Wednesday, November 23, 2016

“အဖြည့်ခံနှလုံးသား နဲ့ အမုန်းခံလူစား (သို့) ဦးဝီရသူ ” (အပိုင်း-၄)

“အဖြည့်ခံနှလုံးသား နဲ့ အမုန်းခံလူစား (သို့) ဦးဝီရသူ ” (အပိုင်း-၄)
=====================================

ဦးဝီရသူ နှင့် ယန်ဟီးလီ
~~~~~~~~~~~~~~~~~~
ဘင်္ဂလားဒေရှ့်နိုင်ငံမှ ကျူးကျော်ဝင်ရောက်နေထိုင်ကြသော ဘင်္ဂလီမူဆလင်များသည် ရိုဟင်ဂျာဟု နာမည်သစ်ထွင်၍ တိုင်းရင်သားသဏ္ဌန်ပုံဖော်၍ ပြည်တွင်းပြည်ပ၌ အချိတ်အဆက်မိမိ အရှိန်အဟုန်ပြင်းပြင်းဖြင့် သမိုင်းလိမ်နေမှုသည် တစ်စတစ်စနဲ့ အင်မတန်ကြီးထွားအားကောင်းလာပေသည်။ ဓနအင်အားကြီးမားကြသည့် အစ္စလာမ်မစ်နိုင်ငံများ၏ ထောက်ပံ့အားပေးမှုဖြင့် ပြည်ပ၌ နေထိုင်လှုပ်ရှားကြသည့် ၀ါကာဟူဒင်၊ ဂျလာလာနီ အစရှိသည့် ဘင်္ဂလီခေါင်းဆောင်များ၏ စီစဉ်ညွှန်ကြားမှု၊ ကြိုးစားအားထုတ်မှုများကြောင့် ကျူးကျော်ဘင်္ဂလီများ၏ ရိုဟင်ဂျာတိုင်းရင်းသားမျိုးနွယ်စု ပုံရိပ်သည် လျှင်လျှင်မြန်မြန် ရုပ်လုံးပေါ်နေသည်ကို တွေ့ရသည်။

စတုတ္ထမဏ္ဍိုင်ဆိုသည့် မီဒီယာများကိုပင် ငွေတံတားခင်း၍ ရိုဟင်ဂျာဇာတ် ခင်းစေနိုင်ခဲ့သကဲ့သို့၊ ကမ္ဘာကြီးကို ထိန်းကျောင်းတည့်မတ်ပေးရန်၊ တရားမျှတ ငြိမ်းချမ်းမှုရှိစေရန် အစရှိသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထာသည့် “ကုလသမဂ္ဂသည်ပင် OIC ဟုခေါ်သော အစ္စလာမ်မစ်နိုင်ငံများ၏ ဓနအား၊ လူအား၊ ပါဝါအားတို့ကြောင့် အမှန်ကိုမျက်ကွယ်ပြု ရိုဟင်ဂျာအရေးကို လိုအပ်သည်ထက် အလေးပေးလွန်းသည်ဟု အသံများလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ထိုကဲ့သို့ ထွက်ပေါ်လာသည့် ကုလနှင့် ဘင်္ဂလီသတင်းသည် အမှန်ဖြစ်ဖို့ရာများပေ၏။ အဘယ့်ကြောင့်ဆိုသော် အစ္စလာမ်မစ်နိုင်ငံများသည် ကုလသမဂ္ဂအဖွဲ့ကြီးသို့ နည်းအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးဖြင့် ငွေများထောက်ပံ့နေသည်ဟု လူပြောများလျှက်ရှိသည်။ ကုလအဖွဲ့ကြီး၌ အစ္စလာမ်မစ်နိုင်ငံများသည် ဓနအားဖြင့် ကြီးစိုးနေသကဲ့သို့ ထိုကုလသမဂ္ဂအဖွဲ့ဝင် အစ္စလာမ်မစ်နိုင်ငံများ၏ အရေအတွက် များပြားခြင်းကြောင့် မဲများသည့်အားကို လျှစ်လျူမရှုနိုင်သည့်အတွက် အစ္စလာမ်မစ်နိုင်ငံများ မျက်နှာထားကို အလေးထားနေခြင်း ဖြစ်ပေမည်။

ထို့ကြောင့် ကမ္ဘာတွင် ဘင်္ဂလီအရေးထက် အင်မတန်ကြီးလေးလှသည့် ပြဿနာအရေးများကို မျက်နှာလွှဲကာ ဘင်္ဂလီကို ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေး အလေးပေးနေခြင်းဖြစ်သည်။
ကုလသမဂ္ဂအပါအ၀င် INGO, NGO အမည်ခံ အဖွဲ့အစည်များသည် ဘင်္ဂလီများကို ရိုဟင်ဂျာဖြစ်ရေး တစ်စိုက်မတ်မတ် လုပ်နေဆောင်သည့်အတွက် ဒေသခံရခိုင်တိုင်းရင်းသားများအပါအ၀င် မြန်မာတိုင်းရင်ရင်းသား ပြည်သူများသည် မှန်ပါလျှက်နှင့် ခံနေရသည့်အဖြစ်သို့ ရောက်နေရ၏။

ဘင်္ဂလီပြဿနာကို အစိုးရနှင့် တာဝန်သိသူ၊ တာဝန်ရှိသူ ပညာရှင်များ၊ ပြည်သူများအားလုံးမှ သံတမန်နည်းလမ်း၊ သမိုင်းသုတေသနလမ်းကြောင်းတို့ဖြင့် အမှန်ကိုအမှန်အတိုင်း ကုလသမဂ္ဂအပါအ၀င် ကမ္ဘာကြီးကိုရှင်းပြပါသော်လည်း အစ္စလာမ်မစ်နိုင်ငံတို့၏ ဓနအား၊ ပါဝါအားကြား၌ အမှန်တရားသည် ငုပ်လျှိုးပျောက်ကွယ်ခဲ့ရ၏။

