဝင်ရှာတော့
အစ္စလာမ်ဘာသာကို အထူးပင်ကြည်ညိုသည့် အမှတ်အသားများ တွေ့ခဲ့ရတယ်ဆိုတော့ အစ္စလာမ်ဘာသာကို
အထူးယုံကြည်သူတွေက လူတွေလိုက်သတ်နေတဲ့သဘောပေါ့နော်။
ဖရန်စစ်ဟော်လန်ကပြောတယ်
အကြမ်းဖက်ဝါဒကို အမြစ်ပြတ်အောင် နှိမ်နင်းသွားမယ်
ပြင်သစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်ကို ကာကွယ်သွားမယ်ဆိုတော့ ပြင်သစ်နိုင်ငံရဲ့အချုပ်အခြာအာဏာဟာ
ဂျီဟဒ်ဝါဒီ အစ္စလာမ္မစ်တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီဆိုတာ ဝန်ခံလိုက်တာပဲနော်။
ဝီရသူ(မစိုးရိမ်)
21.3.2017
PM
3:58
=======================================================
"ပြင်သစ်လေဆိပ်
လုံခြုံရေးကိုတိုက်ခိုက်သည့် ဘာသာရေးအစွန်းရောက်က အရှင်မြတ်အတွက် သေဆုံးလိုဟုအော်ဟစ်"
ပဲရစ်၊
မတ် ၁၉
ပြစ်သစ်နိုင်ငံ
ပဲရစ်မြို့တောင်ဘက်ဒေသရှိ အော်လီလေဆိပ်တွင် လုံခြုံရေးတပ်သားတစ်ဦးကို တိုက်ခိုက်ခဲ့သည့်
ဘာသာရေးအစွန်းရောက် အမျိုးသားတစ်ဦးကို တိုက်ခိုက်ခဲ့သည့် ဘာသာရေးအစွန်းရောက် အမျိုးသားတစ်ဦး
သည် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုမခံရမီ အလ္လာအရှင်မြတ်အတွက် သေဆုံးလိုသည်ဟု ကြွေးကြော်ခဲ့ကြောင်း
ဥရောပ သတင်းမီဒီယာများက ရေးသားဖော်ပြသည်။
အသက်
၃၉ နှစ်အရွယ်ရှိ ဇေယျက်ဘန်ဘယ်ကာဆမ်ဆိုသူသည် ယမန်နေ့က အော်လီလေဆိပ်တွင် ကင်းလှည့်နေသော
ပြင်သစ်လေတပ်မှ အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦး၏ သေနတ်ကို ဝင်လုခဲ့ကြောင်း၊ ၄င်းတို့နှစ်ဦး
လုံးထွေးကာ လဲကျသွားစဉ် ကင်းလှည့်နေသော အခြားတပ်ဖွဲ့ဝင်နှစ်ဦးက ဝင်ရောက်တိုက်ခိုက်သူ
ဇေယက်ကို အသေ ပစ်ခတ်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း BBC သတင်းက ဆိုသည်။
ဇေယက်သည်
မူးယစ်ဆေးဝါးနှင့်ဆိုင်သောအမှုများ၊ ခိုးမှုများကျူးလွန်ခဲ့ခြင်းကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူ
ဖြစ်ပြီး အကျဉ်းကျခံနေရစဉ် ထောင်တွင်း၌ ဘာသာရေးအစွန်းရောက်အယူဝါဒများစွဲကပ်ခဲ့သည်ဟု
ပြင်သစ် အာဏာပိုင်များက ဆိုသည်။
သို့အတွက်ကြောင့်
၎င်းကို ပြင်သစ်ရဲတပ်ဖွဲ့၏ စောင့်ကြည့်ရမည့် လူဆိုးများစာရင်းတွင် ထည့်သွင်းခဲ့ကြသည်။
အော်လီလေဆိပ်တွင်
ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည့် ဇေယက်၏ နေအိမ်ကို ပြင်သစ်ထောက်လှမ်းရေး အေဂျင့်များက ဝင်ရောက်ရှာဖွေခဲ့ရာ
အစ္စလာမ်ဘာသာကို အထူးပင်ကြည်ညိုသည့် အမှတ်အသားများသာ တွေ့ရပြီး အခြားအန္တရာယ်ရှိသည့်
လက်နက် သို့မဟုတ် ဖောက်ခွဲရေးပစ္စည်းများ မတွေ့ရှိခဲ့ဟုဆိုသည်။
အဆိုပါအစွန်းရောက်
ဘာသာရေးအယူရှိသူ ဇေယက်၏ တိုက်ခိုက်မှုသည် ပြင်သစ်နိုင်ငံတွင်း မကြာမီကျင်းပရန်ရှိသည့်
ရွေးကောက်ပွဲကြောင့် လုံခြုံရေးအတွက် အထူးဂရုစိုက်နေရချိန်တွင် ထွက်ပေါ်ခဲ့ခြင်း လည်းဖြစ်သည်။
အော်လီလေဆိပ်တွင်
ဖြစ်ပေါ်ခဲ့သော အဆိုပါတိုက်ခိုက်မှုကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိမှုမဖြစ်ခဲ့သော်လည်း
ခရီးသည် ၃၀၀၀၀ ခန့်ကို ဘေးကင်းရာသို့ အရေးပေါ်ခေါ်ထုတ်ခဲ့ရကြောင်း၊ ထို့ပြင် လေကြောင်းခရီးစဉ်
၁၇၈ ခုကိုဖျက်သိမ်းလိုက်ရပြီး ယင်းလေဆိပ်သို့ ဆင်းသက်မည့်လေယာဉ်များမှာ ပဲရစ်မြို့
မြောက်ပိုင်းရှိ ချားလ်စ်ဒီဂေါလေဆိပ်သို့ ပြောင်းလဲဆင်းသက်ခဲ့ရကြောင်း ပြင်သစ်အာဏာပိုင်များက
ပြောကြားသည်။
ပြင်သစ်သမ္မတဖရန်စစ်ဟော်လန်ကမူ
အကြမ်းဖက်ဝါဒကို အမြစ်ပြတ်အောင်တိုက်ခိုက်နှိမ်နင်းသွားမည်ဟု ထပ်မံထုတ်ဖော်ပြောဆိုပြီး
ပြင်သစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်ကို ကာကွယ်သွားမည်ဟု ကတိပြု ပြောဆိုလိုက်သည်။
F-01
(20.3.2017
The Voice Daily)

No comments:
Post a Comment