"ဓမ္မစက်နှင့်
အာဏာစက်"
==============
ရပ်ကျေးသံဃနာယက၊
မြို့နယ်သံဃနာယကအဖွဲ့က တရားဟောခွင့်ပြုလိုက်ပြီဆိုရင် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်များက
ပွဲမိန့်ချပေးရပါတယ်။
ဒါကို
ဓမ္မစက်ကို အာဏာစက်နှင့် စောင့်ရှောက်တယ်လို့ ဆိုပါတယ်။
မည်သည့်နေရာမှာမဆို
သံဃာ့အဖွဲ့အစည်းက ခွင့်ပြုပါလျင် ပွဲမိန့်ကျသည်ချည်းသာဖြစ်ပါတယ်။
သံဃာ့အဖွဲ့အစည်းက
ခွင့်ပြုပါလျက် ပွဲမိန့်မချပေးတဲ့ တရားပွဲဆိုလို့ ဘယ်နေရာမှာမှ မရှိခဲ့ဖူးပါဘူး။
သံဃာ့အဖွဲ့အစည်းကခွင့်ပြုလျင်
တရားဟောလို့ရပါပြီ။
ဒါကိုပဲ
တရားပွဲစီစဉ်သူကို တရားစွဲဖို့ပြင်ဆင်နေတယ်ဆိုတော့ ဧရာဝတီတိုင်းအစိုးရ သဘောထားကို စဉ်းစားသာကြည့်ပေတော့။
ဘာသာခြားလည်းဖြစ်နေလို့
အခုလို သူတစ်ပါးဘာသာအပေါ်မှာ နှိပ်ချင်ကွပ်ချင်တဲ့စိတ်တွေလည်း ပေါ်ပေါက်နေတာဖြစ်မှာပါ။
တစ်သက်နှင့်တစ်ကိုယ်
ဒီအာဏာမျိုးမရခဲ့ဖူးလို့ အာဏာယဇ်မူးပြီး လုပ်ချင်ရာ လုပ်မဲ့သဘော သက်ရောက်နေတာလည်းဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲ
အရေးယူယူ ဦးမောင်ဝင်းတို့က အဆင်သင့်ပါပဲ။
ဦးမောင်ဝင်းဆိုတာ
ပွဲစီစဉ်သူ ဦးဝိမလစာရရဲ့ ရဟန်းဒါယကာကြီးပါ။
ပိတ်ပင်ကာလ
ကုန်ဆုံးသွားတဲ့ 9.3.2018 မှာ ဦးဦးဖျားဖျား တရားပွဲကျင်းပဖို့လည်း ကြိုတင် ပင့်ဖိတ်ထားပါသေးတယ်။
တရားပွဲကျင်းပလို့
အဖမ်းခံရတယ်ဆိုရင် တစ်သက်လုံးထောင်ထဲမှာနေရနေရ မဖြစ်မနေ ကျင်းပမယ်လို့ စာရေးသူကိုလျှောက်ထားပါတယ်။
ဧရာဝတီတိုင်းအစိုးရရေ
စိတ်ရှိလက်ရှိသာ သာသနာဖျက်ပေရော့ပဲ..........။
ဝီရသူ(မစိုးရိမ်)
21.3.2017
==========================================================
PM
9:35
==========================================================
"ဦးဝီရသူ၏
အိမ်မဲတရားပွဲ စီစဉ်သူကို ရက်ပိုင်းအတွင်း တရားစွဲမည်"
ပုသိမ်၊
မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး
အိမ်မဲမြို့နယ်တစ်ဖက်ကမ်း သရက်ကုန်း သီးကွင်းကျေးရွာအုပ်စုတွင် မန္တလေး မစိုးရိမ်တိုက်သစ်မှ
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဦးဝီရသူ)၏ တရားပွဲကိုစီစဉ်ခဲ့သော ဦးမောင်ဝင်းကို ရက်ပိုင်းအတွင်း
(ယခုသီတင်းပတ်)တွင် တရားစွဲဆိုမည်ဖြစ်ကြောင်း အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဦးစီးမှူး ဦးသက်ဇော်ဦးက ပြောကြားသည်။
"မတ်လ
၁၇ ရက်က ဥပဒေအရာရှိရဲ့ အကြံပြုချက် ရောက်နေပါပြီ၊ တရားပွဲစီစဉ်သူကို မတ်လ စတုတ္ထပတ်ထဲမှာ