ကုလသမဂ္ဂအအပါအ၀င် မီဒီယာတို့၏ တစ်ဘက်စောင်းနင်း ဘက်လိုက်မှုကြောင့် မြန်မာပြည်၏ အနာဂတ်မှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် သံတမန်နည်း၊ သုသေတနသမိုင်းနည်းတို့ဖြင့် အလိမ္မာသုံးသည့်နည်းသည် အမှန်ကိုမျက်ကွယ်ပြုသူများအတွက် မထိရောက်တော့သည့်အဆုံး ဆရာတော်ဦးဝီရသူသည် အနာဂတ်မြန်မာပြည်အတွက် ထိရောက်သည့်နည်းဖြင့် ခုခံလိုက်ရဖြင်းဖြစ်သည်။ အနုနည်းဖြင့် နားမ၀င်သည့်သူများကို အကြမ်နည်းဖြင့် မလွှဲသာမလျှောင်သာ ဆုံးမလိုက်ရခြင်းဖြစ်သည်။

ဆရာတော်ဦးဝီရသူ၏နည်းသည် အလွန်ထိရောက်သည်ဟု ဆိုရမည်ဖြစ်သည်။ သံခင်း၊ တမန်ခင်းဖြင့် ရှင်းပြပြောပြ၍ မရသည့် ကုလအဖွဲ့ကြီးသည် ဆရာတော်၏ စကားတစ်ခွန်းကြောင့် အပြောအဆို အနေအထိုင်သိသိသာ သာဆင်ခြင်သွား၏။ ရခိုင်ဒေသသည်လည်း အထိုက်အလျှောက် စိတ်အေးခွင့်ရရှိခဲ့၏။ ဆရာတော်၏ မစ္စစ်ယန်ဟီးလီအပေါ် ကြမ်းတမ်းစွာ ခွန်းတုန့်ပြန်ခြင်းနှင့်ပတ်သက်၍ အချို့သောသူများက ဆရာတော်ကို အပြင်းအထန်ကန့်ကွက်ရှုံ့ချကြ၏။

ထိုသို့ကြမ်းတမ်းစွာပြောဆိုခြင်းကြောင့် မြန်မာပြည်သည် ဂုဏ်သိက္ခာထိခိုက် ညှိုးနွမ်းသည့်အတွက် ကန့်ကွက်ခြင်းဖြစ်သည်ဟု အကြောင်းပြကြသည်။ ထို့သို့ဆိုလျှင် ဆရာတော်ဦးဝီသူသည် ကုလကိုယ်စားလှယ်အား အဘယ့်ကြောင့် ယခုကဲ့သို့တုန့်ပြန် ဆက်ဆံသည်ကို သိဖို့လိုပါသည်။

ခိုးဝင်ဘင်္ဂလီများကို ရိုဟင်ဂျာလူမျိုးနွယ်ဟုဆိုကာ မြန်မာပြည်သား တိုင်းရင်းအဖြစ် အတင်းအဓမ္မ လုပ်ဆောင်နေသည့်အတွက်ဖြစ်သည်။
ရိုဟင်ဂျာဟု အတည်ပြုလိုက်ပါက “ရှမ်း၊ကရင်၊ ကချင်၊ ဗမာ၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသားများကဲ့သို့ တိုင်းရင်းသားမျိုးနွယ်ဝင်အဖြစ် အလိုအလျှောက် အသိအမှတ်ပြုပြီး ဖြစ်သွားမည်ဖြစ်သည်။

မြန်မာအစိုးရအဆက်ဆက်သည် ခိုးဝင်ကျူးကျော်ဘင်္ဂလီများကို လူသားခြင်းစာနာထောက်ထားသောအားဖြင့် (၁၉၈၂) နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ကို သဘောထားကြီးစွာ ပေးထားပါလျှက် တစ်ဆင့်တက်ပြီး တိုင်းရင်းသားမျိုးနွယ်ဝင်အဖြစ် တောင်းဆိုနေခြင်းဖြစ်သည်။
မြန်မာသမိုင်းတစ်လျှောက် မည်သည့်ခေတ် မည်သည့်အချိန်မှ မရှိခဲ့သည့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ အားလုံးကွဲပြားသည့် ကျူးကျော်သူများကို တိုင်းရင်းသားစာရင်း အသွင်းခံရပါက မြန်မာပြည်အနာဂတ် မည်မျှလောက် ထိခိုက်သွားစေပါမည်နည်း။

ဆရာတော်ဦးဝီရသူကို ကန့်ကွက်သူများသည် မြန်မာပြည်ကိုချစ်၍ ကန့်ကွက်သည်ဆိုပါက မစ္စစ်ယန်ဟီးလီက ဘင်္ဂလီများကို ရိုဟင်ဂျာ ဇာတ်အတင်းသွင်းစဉ်က အဘယ့်ကြောင့်နှားစေး၍ နေပါသနည်း၊ သိလိုလှပါသည်။ ကိုယ့်အတွက် အမုန်းခံ အနစ်နာခံသူကို စောလူမင်းလို အတွေး အလိုတော်ရိအမြင်ဖြင့် ဘာမှမဆင်ခြင်ဘဲ မပြောသင့်ပေ။
သူခိုးဓါးရိုးကမ်းသည့်လုပ်ရပ်များ မပြုလုပ်သင့်ပေ။ အမှန်အကန် မြန်မာပြည်ကိုချစ်သည်ဆိုက ဆရာတော်ကိုပင် အားပေးဝန်ရံပေးရမည်သာဖြစ်ပါသည်။

အချို့ကလည်း ဦးဝီရသူက မစ်ယန်ဟီးလီကိုပြောသည်ကို ဒေါ်အောင်ဆောင်စုကြည်ကို ပြောသည်ဟု အထင်ရှိနေသူများလည်းရှိသေး၏။ ဆရာတော်က မစ်ဟန်ဟီးလီဟု ခေါင်းစဉ်တပ်ကာ သိသာမြင်သာ အများရှေ့မှာ ပြောဆိုနေခြင်းဖြစ်ပါလျှက် သွေးခွဲသူတို့၏ စကားကို ဉာဏ်နည်းစွာယုံကြည်ပြီး ကိုယ့်လူကိုအသေသတ် ရန်သူကိုအားဆေးကပ်သည့်နှယ် ဖြစ်နေကြသည်။

