မစိုးရိမ်တိုက်သစ်
ဒုတိယတိုက်ပတ်စာမေးပွဲ အောင်စာရင်းထွက်တော့မည်
==============================
မန္တလေးမြို့၊
မစိုးရိမ်တိုက်သစ်၊ ဒုတိယအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲ (ဒုတိယတိုက်ပတ်)အဖြေလွှာများ စစ်ဆေးပြီးလို့
ဒီနေ့ 22.11.2016 မွန်းလွဲ ၂း၀၀ နာရီမှာ နာယကဆရာတော်များ အောင်စာရင်းထုတ်ဖို့ ပြင်ဆင်နေကြတာပါ။
မဟာနာယကဆရာတော်
ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် နာယကဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ အမှူးပြုသော နာယကဆရာတော်များ
တိုင်ပင်ဆွေးနွေး ပြင်ဆင်ကြတာပါ။
အောင်စာရင်းမူကြမ်းထုတ်အပြီးမှာ
မစိုးရိမ်တိုက်သစ် ပတ်ဝန်းကျင် သာသနာသန့်ရှင်းရေးအတွက် သီးခြားအစီအစဉ်အဖြစ် ထပ်မံဆွေးနွေးကြပါတယ်။
မနက်ဖြန်ဆိုရင်
အောင်စာရင်းထွက်ပါပြီ။
တပေါင်းလမှာ
တတိယအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲ ဆက်လက်ကျင်းပပါဦးမယ်။
တစ်နှစ် သုံးကြိမ်
လေးလတစ်ခါ ကျင်းပတာပါ။
အောင်မြင်သူများကို
အဆင့်အလိုက် လစဉ်ဆုချပါတယ်။






No comments:
Post a Comment