တရားစွဲဆိုသွားမှာပါ၊ တရားစွဲဆိုတဲ့ ဥပဒေပုဒ်မကိုတော့ ရုံးတွင်းစာဖြစ်လို့ တရားရုံးတော်ရောက်မှသာ
သိနိုင်မှာပါ" ဟု ၄င်းက ရှင်းပြသည်။
ခရိုင်မြို့နယ်နှင့်ရပ်/ကျေး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဦးဝီရသူ)၏
တရားပွဲကို ခွင့်မပြုခြင်းကို အသိပေးရာ တရားပွဲစီစဉ်သူ ဦးမောင်ဝင်းက သိရှိသည်ဟု ဝန်ခံခဲ့ကြောင်း၊
သို့သော် မတ်လ ၁၁ ရက်တွင် ပါးစပ်ပလာစတာပိတ်ထားသည့် မန္တလေး မစိုးရိမ်တိုကသစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဦးဝီရသူ)ကို
တရားဟောစင်ပေါ်တင်ပြီး တရားခွေကိုဖွင့်ကာ တရားပွဲကို စီစဉ်ခဲ့သည့်အတွက် ဥပဒေအရာရှိ၏
အကြံပေးချက်ကို ရယူပြီး အထွေထွေအုပ်ချုပ်ရေးအဖွဲ့က တရားစွဲဆိုခြင်းဖြစ်သည်။
မတ်လ
၈ ရက်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ အုပ်စု တာတပေါအရှေ့ကျေးရွာ
တွင် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဦးဝီရသူ)သည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏
တရားဟောကြားခွင့် မပြုခြင်းကို တားမြစ်နေသည့်ကြားမှ လိုက်နာခြင်းမရှိဘဲ တရားဟောခဲ့ကြောင်း၊
တရားပွဲ ဖြစ်ခဲ့ရသည့်အတွက် လုပ်ငန်းတာဝန်များကို အချိန်နှင့်တပြေးညီမဆောင်ရွက်နိုင်သော
ဝန်ထမ်းများနှင့် ဖေဖော်ဝါရီလအတွင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခြင်းမရှိဘဲ
တရားဟောပြောခွင့် ပြုပေးခဲ့သည့် ကျူံကူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဟိုင်းကြီးကျွန်းမြို့အုပ်ချုပ်ရေးမှူးတို့ကို
စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရရုံးတာဝန်ရှိသူက ပြောဆိုသည်။
တရားဟောပြောခွင့်
ပိတ်ခြင်းခံရသော မန္တလေးမစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဦးဝီရသူ)သည် ၂၀၁၇ ခုနှစ်တွင်
ဧရာဝတီတိုင်းဒေသကြီး၌ တရားပွဲ ၅ ကြိမ်စီစဉ်ခဲ့ရာ ဖျာပုံနှင့် ပုသိမ်တို့တွင် ဒေသခံနှင့်
အစိုးရအဖွဲ့က လက်မခံသဖြင့် တရားဟောပြောခြင်းမရှိခဲ့ကြောင်း၊ ငပုတောမြို့နယ်ရှိ ကျုံကူးရွာနှင့်
မအူပင်မြို့နယ် တာတပေါ့ရွာတို့တွင် တာဝန်ရှိသူများ တားမြစ်နေသော်လည်း တရားဟောပြောခြင်း၊
အိမ်မဲမြို့နယ် သီးကွင်းရွာတွင် ပါးစပ်ပလတ်စကာပိတ်ထားကာ တရားခွေဖွင့်သည့် တရားပွဲကို
ပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရရုံးမှ သိရှိရသည်။
R-12
(Voice
21.3.2017 သတင်းစာမှ)

No comments:
Post a Comment