ဤကား အိမ်ကြက်အချင်းချင်း အိုးမည်းသုတ်ပေးလိုက်ခြင်း ဖြစ်သည်။ စောလူမင်းလိုအတွေးမျိုးကို ဖျောက်ပြစ်ရန် အချိန်တန်နေပြီဖြစ်သည်။
မစ္စစ်ဟန်ဟီးလီအား အကြမ်းနည်းဖြင့် ခွန့်တုန့်ပြန်ခြင်းနှင့်ပတ်သက်၍ ဆရာတော်က ယခုလိုအမိန့်ရှိပါသည်။ “ဘင်္ဂလီတွေဘက်က တစ်ကမ္ဘာလုံးဖြစ်နေတာ ဒီတစ်ကမ္ဘာလုံးအားကို ကိုယ်တစ်ပါးတည်း ရင်ဆိုင်ယှဉ်ပြိုင်ရတော့ အခုလိုအပြောအဆိုခံ၊ အတိုက်ခိုက်ခံနေရတာပေါ့။ ဦးဇင်းတို့ ဗုဒ္ဓဘုရားရှင်ရဲ့ သာသနာပြုနည်းတွေကို ကြည့်လိုက်မယ်ဆိုရင် နတ်သမီးသမျှလှပတဲ့ မာဂဏ္ဍီလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ကို မစင်အိုးကြီးလို့ သုံးနှုန်းခဲ့ဖူးတယ်။ ဒါကလဲ မာဂဏ္ဍီိကိုမုန်း လို့မဟုတ်ဘူး အများအကျိုးရှိအောင် ဒီနည်းသူံမှဖြစ်မှာ သင့်တော်မှာဖြစ်လို့ မသက်သာတဲ့အဆုံး သုံးလိုက်ရတာပါ။

ယန်ဟီလီကလည်း အနုနည်းဖြစ်တဲ့ သံတမန်လမ်းသုံးတာ ဘယ်လိုမှမရတဲ့အဆုံးမှ ခုလိုအကြမ်းနည်းကို သုံးလိုက်တာပါ။ ဒီလိုသုံးလိုက်တာလည်း သူ့ကိုမုန်းလို့လည်း မဟုတ်ဘူး၊ ငြိုးလို့လည်း မဟုတ်ဘူး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ဒုက္ခနဲ့မတိုးအောင် အများအကျိုးအတွက် အမုန်းခံပြီး ဒီနည်းကို သုံးလိုက်ရတာပါ”

မှန်ပါသည်။ မြတ်စွာဗုဒ္ဓ၏ ဒေသနာထဲတွင် ဥပမာပေးထားသည့် ဒေသနာတစ်ခုရှိ၏။ ကလေးငယ်တစ်ဦးသည် ဒင်္ဂါစေ့တစ်စေ့ကို ဆော့ကစားရင်း လည်ခေါင်းဝ၌ တစ်၍နေ၏။ ထိုအခါ ဖခင်လုပ်သူသည် မိမိသားရဲ့ လည်ချောင်းထဲမှ ဒင်္ဂါးစေ့ကို မရ ရအောင် အားကုန်သုံး၍ ဆယ်ယူမည်ဖြစ်သာဖြစ်သည်။ သာမန်အားဖြင့် ပြန်ယူ၍မရပါက ဒူးနှစ်ချောင်းတွင်း၌ ကလေးခေါင်းထည့်၍ ထုတ်ယူရမည်ဖြစ်သည်။ ထို့သို့ပြုလုပ်ပါက ကလေးငယ်မှာ နာမည် ဒဏ်ရာရမည်ကို ဖခင်သည် အသိပင်ဖြစ်၏။
သို့သော် ထိုသို့အနာခံကာ မထုတ်ယူပါက အင်္ဂါပြားဝမ်းဗိုက်အတွင်း ကျရောက်သွားလျှင် ကလေးငယ်၏ အူများကို ဖြတ်တောက်ပြစ်မည်ဖြစ်သဖြင့် သူငယ်သည် အသက်ဆုံးရှုံးရမည်ဖြစ်သည်။ ခေတ္တမျှ အနာခံရခြင်းသည် အသက်သေဆုံးရခြင်းထက် များစွာသက်သာသည့်အတွက် အနာခံကာ ထုတ်ယူရခြင်းဖြစ်သည်။
ဖခင်သည် ထို့ကဲ့သို့ မိမိ၏ရင်းသွေး နာမည်ကိုသိပါလျက် မရ ရအောင် ဒင်္ဂါစေ့ထုတ်ခြင်းသည် မိမိ၏ရင်သွေးကို မချစ်၍မဟုတ် ချစ်လွန်းသဖြင့် အသက်မသေဆုံးစေရန်သာ ပြုလုပ်ခြင်းဖြစ်၏။ ဆရာတော်ဦးဝီရသူသည်လည်း မစ္စစ်ဟန်ဟီးလီအား ကြမ်းတမ်းစွာ ပြောဆိုရခြင်းသည် မစ္စစ်ယန်ကို မုန်း၍မဟုတ်ပေ မြန်မာပြည်ကို ကာကွယ်ဖို့ မြန်မာတွေကို ချစ်လွန်း၍သာ အနစ်နာခံလိုက်ခြင်းဖြစ်သည်။

မီး,လိုလူစား လ,လိုလူသား
~~~~~~~~~~~~~~~
ဆရာတော်ဦးဝီရသူသည် ကိုယ့်လူမျိုး၊ ကိုယ်ဘာသာ၊ ကိုယ့်သာသနာကို စော်ကားကြသည့် ဘာသာခြားများအပေါ် နဂါးလိုအဆိပ်ပြင်း မီးလိုပူပြင်းပေမယ့်လည်း အမျိုး၊ ဘာသာ၊ သာသနာကို လေးစားကြသည့် ဘာသာခြား၊ လူမျိုးခြားများအပေါ်၌ ရန်သူလိုမသတ်မှတ် မိတ်ဆွေလိုသာ ဆက်ဆံသည်။
အထူးသဖြင့် ဗုဒ္ဓဘာသာဝင်အချင်းချင်းဆိုက အဆိပ်ပြင်းထန်သည့် နဂါးမဟုတ်တော့ဘဲ အဆိပ်ကင်းစင်ပြီး မည်သူကိုမျှ ရန်မမူတတ်သည့် တီကောင်အလားဖြစ်သွားတတ်၏။ မီးလိုမပူတော့ဘဲ လရောင်လိုအေး ချမ်းသွားတတ်သည်။

