“အောင်ပင်လယ်
နဂါးနီစုဘူးအသင်း ငွေပေးပွဲ”
==========================
မန္တလေးမြို့၊
ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ အမှတ်(၇)နဂါးနီစုဘူးအသင်းဝင်များအား
စုဘူးငွေထုတ်ပေးပွဲကို (21.11.2016) မွန်းလွဲ(2:00)နာရီ၊ အောင်ပင်လယ်ရပ်ကွက်၊
သာသနဟိတဓရ ဝိဇယဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့
အသင်းနာယက အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြမြိုင်တို့
တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန မှ အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲပြီးနောက်
အသင်းဝင်(၁၃၀)ဦးတို့အား (၁)သိန်းကျပ်စီ ထုတ်ပေးခဲ့ပါသည်။
အောင်ပင်လယ်
နဂါးနီစုဘူးအသင်းကို ဆရာတော်ဦးဝီရသူမှ 3.3.2016 ရက်နေ့တွင်
စတင်တည်ထောင်ပေးခဲ့ပြီး ယခုအခါ အသင်းဝင်ပေါင်း (၁၃၀)ဦးရှိပြီဖြစ်သည်။
ဆရာတော်အနေဖြင့် စုဘူးတစ်ခုစီအတွက် ကျပ်သိန်း(၁၀၀)အထိ အရင်းနှီးစိုက်ထုတ်၍
လှူးဒါန်းသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
နဂါးနီစုဘူးအသင်း၏
ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင်
တစ်ထောင်နှုန်းစုရပါသည်။ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက်
ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့်
ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် သုံးစွဲပြီး ရရှိလာသော အမြတ်ငွေများကို
တခြားစုဘူးအတွက်သုံးစွဲခြင်းမရှိဘဲ သက်ဆိုင်ရာ စုဘူး၌သာ
ပြန်လည်သုံးစွဲခြင်းဖြစ်ကြောင်း သိရသည်။
ဝီရခေမိန်
(နဂါးနီစုဘူးသတင်းထောက်)
“နဂါးစုဘူးနီ
ဆောင်ပုဒ်”
အတိုးပေါ်
အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊
လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ
ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား
ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊
နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့
အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ
လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး
သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)





No comments:
Post a Comment