ဆရာတော်၏ကျောင်းတွင် နေ့စဉ်လိုလို အကူအညီတောင်းခံသူများ ရှိနေတတ်သည်။ တစ်ချို့ဆိုလျှင် အိမ်ကိုပင်ရွေးပေးရသည်လည်းရှိ၏။ ဘာသာခြားကုလားများနှင့် အလုပ်အတူလုပ်မိ၍ ကုလားလိမ်ခံရသူများ၊ ကုလားနှင့် လူမှုရေးဆက်ဆံမိ၍ သမီးပါသွားသူများ၊ ဇနီးပါသွားသူများမှာ အများဆုံးဖြစ်၏။
ထူးခြားသည်မှာ မူဆလင်အချင်းချင်း ဒုက္ခပေးလို့ ဆရာတော်ထံ အကူအညီလာရောက်တောင်းခံသည့် မူဆလင်များပင်ရှိ၏။ ဆရာတော်၏စေတနာကို မူဆလင်များပင် ခံစားနားလည်ပါသော်လည်း တချို့သောမြန်မာတို့ကား နီးလျက်နဲ့ဝေး ဖြစ်နေ၏။ သူ့ဖို့မှန်း ကိုယ့်ဖို့မှန်း နားမလည် သွေးခွဲသူအလိုကျ စော်ကား၍နေကြပေသည်။

ဆရာတော်ထံ အကူအညီတောင်းခံသူများသည် အမှန်အကန်များပါသကဲ့သို့ အကြံအဖန်များလည်း ရှိ၏။ ဆရာတော်သနားတတ်မှန်းသိ၍ အကြောင်းအမျိုးမျိုးပြကာ လိမ်လည်တောင်းခံကြ၏။ ဆရာတော်သည် လိမ်နေမှန်းသိပါလျှက် အကူအညီပေးလိုက်တာလည်းရှိသည်။
သူတို့အတော်ဒုက္ခရောက်နေလို့သာ ဘုန်းကြီးတွေဆီ လာလိမ်တာနေမှာပါ ဒီတခါတော့ မပြောပါနဲ့ ထားလိုက်ပါဟုပင် တပည့်များကို တားမြစ်တတ်သည်။

ဆရာတော်သည် ဓမ္မပူဇာမှရရှိသည့် အလှူငွေများကို မိမိအတွက်ပင် မသုံးရက်သော်လည်း လိမ်နေမှန်းသိနေပါလျှက် အဆင်ပြေပါစေဆိုသည့် စေတနာဖြင့် အကူအညီပေးလိုက်ခြင်းကိုထောက်ရှု၍ ဒကာ၊ ဒကာမများအပေါ်ထားရှိသည့် ဆရာတော့်မေတ္တာ ဆရာတော့်ကရုဏာသည် မည်မျှအထိ ကြီးမားလှကြောင်း သိနိုင်ကြမည်ဖြစ်သည်။

ဆရာတော်သည် မည်သူ့ကိုမှ ရန်သူဟုမသတ်မှတ် အာဃာတကင်းကင်းဖြင့်သာ အလုပ်လုပ်လေ့ရှိသည်။ မိမိကို အဓမ္မဖမ်းဆီးထောင်ချ နှိပ်စက်ခဲ့ကြသည့် စစ်ထောက်လှမ်းရေးများကိုပင် ခွင့်လွှတ်ပေးရုံမက စောင့်ရှောက်မှုပင် ပေးခဲ့သည်။
ဆရာတော်အိုးဘိုအကျဉ်းထောင်တွင်ရှိနေစဉ် ဆရာတော်အား ဖမ်းဆီးခဲ့သည့် စစ်ထောက်လှန်းရေးများ၊ စစ်ကြောရေးတွင် နှိပ်စက်ခဲ့သည့် စစ်ထောက်လှမ်းရေးများသည် ဗိုလ်ခင်ညွှန့်အမှုဖြင့် ထောင်နန်းစံလာခဲ့သည်။

ထောင်အတွင်းမှ အကျဉ်းသားများသည် ထောက်လှမ်းရေးများကို တစ်ပြန်လေ့စားချေကြ၏။ ထိုအခါ ဆရာတော်သည် ၀င်ရောက်ထိန်းသိမ်း နားချပေးရ၏။ တရားဟောပေးရ၏။ ဆရာတော်ရှိ၍သာ ထောက်လှန်းရေးပြုတ်များ သက်သာခြင်းဖြစ်၏။ ထောက်လှန်းရေးပြုတ်များသည် အရင်ကရွှေထီးဆောင်ခဲ့သူများပီပီ နန်းကျဘ၀ဖြင့် ထောင်တွင်းရောက်နေသည့်အခါ တရားဓါတ်ခံနည်းပါးသည့်အတွက် လောကဓံ၏ဒဏ်ကို မခံနိုင်ဘဲ ရူးချင်သလို ကြောင်ချင်သလို ဖြစ်နေသည့်အတွက် ဆရာတော်သည်ပင် တရားဟောကာ စိတ်ဓါတ်အာဟာရ တိုက်ကျွေး စောင့်ရှောက်မှု ပေးခဲ့ရ၏။

စစ်ထောက်လှမ်းများနှင့်ပတ်သက်၍ ကိုယ့်ကိုဒီလောက်ဒုက္ခပေးထားတဲ့သူတွေကို မနာဘူးလားဟုမေးမိ၏ “ကိုယ့်ကို ဒုက္ခပေးထားတာမှန်ပေမယ့် သူတို့ဒုက္ခရောက်နေတဲ့အခါမှာ ငါလုပ်လို့ရတယ်ဆိုပြီး ဘယ်လုပ်လို့ဖြစ်မလဲ၊ ဒီလိုသာ သာတဲ့သူကလုပ်နေမယ်ဆိုရင် ကမ္ဘာလောက ကြီးဘယ်ငြိမ်းချမ်းတော့မလဲ၊ နောက်ပြီး ကိုယ်ကသံဃာဆိုတော့ ပိုပြီးသည်းခံရမယ်၊ သဘောထားကြီးရမယ်လေ၊ တပည့်တော်က ဘယ်သူကိုမဆို အမုန်းအာဃာတ မထားပါဘူး။ မူဆလင်တွေကိုလည်း မထားခဲ့ပါဘူး။ တပည့်တော်က မူဆလင်အားလုံးကို တိုက်နေတာမဟုတ်ဘူး။ ကမ္ဘာကြီးကို ဒုက္ခပေးလိုတဲ့ အစွန်းရောက်ဝါဒကို တိုက်နေတာ။ မူဆလင်တွေလည်း သူတို့ဘာသာအရ အေးအေးချမ်းချမ်းနေကြစမ်းပါ။ တပည့်တော် ညီအကိုလို သဘောထားနိုင်ပါတယ်။ သူတစ်ပါးရဲ့ လူမျိုး ဘာသာ သာသနာကို မစော်ကားဘဲ အေးအေးဆေးဆေးနေတဲ့ မူဆလင်တွေနဲ့ ထောင်ထဲမှာတုန်းကလည်း ညီအကိုလိုချစ်ခင်ခဲ့ကြတယ်။ ခုအပြင်မှာဆိုလည်း ခင်မင်နေတာရှိတာပဲ။ ထောင်ထဲမှာတုန်းကဆို ဆွမ်းအမြဲကပ်တာ မူဆလင်ပါပဲ။ တပည့်တော်က မူဆလင်ကိုဆန့်ကျင်နေတာလည်း မဟုတ်ဘူး။ အစ္စလာမ်ကို တော်လှန်နေတာလည်း မဟုတ်ဘူး။ ဘာသာတရားအကြောင်းပြပြီး ကမ္ဘာလူသားတွေကို ဒုက္ခပေးနေတဲ့ လူတစ်စုကို ဆန့်ကျင်နေတာပါ။ အဓမ္မကို တော်လှန်နေတာပဲဖြစ်တယ်။ နောက်တစ်ချိန်မှာ ကမ္ဘာကြီးက ၀ီရသူစေတနာကို နားလည်သွားကြမှာ”ဟု မိန့်တော်မူပါသည်။

ဆရာတော်သည် အမျိုးဘာသာ၊ သာသနာဖြင့်သာ မှတ်ကျောက်တင်သူဖြစ်သည်။ အမျိုးဘာသာ သာသနာကို ထိပါးလာသူကိုသာ တော်လှန်သူဖြစ်၏။ အမျိုးဘာသာ သာသနာကိုထိပါးပါက သံဃာအချင်းကိုလည်း ငဲ့ညှာသူမဟုတ် ဆွေးမျိုးအရင်းကိုလည်း သက်ညှာမည်မဟုတ်ပေ။
အမျိုးဘာသာ၊ သာသနာကို မထိခိုက်ဘဲ မိမိကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်လာပါက ထိုသူများကို အံ့သြဖွယ်ကောင်းလောက်အောင် မာန်မပြဘဲ အညံ့ခံ သည်းခံတော်မူလေ့ရှိသည်ကို ကြည်ညိုဖွယ် လေ့လာသိရှိရသည်။

လူတိုင်းသည် မိမိကိုယ်ကို အချစ်ဆုံးဖြစ်၏။ ထို့ကြောင့် မိမိ၏စည်းစိမ်၊ ရာထူး နာမည်ဂုဏ်သတင်းကို ထိခိုက်လာပါက ကုသိုလ်၊ အကုသိုလ်ပင် မတွေး မဆင်ခြင်တော့ဘဲ မာရ်စွယ်ငေါ့ငေါ့ တုန့်ပြန်ကြဖြစ်၏။
ဆရာတော်သည် မိမိကိုယ်ထက် သာသနာကို ပို၍ချစ်မြတ်နိုးသည့်အတွက်ကြောင့် မိမိကိုယ်စော်ကားထိပါးသမျှ ခန္တီစိတ်ထား ခွင့်လွှတ်နိုင်ခြင်းဖြစ်သည်။

အမျိုးဘာသာ သာသနာကို ထိပါးစော်ကားကြသူများအတွက် ဆရာတော်ဦးဝီရသူသည် မီးလိုလူစားဖြစ်သော်လည်း အမျိုးဘာသာ သာသနာကို မစော်ကားမထိပါး လေးစားသည့်သူများတွက် လ,လိုလူ စားဟု ဆိုရမည်ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါဦးမည်)

ဓမ္မ၀ီရ ဒေါက်တာတေဇနိယ
အောင်ဇေယျတုဂျာနယ် အမှတ်(၁၄၆)

Dhammavira Ashin


No comments:

Post a Comment